ကဗျာ သစ်ကောင်းအိမ်

သစ်ကောင်းအိမ် – အမှိုက်များ

 သစ်ကောင်းအိမ် – အမှိုက်များ
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၅
သပိတ်တလုံးစွပ်
ကောက်ရိုးကို နံရိုးလုပ်ပြီး
ပြောင်စပ်စပ်မျက်နှာနဲ့
ငါရပ်နေတဲ့
လယ်ကွင်းထဲက
အမှိုက်တွေကို လာကောက်ပေးပါ
ငါ့ဦးခေါင်းကို ဖင်ခုထိုင်နေတဲ့
ဆံပင်တွေကို လာကောက်ပေးပါ

ငါ့ခန္ဓာပေါ် ဝတ်ဆင်ထားတဲ့
အဝတ်အစားတွေကိုလည်း လာကောက်ပေးပါ

ငါ့အိမ်ခေါင်မိုးပေါ်လာထိုးနေတဲ့
ငှက်ဆိုးအော်သံတွေကို
လာကောက်ပေးပါ

ငါ့သွေးကြောထဲ
လန့်နှိုးနေတဲ့
ပိုးမျိုးခြောက်ဆယ်ကိုလည်း
လာကောက်ပေးပါ

ငါ့ပတ်တီးအထပ်ထပ်ကိုလည်း
လာကောက်ပေးကြပါ။ ။

(ဒီဇင်ဘာ။ ၁၃။ ၂၀၁၅)
(၁၂။ ဒီဇင်ဘာ။ ၁၃)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts