Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – KBZ Stirling Coleman Securities မှ ရန်ကုန်စတော့အိတ်ချိန်းတွင် လုပ်ငန်းများစတင်ရန် မိတ် ဆက်ပွဲကျင်းပ

ရန်နောင် (ဗိုလ်တထောင်) – KBZ Stirling Coleman Securities မှ ရန်ကုန်စတော့အိတ်ချိန်းတွင် လုပ်ငန်းများစတင်ရန် မိတ် ဆက်ပွဲကျင်းပ

(မိုးမခ) ဒီဇင်ဘာလ ၁၆၊ ၂၀၁၅

မြန်မာနိုင်ငံ၌ ပထမဆုံးဖွင့်လှစ်လိုက်သည့် ရန်ကုန်စတော့အိတ်ချိန်းတွင် မြန်မာနိုင်ငံမှ ကမ္ဘောဇကုမ္ပဏီများအုပ်စုနှင့် စင်္ကာ ပူနိုင်ငံ Stirling Coleman Securities Co.ltd.; တို့ အကျိုးတူပူးပေါင်းထားသည့် KBZ Striling Coleman Securities Co;LTD. (KBZ SC Securities) ၏လုပ်ငန်းစဉ်များမိတ်ဆက်ပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ရှိ ဆူးလေ ရှန်ဂရီလာဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက်  KBZ SC Securities မှ အုပ်ချုပ်မှုဒါရိုက်တာ Mr. Rudolf Rolles နှင့် ဌာနတာဝန်ခံများ ဖြစ်ကြသော Mr. Yap Yeong Keen, Mr. Ang Lian Kiat နှင့် ဒါရိုက်တာ ဦးဇော်လင်းအောင်တို့မှ လုပ်ငန်းစဉ်များကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြသခဲ့သည်။

ထို့နောက် တက်ရောက်လာသော စီးပွားရေးလုပ်ငနှ်းရင်များ၊ စတော့ရှယ်ယာတွင် ရင်းနှီးမြှပ်နှံလိုသူများက မေးမြန်းသည် များကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြသည်။

ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ကနဦးအနေဖြင့် မြန်မာ Listing Company (၆) ခုမှ ငွေချေးသက်သေခံလက်မှတ်များကို ရန်ကုန်စတော့အိတ်ချိန်းတွင် ရောင်းချရန်စီစဉ်လျက်ရှိပြီး ယင်းတို့ ကို တာဝန်ခံရောင်းချရန် Underwriter  Company (၁၀) ခုကို ပဏာမအဖြစ် ရွေးချယ်ထားပြီး  ဖြစ်သည်။ ယင်း Company (၁၀) ခုတွင် KBZ Securities  တခုတည်းသာ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိထားပြီး ကျန်ရှိသော Company များမှာလည်း လိုင်စင်ရရှိရေးအတွက် လိုအပ်ချက်များကို ဆက်လက် ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိပါသည်။

အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က ပြောကြားရာတွင် `ကမ္ဘောဇကုမ္ပဏီများအုပ်စုအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးတွင် အဓိကကျသော ငွေကြေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုအရေးထား ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ ပုဂ္ဂလိကဘဏ်လုပ်ငန်းနှင့် ပုဂ္ဂလိကအာမခံလုပ်ငန်းတို့တွင် ဈေးကွက်ဝေစု အများဆုံးဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအရေးပါသော ငွေကြေးအရင်းအနှီးဈေးကွက်လုပ်ငန်းဆိုင်ရာဖြစ်သည့် ရန်ကုန်စတော့အိတ်ချိန်း၏ ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရေးတွင်လည်း ပါဝင်ဆောင်ရွက်နိုင်ရန် အင် တိုက်အားတိုက် ပြင်ဆင်ဆောင်ရွက်ခဲ့ရာ မြန်မာ့စတော့ရှယ်ယာ ဈေးကွက်သမိုင်းတွင် ငွေချေးသက်သေခံလက် မှတ် များ ကို တာဝန်ခံရောင်းချပေးမည့် ပထမဆုံးသော Underwriter Company အဖြစ် တရားဝင်လိုင်စင်ရရှိခဲ့ကြောင်း၊ ရန်ကုန် စတော့အိတ်ချိန်း Listing Company များ၏ အရင်းအနှီးတိုးမြှင့်ရေး ပြည်သူပြည်သားများမှ ရှယ်ယာများ ဝယ်ယူပြီး စီးပွားရေးမြှပ်နှံမှုများပြုလုပ်ရေး စသည်တို့အတွက် တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

KBZ Securities ၏ လုပ်ငန်းများကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Strand Square (ယခင် နိုင်ငံတော် ခြောက်ထပ်ရုံး) တွင် ရုံးခန်းဖွင့်လှစ်၍ လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်းလည်း ထပ်မံသိရှိခဲ့ရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts