Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး ၏ မွေးနေ့မင်္ဂလာ ကျင်းပပြုလုပ်


စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး ၏ မွေးနေ့မင်္ဂလာ ကျင်းပပြုလုပ်

ရန်နောင်(ဗိုလ်တထောင်)    မိုးမခ    ။ ဒီဇင်ဘာ ၆ – ၂၀၁၅
           အနုပညာဆည်းဆာရိပ်နာယက၊ အမျိုးသားစာပေတသက်တာဆုရှင် ၊ စာရေးဆရာမကြီးဒေါ်ခင်ဆွေဦး ၏ အသက် (၈၃) နှစ်ပြည့် မွေးနေ့မင်္ဂလာပွဲကို ရန်ကုန်တိုင်းဒေသကြီး  မင်္ဂလာဒုံမြို့နယ် ၊ပုလဲမြို့သစ်၊ ရွှေနံ့သာစံပြကျေးရွာရှိ
အနုပညာ ဆည်းဆာရိပ်၊ မြရွှေပင်သဒ္ဓမ္မသုခဓမ္မရိပ်သာ ကျောင်းတိုက်တွင်  ဒီဇင်ဘာလ (၆)ရက် တနင်္ဂနွေနေ့ နံနက် (၁၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

 
         
 
 
 
 
 
 
 
မွေးနေ့ပွဲ အခမ်းအနားတွင် အခမ်း နားမှူး အဖြစ် တေးသံရှင် အရိုးမှ ဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ကျောင်းတိုက် ပဓာန နာယကဆရာတော် မှ အနုပညာဆည်းဆာရိပ် ဖွင့်လှစ်ရခြင်း နှင့် ဆရာမကြီး ဒေါ်ခင်ဆွေဦး မွေးနေ့ ကျင်းပရခြင်း နှင့် စပ်လျဉ်း၍ မုဒိတာ စကားပြောကြားသည်။
 

 

   ဆက်လက်၍ ဦးထွန်းလွင် (မိုး/ဇလ ) ၊ ဒါရိုက်တာမောင်နှင်းမိုး၊ ပန်းချီတင်ထွန်းတို့မှ မွေးနေ့အမှတ်တရ စကားဂုဏ်ပြုစကားများ ပြောကြားပေးခဲ့ကြသည်။

 

          ထို့နောက် စာရေးဆရာမ မေအောင်လင်းမှ ဆရာမကြီးအတွက် ရတုကို ကိုယ်တိုင်ရေးကာ ရွတ်ဆိုခဲ့ပြီး ကဗျာဆရာသူရဇော် မှလည်း တေးထပ် တပုဒ်ဖြင့် ဆရာမကြီးအား ဂုဏ်ပြုခဲ့သည်။
 

          ဆက်လက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက မွေးနေ့ပွဲ ပြုလုပ်ရခြင်း နှင့်ပတ်သက်၍
ပြောကြားခဲ့ပြီး ဆည်းဆာရိပ် ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

          စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး ၏ မွေးနေ့ပွဲတွင် မိုးမခ မဂ္ဂဇင်း ၂၀၁၆ ၊ဇန်နဝါရီလထုတ်တွင် ပါရှိမည့် ဒေါက်တာလှကျော်ဇော ရေးသားထားသော  “ကျွန်မဆက်၍ရေးချင်သော ဖေဖေအကြောင်းများ´´  ဆောင်းပါးကိုလည်း
ပေးဝေခဲ့သည်ကိုလည်း တွေ့ခဲ့ရသည်။

          စာရေးဆရာမကြီးဒေါ်ခင်ဆွေဦး၏ မွေးနေ့ပွဲသို့ စာရေးဆရာများ၊ ပန်းချီဆရာများ၊ ကာတွန်းဆရာများ ၊စာပေချစ်သူများ တက်ရောက်ခဲ့ကြပြီး ပန်းရဲ့လမ်း အဖွဲ့မှလည်း လာရောက်ဖျော်ဖြေပေးခဲ့သည်။

 

 
          ဆရာမကြီး၏ မွေးနေ့တွင် ဧရာဝတီ ဖောင်ဒေးရှင်းမှ လည်း အနုပညာဆည်းဆာရိပ်သို့ လူနာတင်ယာဉ်တစီး လှူဒါန်းခဲ့သည်။

 

 
 
 
ရွှေကူမေနှင်း နဲ့ စာပေမိသားစုများ

 

မွေးနေ့အလှူ

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts