သတင်းဆောင်းပါး ဇော်အောင် (မုံရွာ)

ဇော်အောင်(မုံရွာ) – ကမ္ဘာ့ ဈေး အ ကြီး ဆုံး အင် တာ နက် မြန် မာ နိုင် ငံ မှာ ရှိ နေ သည်


ဇော်အောင်(မုံရွာ) – ကမ္ဘာ့ ဈေး အ ကြီး ဆုံး အင် တာ နက် မြန် မာ နိုင် ငံ မှာ ရှိ နေ သည်

(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၅

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် တယ်လီနောနဲ့အိုရာဒူး မိုဘိုင်းအော်ပရေတာနှစ်ခု တင်ဒါစနစ်နဲ့ပွင့်လင်းမြင်သာစွာ ရွေးချယ်ခဲ့ပါတယ်။ တာဝါတိုင်များ အမြန်ဆုံးဆောက်ကြပါတယ်။ ဆက်သွယ်ရေးကော်ပိုရေးရှင်းနဲ့ခရိုနီများ ကြီးစိုးထားတဲ့ မိုဘိုင်းဖုန်းလောကို (၂)နှစ်အကြာမှာ မှောက်လှန်ပစ်လိုက်ပါတော့တယ်။ မိုဘိုင်းဖုန်းတစ်လုံး ကျပ် ၅သိန်းတန်ဖိုးကနေ ကျပ်၁၅၀၀ တစ်ထောင့်ငါးရာမေတ္တာ အဖြစ်သို့ရောက်သွားပါတယ်။

ထုံးစံအတိုင်း လူတွေမိုဘိုင်းဖုန်း ရလာတော့ ဖုန်းပြောခထက် အင်တာနက်ဖေ့ဘုတ်၊ ဗိုက်ဘာ စတဲ့ အင်တာနက်ဒေတာ ကုန်ကျစရိတ်များလာပါတော့တယ်။ တနည်းအားဖြင့် ဖုန်းထဲပိုက်ဆံထည့်လိုက် စားသွားခံရလိုက်..နောက်ဆုံး ..မစားမသောက်ရပဲ၊ အလုပ်လုပ်ရတဲ့ပိုက်ဆံ မိုဘိုင်းဖုန်းနဲ့ကုန်သွားတာမျိုး ဝမ်းနည်းစရာဖြစ်လာပါတယ်။ ဒါကတော့ တစ်ဦးချင်း လုပ်ဆောင်ရမယ် ဆိုတာထက် နိုင်ငံတော်အစိုးရကလည်း တတ်နိုင်သလောက် ကြားဝင်ထိန်းဖို့လိုပါမယ်။ မီဒီယာအားဖြင့် လူတွေ ဖုန်းဖိုး ချွေတာရေးလုပ်ကြဖို့ အထူးလိုအပ်ပါတယ်။

ဒီအကြောင်း တာဝါတိုင်ဆောက်လုပ်ခြင်း ဆောင်းပါးမှာ အနည်းငယ်ရေးခဲ့ပါပြီ။ ဆက်ပြီးရေးဖို့လိုပါတယ်။

အခု ဒီဆောင်းပါးကတော့ မြန်မာနိုင်ငံအင်တာနက်ကို အထင်မသေးကြတော့ဖို့ ပြည်တွင်းမြန်မာများ၊ ပြည်ပရောက်မြန်မာများကို သိသမျှ ပတ်ဝန်းကျင်နိုင်ငံများနဲ့ နှိုင်းယှဉ် ရေးသားလိုပါတယ်။
လိုင်း ဖုန်း နဲ့အင် တာ နက်

စင်ကာပူမှာ Unlimited Home Internet ကို SinTel, Starhub, M1 ဆိုတဲ့ အော်ပရေတာ (၃)ခုထံက ယူနိုင်ပါတယ်။ တစ်လကို ကန်ဒေါ်လာ ၃၀ လောက်နဲ့ အိမ်တိုင်း ဝိုင်ဖိုင်အခမဲ့ ဒေတာ ကြိုက်သလောက်ယူနိုင်ပါတယ်။ အလုပ်ရုံ ရုံးခန်းအများစုမှာလဲ ဝိုင်ဖိုင်ရပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်းက ဒေတာဒေါင်းလုပ်ခြင်းကို စင်ကာပူနိုင်ငံမှာ ရှောင်ရှားကြပါတယ်။ မိုဘိုင်းဖုန်းမှာတော့ တစ်လ ဒေါ်လာ ၄၀ လောက်ကုန်တယ်ဆိုပေမဲ့ ဒေါင်းလုပ်ရင် ပိုက်ဆံပိုပေးရလို့ မိုဘိုင်းဖုန်းကိုင်ဆောင်သူများ ဒေါင်းလုပ်စရာရှိရင် ကိုယ့်အိမ်ပြန်ပြီး ဒေါင်းလုပ်ကြပါတယ်။ ရထား၊ဘတ်စကား စီးရင်း ဗီဒီယိုကြည့်မယ်ဆိုရင် ကိုယ့်အိမ်၊ ကိုယ့်ရုံး အင်တာနက်ဝိုင်ဖိုင်နဲ့ ဒေါင်းလုပ်ထားပြီးမှာ ခရီးသွားတဲ့အခါမှ ထုတ်ပြီးကြည့်လေ့ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ အိမ်မှာ ဝိုင်ဖိုင်တပ်ဖို့ တော်ရုံလူမတတ်နိုင်ပါဘူး။ နံပါတ်(၁) အိမ်တယ်လီဖုန်း ရှိရပါတယ်။ အိမ်တယ်လီဖုန်းတပ်ဆင်ရင် အနည်းဆုံး ကျပ်(၄)သိန်းလောက် ပေးရပါတယ်။ အိမ်တယ်လီဖုန်းတပ်ပြီးမှ တလကို ကျပ်(၃)သောင်း (US$25 per month) ပေးရတဲ့ အင်တာနက်လိုင်းကို တပ်ဆင်ရပါတယ်။ အဲဒီ အင်တာနက်မိုဒမ် တပ်ဆင်ခကျပ်၃သိန်းလောက် ထပ်ပေးရပြန်ပါတယ်။ လစဉ်တော့ တစ်လကို ကျပ်(၃)သောင်းအနည်းဆုံး ပေးရပါတယ်။ ဒီတော့မှ ကိုယ့်အိမ်မှာ ဝိုင်ဖိုင် ရပါတော့တယ်။

ပိုပြီးမြန်ဆန်တဲ့ ဝိုင်ဖိုင် လိုချင်ရင် ရန်ကုန်မှာအမြန်ဆုံးလိုင်းကတစ်နှစ် ကျပ်တစ်သိန်း (US$100 per month) ပေးရပါတယ်။ မြန်မာ့တယ်လီကွမ်း (အမ်ပီတီ MPT) မှာပဲ ဝယ်လို့ရပါသေးတယ်။ တယ်လီနောနဲ့ အိုရာဒူး တွေကတော့ လိုင်းဖုန်း မရောင်းသေးပါဘူး။ ဒါကြောင့် လိုင်းဖုန်းဈေးတွေ ဈေးကြီးနေဆဲ ဖြစ်ပါတယ်။

ဈေး အ ကြီး ဆုံး

ဒါကြောင့် အခုအချိန် ၂၀၁၅ မှာတော့ မိုဘိုင်းဒေတာ အင်တာနက်ကိုပဲ သုံးရတဲ့အတွက် အင်တာနက်သုံးခ အလွန်ဈေးကြီးနေပါတယ်။ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး အင်တာနက်လိုင်း ဖြစ်နေဆဲပါပဲ။

ကောင်းတဲ့ အင်တာနက်ဝန်ဆောင်မှုကတော့ Data On အတွက် အခမဲ့ပေးထားခြင်းပါ။ ဒါကြောင့် GPS ကို အခမဲ့နီးပါး သုံးနိုင်ပါတယ်။ မိမိဘယ်နေရာမှာ ရောက်နေသလဲဆိုတာကို ဂူဂယ်မြေပုံ Google Map နဲ့အလွယ်တကူ သိနိုင်တော့ အကျိုးရှိပါတယ်။ မြန်မာနိုင်ငံလို ကျယ်ပြန့်တဲ့နိုင်ငံမှာ ကားမောင်းသွားရင် ဂျီပီအက်စ် အကျိုးရှိစွာ သုံးနိုင်နေပါပြီ။

မနှစ်က Data On လုပ်လိုက်တာနဲ့ အော်တိုဒေါင်းလုပ် ပရိုဂရမ်တွေ ဝင်လာပြီး၊ ဖုန်းထဲကပိုက်ဆံတွေ စားသွားခံရလို့ မြန်မာ့ဆက်သွယ်ရေးမိုဘိုင်းဖုန်း သုံးပြုသူများ မမေ့မလျော့ အင်တာနက်သုံးပြီးရင် Data Off လုပ်ထားရပါတယ်။ မေ့ပြီး Data On တစ်နာရီလောက်လုပ်ထားရင် ဖုန်းထဲထည့်ထားတဲ့ ပိုက်ဆံတွေ ကုန်သွားအောင် စားခံရပါတယ်။ အခုတော့ တယ်လီနော၊ အိုရာဒူး မိုဘိုင်းများက Data On လုပ်ရုံနဲ့ ငွေမကုန်တော့ အမ်ပီတီကလဲ ဒါမျိုး ငွေညစ်ယူတာမျိုး မလုပ်တော့ပါဘူး။

လက်ရှိအခြေအနေမှာ မိုဘိုင်းဈေးကွက် ၁၅%လောက်ကို တယ်လီနောက ရယူထားပြီး၊ အိုရာဒူး က ၇% လောက်ကို ရယူသွားကြပါတယ်။ အမ်ပီတီ ၁၀၀% ဈေးကွက်ကို တယ်လီနော (နော်ဝေးနိုင်ငံ) နဲ့ အိုရာဒူး (ကာတာနိုင်ငံ) တို့က နှစ်နှစ် အတွင်း ရယူသွားပါတယ်။ မြန်မာ့ဆက်သွယ်ရေးက အမြန်ဆုံးပြန်လိုက်နိုင်အောင် ဂျပန် ဆူမီတိုမိုကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်ပြီး၊ မိုဘိုင်းဖုန်းလောကို အမှီလိုက်ပြန်ပါတယ်။ အရင်တုန်းကလို မြန်မာ့ဆက်သွယ်ရေးက ဈေးအကြီးဆုံး ဝန်ဆောင်မှုအညံ့ဆုံး မဟုတ်တော့ပါဘူး။ မြန်မာ့ဆက်သွယ်ရေးနဲ့ ပေါင်းလုပ်နေတဲ့ မြန်မာခရိုနီများအတွက် ရှေ့ဆက်မဲ့ မိုဘိုင်းဖုန်းဈေးကွက်မှာ အရင်လောက်တော့ အချောင်မစားရတော့ပါဘူး။

ဥပမာ… အရင်တုန်းက အမ်ပီတီ တစ်ခုပဲရှိတော့ ငွေဖြည့်ကပ်တွေကို အပေါစားကော်ပြားတွေနဲ့ ခရိုနီတွေက ထုတ်လုပ်တယ်။ ပွတ်ကြည့်လိုက်ရင် နံပါတ်တွေတောင် ပျက်သွားတယ်။ နံပါတ်ပျက်သွားတဲ့ ငွေဖြည့်ကပ်ကို ပြန်လဲလို့လဲ မရဘူး။ နံပါတ် တစ်လုံးပဲ ပျက်သွားရင်တော့ စမ်းနှိပ်ပြီး သုံးနိုင်သေးတယ်။ နံပါတ် ၄လုံးလောက်ပျက်သွားရင် သွားပြီပေါ့။ ဆုံးပြီပေါ့။ အခုတော့ ပြိုင်ဖက်တွေက အင်မတန်ကောင်းမွန်ပြီး နံပါတ်မပျက်တဲ့ ငွေဖြည့်ကပ်တွေ သုံးလာကြတော့ အမ်ပီတီ မြန်မာ့ဆက်သွယ်ရေးလဲ ပြုပြင်ပြောင်းလဲလာရပါတော့မယ်။

ငွေ အသက် သာ ဆုံး က အင် တာ နက် ကဖေး ပါ

ရောက်တဲ့နေရာမှာ မိုဘိုင်းဖုန်းနဲ့ ကိုယ့်ရဲ့ လက်တော့ (laptop) ချိတ်ဆက်ပြီး အင်တာနက်သုံးလို့ရတယ်။ ကိုယ့်မိုဘိုင်းဖုန်းက ဝိုင်ဖိုင် ထုတ်လွှင့်ပေးပြီး ရှယ်သုံးတာမျိုး လုပ်ကြပါတယ်။ ဒါပေမဲ့ မိုဘိုင်းဒေတာက အရမ်းဈေးကြီးလွန်းတော့ လူတိုင်း အင်တာနက်သုံးနိုင်ဖို့ ဝေးနေဆဲပါပဲ။ ဖုန်းပြောစရိတ်ကတော့ ဈေးသက်သာပါတယ်။ အင်တာနက်ဒေတာပဲ ဈေးကြီးပါတယ်။

ဒါကြောင့် လက်ရှိအခြေအနေမှာ မြန်မာပြည် ငွေ အသက်သာဆုံး အင်တာနက် သုံးနိုင်တဲ့နေရာကတော့ လိုင်းဖုန်း မိုဒမ်သုံးထားတဲ့ အင် တာ နက် ကဖေးတွေပဲ ဖြစ်ပါတယ်။ တစ်နာရီ ကျပ် ၅၀၀ နဲ့ ဒေတာဒေါင်းလုပ် ဗွီဒီယိုကြည့် လုပ်နိုင်ပါတယ်။ မိုဘိုင်းဖုန်း ဆိုရင်တော့ တနာရီဗွီဒီယိုကြည့်ရင် ကျပ်တစ်ထောင် ခဏလေး ကုန်သွားပါတယ်။

ဘာပဲဖြစ်ပစေ..မိုဘိုင်းဖုန်း ကုမ္ပဏီကြီး (၃)ခုကတော့ သိပ်နားမလည်တဲ့ မြန်မာပြည်သားများထံက ငွေကို ရသရွေ့ သဲုယူနေကြအုန်းမှာပါပဲ။ မြန်မာပြည်မှာ မိုဘိုင်းဖုန်း သုံးရင် အင်တာနက်သုံးတော့မယ်ဆိုရင် ကမ္ဘာ့ ဈေးအကြီးဆုံး အင်တာနက်ဒေတာများလို့ပဲ သတိရလိုက်ကြပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဇော်အောင်(မုံရွာ) – ကမ္ဘာ့ ဈေး အ ကြီး ဆုံး အင် တာ နက် မြန် မာ နိုင် ငံ မှာ ရှိ နေ သည်
  1. က မ္ဘာ့  အ နှေး ဆုံ အင် နာ နက် လို့ လဲ ပြော ကြ ပါတယ်။ စ ခါ စ တော့ နှေး မှာ ပါပဲ။ အပြစ် မ တင်ချင်ပါ။ အင် တာ နက် ရ တာ ကို ပဲ အ ထူး ကျေး ဇူး တင် ပါ တယ်။ Speedtest.net နဲ့ ရန်ကုန်၊ ပုသိမ်၊ မန္တလေးတွေမှာ စမ်းကြည့်နိုင် ပါ တယ်။ ရန် ကုန် မှာ အမြန် ဆုံး Ooradoo 2.30 Mbps download / 1.06 Mbps upload ဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေး MPT ကတော့ 1.45 Mbps download, 1.45 Mbps upload ဖြစ်ပါတယ်။
    .
    ၂၀၁၄ ကမ္ဘာ့  အမြန်ဆုံး နံပါတ်(၁)၊ (၂) တို့မှာ ဟောင်ကောင်-တရုပ် (54.1 Mbps), တောင်ကိုးရီးယား၊ (48.8 Mbps) ဖြစ်သည်။ စင်ကာပူက အဆင့်-၁၀ (30.7 Mbps). အမေရိကန်က နံပါတ်-၁၄ဖြစ်ပြီး၊ ဥရောပနိုင်ငံကြီးများ ဂျာမဏီ၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဆွဒ်ဇာလန်..များက ထိပ်ပိုင်းတွင်မရှိကြ၊ အင်္ဂလန်နိုင်ငံက အဆင့်-၁၆ (28.1 Mbps) ဖြစ်သည်။

Comments are closed.