ကဗျာ မောင်ရင်ငတေ

မောင်ရင်ငတေ – ကမာပုလဲ . … .. ….. သို့

 မောင်ရင်ငတေ – ကမာပုလဲ . … .. ….. သို့
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၅

ဒီမနက် ပါရီရဲ့ ခြောက်မတ်တင်းမှာ
အိမ်ခန်းပြူတင်းကနေ လောကအမှောင်ကြားက
လမ်းမီးအလင်းရောင်ကိုကြည့်ရင်း

« ခြောက်မတ်တင်း
လမ်းထိပ်က လော်သံလည်း မကြားရ
ဟောဒီက ပဲပြုတ် အော်သံလည်း မကြားရတဲ့
ပါရီမြို့ရဲ့ မောနင်း ခြောက်မတ်တင်း »
(မရငတ) ၁၈၁၁၂၀၁၅

ဒီ ကဗျာမဟုတ် စာတပုဒ်ကို ငါ ရေးမိ
ပဲပြုတ်လို့ အော်သံ လော်ရဲ့အော်သံ မကြားလိုက်ရပေမယ့်
ခြောက်မတ်တင်းအကျော်မှာ မင်းသတင်းကို အထိပ်တလန့် ကြားရ
ကိုပေါက်ရေ ကမာပုလဲရေ မင်းကတော့ တောထဲကတောမှာ ဇာတ်မြုပ်
. . . . . . . .. . . . .. . .. . .. …. . . . . . . .. . . . . . … ကြွေလေပြီပေါ့၊ ။ ။ ။ ။။။

(မရငတ) ၁၈၁၁၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts