သတင်းပဒေသာ

ညွန့်ထွေး – လူထုဒေါ်အမာ ရာပြည့်ပြခန်းနှင့် စာအုပ်ဈေးရောင်းပွဲ

ညွန့်ထွေး – လူထုဒေါ်အမာ ရာပြည့်ပြခန်းနှင့် စာအုပ်ဈေးရောင်းပွဲ
(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၁၅
စာတမ်းရှင် – ဆရာ ကျော်ရင်မြင့်
စာတမ်းအမည် – လူထုဒေါ်အမာနဲ့ ပရဟိတ

သတင်းစာဆရာ၊ စာရေးဆရာ  လူထုဒေါ်အမာ ရာပြည့် မွေးနေ့အထိမ်းအမှတ် ၄ ရက်ကြာ အမှတ်တရ အစီအစဉ်များကို မန္တလေးမြို့တွင်  ကြာသပတေးနေ့မှ စတင်ပြီး ၄ ရက်ကြာ ပြုလုပ်လျက်ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလာ ခန်းမတွင် ဒေါ်အမာ၏ မှတ်တမ်းဓာတ်ပုံများ၊ လက်ရေးမူ၊ ရှားပါးစာအုပ်များ  ပြသထားပြီး  ဒေါ်အမာ ထူထောင်ခဲ့သည့် လူထုတိုက်ထုတ် စာအုပ်များ ရောင်းချလျက်ရှိသည်ကို တွေ့ရသည်။

စာတမ်းဖတ်သည့်အစီအစဉ်လည်း ရှိရာ စနေနေ့က   ကြည်နိုင်၊  ထက်မြက်၊  စိုးကျော်သူ၊   ကျော်ရင်မြင့်၊ ထွန်းဝင်းငြိမ်း စသည့် စာရေးဆရာတို့၏ ဒေါ်အမာအမှတ်တရ ရေးသားထားသည့် စာတမ်းဖတ်ကြသည်ကို တွေ့ရသည်။

ပြခန်းနှင့် စာအုပ်ဈေးရောင်းပွဲကို နောက်ဆုံးနေ့ဖြစ်သည့် တနင်္ဂနွေနေ့ ညနေပိုင်းအထိ ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်။

တနင်္ဂနွေ မနက်ပိုင်းတွင် အမရပူရ တောင်လေးလုံးကျောင်းတိုက်၊ သူဌေးဘုရားရင်ပြင်တွင် သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခြင်း၊ ဧည့်ပရိသတ်များကို နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ အမှတ်တရစကားများ ပြောကြားခြင်း စသည့် အစီအစဉ်များလည်း ရှိကြောင်း သိရသည်။

တောင်လေးလုံးကျောင်းတိုက်သည် ဒေါ်အမာရှိစဉ်ကတည်းက သူ၏ မွေးနေ့ပွဲများ ကျင်းပသည့် နေရာဖြစ်ပြီး မွေးနေ့ပွဲသို့ အနယ်နယ်မှ စာပေလောကသားများ တက်ရောက်လေ့ရှိသည်။

ယခုနှစ်တွင်လည်း တောင်လေးလုံးကျောင်းတိုက် မွေးနေ့အထိမ်းအမှတ်ပွဲသို့ တက်ရောက်ရန် နိုင်ငံအနှံ့မှ စာပေသမားများ မန္တလေးသို့ ရောက်ရှိနေသည်။

လူထုဒေါ်အမာသည် ၂ဝဝ၈ ခုနှစ်က အသက် ၉၃ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။

 စာတမ်းရှင် – ကြည်နိုင်
စာတမ်းအမည် – လူထုဒေါ်အမာနှင့် ရသစာပေ
 စာတမ်းရှင် – ဆရာ ထက်မြက်
စာတမ်းအမည် – လူထုဒေါ်အမာနှင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း

 

စာတမ်းရှင် – ဆရာ ထွန်းဝင်းငြိမ်း
စာတမ်းအမည် – အမေ လူထုဒေါ်အမာနှင့် နိုင်ငံရေး လောကဓံ

စာတမ်းရှင် – ဆရာ စိုးကျော်သူ စာတမ်းအမည် – လူထုဒေါ်အမာနှင့် ငလျင်

 

အခမ်းအနားမှူး စာရေးဆရာ သင့်နော်

 

 စာတမ်းရှင် – ဆရာ ထက်မြက်
စာတမ်းအမည် – လူထုဒေါ်အမာနှင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း

 

 ပြပွဲ အဝင်ဝတွင် တွေ့ရသော ဗကသများအဖွဲ့ချုပ် (မန္တလေးခရိုင်) ရန်ပုံငွေ အရောင်းဆိုင်မှ ပြက္ခဒိန်၊ တီရှပ်၊ စာစောင်များ

 

 ပြခန်းပြုလုပ်ရာ ဓမ္မသာလာ ခန်းမ အနီး လက်ဘက်ရည်ဆိုင်တွင် တွေ့ရသော အနယ်နယ်မှ စာပေသမားများ

 

 ပြခန်းပြုလုပ်ရာ ဓမ္မသာလာ ခန်းမ အနီး တွေ့ရသော အနယ်နယ်မှ စာပေသမားများ
 ပြခန်းပြုလုပ်ရာ ဓမ္မသာလာ ခန်းမ အနီး လက်ဘက်ရည်ဆိုင်တွင် တွေ့ရသော အနယ်နယ်မှ စာပေသမားများ
ပြပွဲ အဝင်ဝတွင် တွေ့ရသော ဗကသများအဖွဲ့ချုပ် (မန္တလေးခရိုင်) ရန်ပုံငွေ အရောင်းဆိုင်

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts