ကိုသန်းလွင် – မြန်မာပြည်မှ ခရီးလမ်းပမ်းပြဿနာများ

မက်ဆင်ဂျာဂျာနယ်မှ ဓာတ်ပုံ၊

ကိုသန်းလွင် – မြန်မာပြည်မှ ခရီးလမ်းပမ်းပြဿနာများ

(မိုးမခ) ဇန်န၀ါရီ ၅၊ ၂၀၁၆
(၁)

ကျွန်တော်တို့ လေယာဉ်သည် ပြည်လုံးကျွတ် အထွေတွေ ရွေးကောက်ပွဲအပြီး တလတိတိအကြာ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်ပါသည်၊ လူဝင်မှုကြီးကြပ်ရေးကောင်တာကို ဖြတ်ရသည်မှာ လျှောလျှောရူရူ အဆင်ပြေလှပါသည်၊ အကောက်ခွန်အတွက် ပစ္စည်းတွေစစ်ဆေးရာ နေရာရောက်တော့မှ ပြဿနာတက်တော့သည်။

လေဆိပ်အကောက်ခွန်ဌာန၏ စည်းကမ်းချက်မှာ ခရီးသည်အားလုံး၏ အိတ်တွေအားလုံးကို အိတ်စရေး (X-Rays) စက်ထဲသို့ ဖြတ်ရန်ဖြစ်သည်၊ ခရီးသွားသူသည် တစ်ဦးတည်းဖြစ်ပါက မိမိအိပ်ကို မိမိဖါသာ စက်ပေါ် တင်ပြီး၊ စက်မှအထွက်တွင် မိမိဖါသာကောက်ယူရသည်၊ မိမိအိတ်ကို မိမိ မ မနိုင်ဘူးဆိုလျင်သော်၎င်း၊ အဖေါ်မပါလျင်၎င်း ပြဿနာတက်ပြီ။

စက်ကနှစ်လုံးတည်းသာရှိရာ လေယာဉ်တစ်စီးလုံးက ခရီးသည်များ စုစုပေါင်းလိုက်တော့ လိမ်ကောက်နေသော အတန်းနှစ်တန်းဖြစ်လာသည်၊ ထိုသို့တန်းစီရန်အတွက်စီစဉ်နေရာ အရံအတားချထားခြင်းမရှိ၊ မိမိဖါသာဦးသူ နေရာရ စီချင်သလိုစီကြသည်၊ “ငါတို့ကမန္တလေးအထိသွားရမှာဟေ့ နေရာမပေးနိုင်ဘူး”ပာု အော်နေသံကြားရ သည်၊ ကျွန်တော်တို့ရှေ့ကကျောင်းသားလေးနှစ်ယောက်မှာ တန်းရှေ့ထဲသို့ ၀င်လိုပာန်မတူ၊ သူတို့ပိတ်နေ သောကြောင့် ကျွန်တော်တို့သည် နေရာကို အတည်တကျ မရနိုင်ဖြစ်နေသည်။

အိတ်စရေးဖြတ်ပြီးခါမှ ပြဿနာတက်လာပြန်သည်၊ စက်ကြည့်နေသူ ၀န်ထမ်းကထလာပြီး ဒီအိတ်၊ ဒီအိတ်တွေ စစ်ဆေးရမည်ပာု ကျွန်တော်တို့ အိပ်သုံးလုံးကို ဆွဲချပါသည်၊ ဇနီးဖြစ်သူမှာ ပျာလောင်ခတ်စွာဖြင့် အိတ်သုံးလုံး ကိုဆွဲပြီး ပါသွားသည်၊ ကျွန်တော်က ဖရိုဖရဲ ကျန်ရစ်သော အိတ်တွေကိုစုပြီး တွန်းလှည်းပေါ်မှာတင်ရသည်။

ကျွန်တော်ဇနီးဖြစ်သူမှာ စူပရာဒင်းခြောက်ဘူး အိတ်ထဲမှာပါလာသဖြင့် ဖြေရှင်းနေရလေသည်၊ ဤဗီတာမင် ဆေးဘူး များမှာ မှတ်ပုံတင်ထားမှ တင်သွင်းရသော ဆေးဘူးများဖြစ်သည်၊ သည်အတိုင်းတင်သွင်းခွင့်မရှိပာုဆို သည်။

အကောက်ခွန်ဌာန၏ တာဝန်မှာ နိုင်ငံအတွင်းသို့ မလိုလားအပ်သော ပစ္စည်းများဝင်မလာအောင် တားဆီးရန်နှင့် ၀င်လာသော ပစ္စည်းများအတွက် အကောက်ခွန် ငွေကောက်ခံရန်၊ တနည်းဆိုသော် တိုင်ပြည်ဘဏ္ဍာငွေကို မထိခိုက်စေရန် ဖြစ်ပါသည်။

နေ့စဉ်ဝင်လာနေကြ ခရီးသည်များသည်နိုင်ငံသို့ ပမာဏမည်မျှရှိသော အကောက်ခွန်ငွေများ ပေးဆောင်ထိုက် သောပစ္စည်းများကို သယ်ဆောင်လာကြသည်ပာု ကျွန်တော်မသိပါ၊ ဤဌာနတွင် ခရီးသည်မည်မျှ၌ အကောက် ခွန် မည်မျှ ကောက်၍ရသည်ဆိုသော စာရင်းဇယားများ ရှိကောင်းရှိပါလိမ့်မည်၊ သို့ပါသော်လည်း ၀င်လာသမျှ ခရီးသည် အားလုံးအား ဤမျှရုပ်ပျက်ဆင်းပျက်ဖြစ်အောင် မဆောင်ရွက်သင့်ပာု ကျွန်တော်ထင် ပါသည်၊ ပထမ တန်းစီရန် နေရာအလုံအလောက်ကြိုးနှင့် ရံတားပြီးသားရှိသင့်သည်၊ စက်အရေအတွက်မှာ နှစ်လုံးထက်ပိုရှိသင့် သည်၊ သို့မပာုတ် တခြားလေဆိပ်များကဲ့သို့ Channel နှစ်ခုခွဲပြီး Green Channel မှဖြတ်လာသူများကို ရွေးကောက်သာ စစ်ဆေးဘို့ကောင်းပါသည်။

(၂)

ကျွန်တော်သည် ရန်ကုန်မန္တလေး အမြန်လမ်းမကြီးအတိုင်း မန္တလေးသို့တက်ခဲ့သည်၊ လမ်းကြေးနှင့် မြို့ဝင်ကြေးဂိတ်တွေကိုဖြတ်ရသည်၊ ပိာုက်ဝေးမှာ ဂိတ်ကြေးပေးရတာကို ကျွန်တော်နားလည်ပါသည်၊ သို့ပါသော်လည်း ဤခရီးစဉ်တကြောင်းထဲအတွက် ၁၁၅မိုင်မှာ ဂိတ်တခု၊ နေပြည်တော်မှာဂိတ်တခု၊ မိတ္ထီိလာမှာဂိတ်တခု၊ ဖြစ်နေတာကို ကျွန်တော်နားမလည်နိုင်၊ တောက်လျောက် ခရီးသွားသူကို အနှောင့် အယှက်ကင်းစေရန် လမ်းမကြီးကို ဘေးမှ ဖောက်ဝင်သူ ဖောက်ထွက်သူတွေအတွက်ကိုသာ ဂိတ်ရှိသင့်သည်။

ရန်ကုန်ဂိတ်အ၀င်မှာသွားမည့်မြို့ကိုမေး၍ ဂိတ်ကြေးကိုတခါတည်းသာ တောင်းသင့်ပါသည်၊ လမ်းမကြီးမှ မိတ္ထီိလာတွင်ထွက်လျင် အထွက်ဂိတ်ကသူပေးခဲ့သော လမ်းကြေးကို စစ်ဆေးနိုင်ပါသည်၊ ရန်ကုန်မှ မန္တလေးသို့ မောင်းလာသောကားကို အ၀င်နှင့်အထွက် နှစ်ကြိမ်ဘဲ ဂိတ်ကို ဖြတ်ခိုင်းသင့်ပါသည်။

မြို့ဝင်ကြေးဆိုသည်ကိုတော့ ဘယ်လိုကောက်နေကြသည် ကျွန်တော်မသိ၊ ၀ါးလုံးတန်းထားပြီဆိုသည်နှင့် ကားကိုရပ်ပေးရသည်၊ တခါတရံစွတ်ကျယ်နှင့် တခါတရံအပေါ် အ၀တ်အစားပင်မပါ၊ ထိုကလေးများကတောင်း သော ပိုက်ဆံကို တောင်းသမျှ ကျွန်တော်တို့ ပေးကြရသည်၊ တခါတရံ ကောက်ထားသောပိုက်ဆံတွေ ကို ခေါက်ခါ လက်ကြားမှာ ညှပ်ထားတာတွေလည်းမြင်ရဘူးသည်၊ ကျွန်တော်တို့ပေးလိုက်သော ပိုက်ဆံကို ထိုမြို့ ကြီး စည်ပင်သာယာ တိုးတက်ရေး၊ ရံပုံငွေထဲသို့ ဘယ်သို့ရောက်ရသည်ကို ကျွန်တော်တို့မသိနိုင်၊ မရောက်ဖူး ဆိုလျင်လည်းအံ့သြ စရာမရှိပါ၊

ဘုတလင်တွင် မြို့ဝင်ကြေးပာူ၍ ၅၀၀ကျပ်ပေးလိုက်ရသည်၊ တခြားမြို့တွေမှာ ၁၅၀၊၂၀၀ ထက်မပိုပါ၊ မုံရွာတွင် မြို့ရှောင်လမ်းက မောင်းခဲ့သည့်တိုင် မြို့ဝင်ကြေးပေးလိုက်ရမြဲပင်၊ ကျွန်တော်တို့သည် ထို ထိုသောဂိတ်များမှ လူအုပ်စုနှင့် ရန်မဖြစ်ရဲပါ၊ အရိုက်ခံရသူတွေ ရုံးရောက် ဂါတ်ရောက် ဖြစ်ခဲ့ကြရသည့် ပုံပြင်များကို ကျွန်တော်တို့ ကြားရဖူးသည်။

ခရီးသွားများစိတ်အေးချမ်းသာ ခရီးသွားနိုင်ရေးအတွက် ပိုက်ဆံတောင်းသော ထိုမြို့ဝင်ဂိတ်များ မရှိသင့်တော့ပါ၊ မြို့ဖွံ့ဖြိုးရေး ရံပုံငွေကို ကားပိုင်ရှင်များမှ တောင်းရန် အခြားအစီအစဉ်များကို ချမှတ်သင့်ပါသည်၊ ကျွန်တော်တို့ပေး လိုက်သောပိုက်ဆံ ကို အများကောင်းကျိုးအတွက်သာ အသုံးချသင့်ပါသည်၊

(၃)

အဆိုးဆုံးမှာ ရန်ကုန်ပြန်ရောက်တော့ရန်ကုန်မှာကားတွေ ဒင်းကြမ်းပြည့်နေခြင်းပင်၊ တက္ကစီ ဆရာတစ်ယောက် ကပြောသည်၊ “ဆရာရယ် ကျွန်တော်တို့ ဒီကားကြပ်တဲ့ ပြဿနာတွေ တွေ့ကြုံနေရတာ နှစ်နှစ် သုံးနှစ် ရှိနေပြီ၊ အစိုးရမှာ ဖြေရှင်းဘို့ Plan တွေရှိရဲ့လား ဘယ်တော့မှ ဒီပြဿနာပြေလည်မှာလဲ “ ပာုမေးသည်။

မြို့တော်စည်ပင်သာယာအဖွဲ့မှာ အနှစ်၃၀ မြို့တော် Plan ဆိုသည်ကိုကြားလိုက်ရဘူးသည်၊ သူတို့မှာ Master Plan တွေရှိကောင်းရှိပါလိမ့်မည်၊ ဒီဇင်ဘာလ ၂၃ ရက်ညနေ ၃:၀၀နာရီမှာ ကျွန်တော်တို့သည် အနော်ရထာ လမ်းမကြီးအတိုင်း အနောက်ဘက်သို့ မောင်းလာကြသည်၊ လမ်း၄၀မှာကားပိတ်မိနေသည်၊ ဘေးဘီမှာ ကားတွေ ရှေ့လည်းတိုးမရ၊ နောက်ကိုလည်း ဆုတ်မရ၊ ဘေးကိုလည်းမထွက်နိုင် ကားပေါ်ကဆင်းပြီး ရှေ့ကို လျှောက် ကြည့်တော့ မီးပွိုင့်မီးကနီနေသည်၊ နီမြဲနီနေသည်မှာ မိနစ်၄၀ အနည်းဆုံးရှိမည်။ ကျွန်တော်တို့သည် ထိုမိနစ် ၄၀ တလျောက်လုံး စိတ်ဆင်းရဲခြင်း ကြီးစွာဖြင့်ကားပေါ်မှာ ငုတ်တုတ်ထိုင်နေခဲ့ရပါသည်၊ အရေးတကြီး ကိစ္စရှိ၍ လာမိပြိဆိုလျင် ဥပမာ လေဆိပ်သွားတုန်း ဒီလိုပိတ်မိလျင် မခက်ချေပြီလော။

စင်္ကာပူတွင် ဘယ်မီးပွိုင့်ကိုမှ ဖြတ်စရာမလိုဘဲ တောက်လျှောက်မောင်းသွားနိုင်သော ပိာုက်ဝေးကြီး ၁၀ခု ရှိပါသည်၊ မြို့ကို တောင်နှင့်မြောက် အရှေ့နှင့်အနောက် ဥဒဟိုသွားနိုင်ကြပါသည်၊ MRT ခေါ်မီးရထားစနစ် ကလည်း နေ့စဉ်လူတွေကို သန်းချီ၍ မိမိလိုရာခရီးကို ရောက်အောင်ပို့ပေးနေသည်၊ အဲယားကွန်း ၊ဘတ်(စ်) ကား ခရီးစဉ်များမှာလည်း မြို့တွင်နေရာ အနှံ့ရှိသည်၊ ထိုအနေအထားရောက်အောင် အနည်းဆုံး အနှစ်၂၀ တော့အချိန်ယူရပါသည်၊ လူတို့၏ ခရီးသွားလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အချိန်ယူရပါသည်၊ Master Plan ကို ချမှတ်ပြီးမှ ပေါ်ပေါက်လာသော တက်(ခ)နိုလိုဂျီ နှင့် အလိုက် ပြောင်းလဲနေကြပါသည်၊ မြေအောက်မှာ လမ်းဖောက် ထားတာရှိသည်၊ ရေစီးနေသောမြစ်ကြီးအောက်မှာ လမ်းဖောက်ထားတာလည်း ရှိသည်၊ အမြင့်တွင် တည်ဆောက်ထားသော မိုးပျံကားလမ်းတွေလည်းရှိသည်။

ပီကင်းမြို့တော်ကြီးတွင် မြို့တပတ် အ၀ိုင်းသဏ္ဍာန်ဖောက်ထားသော မြိုပါတ်လမ်းအဆင့်ဆင့်ကို တွေ့နိုင်ပါသည်၊ တန်ကျင်မြို့တွင် မြို့အ၀င်မှစ၍ မြို့တော်အဆုံးထိ ဖောက်လုပ်ထားသော မိုးပျံလမ်းကိုတွေ့ခဲ့ဘူးသည်။

ဗိုလ်ဆွန်ပက်လမ်းပေါ်တွင် အစိုးရပိုင် လေးထပ်အဆောက်အဦးတခုဖျက်ချနေတာ ကိုတွေ့ရသည်၊ ပုဂ္ဂလိက သို့ အနှစ်၅၀ ငှားရန်း လိုက်သည်ဟုဆိုသည်၊ ဟောင်းနေသော ထိုအဆောက်အဦးကို ဖြိုချကာ အများပြည်သူ အသုံး ပြုနိုင်သော Multi Story Carpark တခုအဖြစ်ပြောင်းလဲလျင် ရန်ကုန်မြို့၏ ကားကြပ်ခြင်း ပြဿနာကို ပြေလည်သက်သာစေပါလိမ့်မည်၊ နောက်ဆောက်သမျှဟော်တယ်ကဲ့ သို့သော အဆောက်အဦးများတွင် မြေအောက် ကား ပါတ်ကင်းများ ထည့်သွင်း ဆောက်လုပ်သင့်ပါသည်၊ ရန်ကုန်မြို့တော်ကြီး downtown ဧရိယာ တွင် လမ်းဘေးမှာ ကားမရပ်ရအောင် ကားပါတ်ကင်း အသစ်များကို နေရာအနှံ့ တည်ဆောက်ပေးရပါမည်၊ ဗိုလ်ဆွန်ပက်လမ်းတွင်ကျွန်တော်တွေ့ခဲ့ရသော တိုက်အိုကြီးပေါင်းများစွာ နေရာအနှံ့မှာရှိသည်ဟုကျွန်တော် ယုံကြည်ပါသည်၊ သို့ဆိုလျင် ရန်ကုန်မြို့တော် downtown ဧရိယာအတွက် ကားကြပ်ခြင်းပြဿနာမှ ကင်းဝေးသွားပါလိမ့်မည်၊

ကျွန်တော်မြင်ခဲ့သော လမ်းတကာတွင်ဘေးမှာတဖက်တချက်ကား ၂ တန်းစီပြီ ရပ်ထားကြသောအခါ ကားနှစ်စီး ရှောင် သာရုံ အလယ်မှာလမ်းကလေး ကျန်ပါသည်၊ ရန်ကုန်က ကားအစီးရေ နှင့်ဆိုသော် ထိုလမ်းများသည် ကား မကြပ်ဘဲမနေနိုင်ပြီ၊ ပြုပြင်ရေး စီစဉ်သူများသည် ထိုကားများ အတွက် ကားရပ်ရန် နေရာ ကို အလုံအလောက်စီစဉ်ပေးရပါမည်၊ အောက်က မညီညာ လှိုင်းထနေသော ကတ္တရာလမ်းမှာ မြို့တော်၏ဂုဏ် အင်္ဂါကို ထိခိုက်စေသည်၊

ကမ်းနားလမ်းနှင့် သိမ်ဖြူလမ်းထောင့်မှာ မီးပွိုင့် မရှိ၊ မောင်းသူအချင်းချင်း ကား၏အရိပ်အကဲကို ကြည့်ခါ တိုးဝှေ့မောင်းကြရသည်၊ မီးပွီုင့် တည့်တည့်ဖြတ်ရန်အရေးကို ညာကွေ့၊ U-turn လှည့်ခါ ညာပြန်ကွေ့သည့် တက္ကစီကိုလည်းစီးခဲ့ရဘူးသည်၊ မြို့ပါတ်လမ်းတနေရာတွင် ယူနီဖေါင်းအဖြူဝတ် ယဉ်ထိမ်းရဲများ လမ်းဟိုဘက် သည်ဘက်ကူးခါ လာသမျှကုန်ကားနှင့် ဘတ်(စ)ကားများထံမှ ပိုက်ဆံ တောင်းနေတာကို တွေ့ခဲ့ရသည်၊

ကျွန်တော်သည် ပုဂံတခေါက်ရောက်ဖူးသည်နှင့် မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အကြောင်း ဝေဖန်သူလိုဖြစ်နေ သည်၊ မြစေတီကျောင်စာ ဆောင်းပါးကိုဖတ်ပြီး မြန်မာစာ၏အစကို ဆွေးနွေးသူ လိုဖြစ်နေသည်၊ ရက်သတ္တ တပါတ်အတွင်းကျွန်တော်မြင်ခဲ့ရသော ပြဿနာများမှာ မျောနေသော ရေခဲတုံးကြီး၏ ထိပ်ပိုင်း အပိုင်းအစ ကလေး တခုမျှသာဖြစ်ပါ၏၊ သို့သော် ကျွန်တော်သည် စနစ်တခုကို ဖေါ်ပြနေခြင်းမဟုတ်၊ စနစ်၏ ယိုယွင်း ပျက်စီးနေခြင်း ကို သာပြောလိုခြင်းဖြစ်ပါသည်၊ ပြဿနာရှိသည်ဆိုခြင်း ကိုအာဏာပိုင်များသိပါမှ အဖြေကို ရောက်နိုင်ပါလိမ့်မည်၊ ကားမောင်းသူများ၏ အမြဲကြုံ ကြရသော နေ့တဓူဝ ဒုက္ခကို ကျွန်တော်မြင်ခဲ့ရခြင်း ဖြစ်ပါသည်၊

ယနေ့ဒီဇင်ဘာလ ၂၉ ရက်နေ့ထုတ် သတင်းစာများတွင် နယူးဒေလီမြို့တော်ကြီး၌ ကားများကို ဇန်န၀ါရီ ၁ ရက်မှ ၁၅ ရက်နေ့အထိ တနင်္ဂနွေနေ့ နံနက် ဂ နာရီမှ ည ဂနာရီမှအပ နံပါတ်၊ စုံတလှည့် မတလှည့်သာ လမ်းများပေါ်တွင်မောင်းခွင့်ပေးမည့် စမ်းသပ် အစီအစဉ်ကိုကျေညာသည်၊ ထိုသို့သော အစီအစဉ်ကို ပဲရစ် ကဲ့သိုသော မြို့ကြီးများတွင်စမ်းသပ်ဖူးသည်၊ အိန္ဒိယမှ အစီအစဉ်မှာ ချွင်းချက်များကို လူတွေက မနှစ်မြို့ကြ၊ သူတို့က အမျိုးသမီး ဒရိုက်ဘာ၊ ကက်ဘိနက်ဝန်ကြီးများ မော်တော်ဆိုင်ကယ်များကို ကင်းလွတ်ခွင့်ပေးထား သည်၊

(၄)

အာဏာပိုင် ပုဂ္ဂိုလ်များနှင့် နိုင်ငံတော်အစိုးရသည် ပြည်သူအများစိတ်ချမ်းသာ ခရီးသွားနိုင်ရေးအတွက် ပေါ်လစီ နှင့်အစီအစဉ်များကို ချမှတ်ပေးရန် လိုအပ်ပါသည်၊ ထိုအစီအစဉ်များကိုချမှတ်ရာတွင်လည်း ပြည်သူတို့ ၏ လိုအပ်ချက် နှင့် ပြည်သူတို့၏ အကြံပြုချက်များကို နားထောင်ကြရပါမည်၊ ထိုစီမံကိန်းများအတွက် ရံပုံငွေ ဆိုသည် ကို အသာထား၍ နိုင်ငံတော်အတွက် တာဝန်ရှိသူများက အစီအစဉ်တွေချမှတ်နေကြသည် ဆိုလျင်ပင် ယခုလို အဆုံးမရှိသော ပြဿနာတခု အဖြစ် ပြည်သူလူထု၏ အမြင်သံသယကို ဖယ်ရှားနိုင်ပါလိမ့်မည်၊

ကိုသန်းလွင်