ရသဆောင်းပါးစုံ

မောင်ခေတ်ပိုင် – လွမ်းလိုက်ပါဘိ.. ဟိုတုန်းက မဟာရန်ကုန်မြို့ရဲ့ ရုပ်ရှင်ရုံများအကြောင်း

 မောင်ခေတ်ပိုင် – လွမ်းလိုက်ပါဘိ.. ဟိုတုန်းက မဟာရန်ကုန်မြို့ရဲ့ ရုပ်ရှင်ရုံများအကြောင်း
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၅

ခုလိုဒီိဆောင်းပါးလေးကို တင်ပြရခြင်းကတော့ ခုမျိုးဆက်တွေရော နောင်လာမည့်မျိုးဆက်သစ်တွေအတွက်ပါ ဗဟုသုတ ရစေလိုတဲ့အပြင် မသိသူတွေအဖို့လည်း သိမှတ်စရာ တခုတိုးပြီလို့ မှတ်ယူဖတ်ရှုစေလိုပါတယ်။

ယနေ့မြန်မာ့ဗီဒီယိုတွေ ကားရိုက်ကျဲပြီးဈေးကွက်ပျောက်နေချိန်မှာ ခေတ်ကာလလည်းပြောင်းလို့ မြန်မာရုပ်ရှင်ကားကြီး ဈေးကွက်ကလည်း ပြန်လည်ဦးမော့လာချိန်မှာပဲ ဖြစ်နေတဲ့ပြဿနာကတော့ မဟာရန်ကုန်မြို့ကြီးမှာ ဟိုတုန်းကလို  ရုပ်ရှင်ရုံ တွေ ပေါပေါများများ မရှိတော့ခြင်းဆိုတဲ့ကိစ္စပါပဲ။ ဖြစ်ပုံက မြန်မာကားကြီးတွေ ထုတ်လုပ်ကြတဲ့ကုမ္ပ္ပဏီများက သိန်းပေါင်းများ စွာအကုန်ချခံပြီး ရင်းနှီးထားရသော်လည်း ခေတ်သစ်ခရိုနီတွေက ရုပ်ရှင်ရုံတွေကိုပိုင်ဆိုင်ထားပြီး သူတို့ပိုင်ရုံတွေမှာ ပြသခွင့် ရဖို့အရေး ဇာတ်ကားထုတ်လုပ်သူများက နှစ်ချီစောင့်နေရခြင်းက အတော်ဆိုးတဲ့ပြဿနာပါပဲ။

ယခင်ရှိပြီးသားရုပ်ရှင်ရုံတွေဖြစ်ကြသော ကျောက်တံတားမြို့နယ်မှ ရွှေဂုန်၊ မြို့မ၊ ဆုထူးပန်၊ သွင် စသောရုပ်ရှင်ရုံများမှာ လည်းခေတ်နဲ့ အညီဖြစ်အောင် စစ်အစိုးရထံမှငွေရှိသူလူတန်းစားနဲ့ ခရိုနီအုပ်စုတို့က ၀ယ်သူဝယ်ငှားသူငှားပြီး စာချုပ် တွေအမျိုးမျိုးလုပ်ပြီး လက်ဝယ်ရလာတဲ့ရုံတွေကို ခေတ်မီအောင် အသွင်အမျိုးမျိုးပြောင်းပြီး ပြန်လည်ဆောက်လုပ်ပြင် ဆင်ကြရာမှာ ကန်ထရိုက်တာများနဲ့ ရုံပိုင်တို့အကြား သူတို့အချင်းချင်း လိမ်လည်မှုအရှုပ်တော်ပုံများကြောင့် ရုံပိုင်းဆိုင်ရာပြင် ဆင်မှုတွေကိုရပ်နားထားရတာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts