ကဗျာ ခိုင်မာကျော်ဇော

ခိုင်မာကျော်ဇော – မျက်ရည်သောက်တဲ့ စစ်

No Information, File Photo

ခိုင်မာကျော်ဇော – မျက်ရည်သောက်တဲ့ စစ်

(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၅
ပွင့်လင်းရာသီ
မောရှမ်းပြည်မှာ
စစ်ဟုန်မာန်တင်း
ဒေါသပြင်းတော့….

ရိတ်သိမ်းသူကင်း
စပါးခင်းတွေ
ငြိုးယော်ခွေကျ လက်မှိုင်ချလို့ ။

ရွှေဖီဦးလည်း
လွေး နန်း မခူး
ယမ်းငွေ့ လူးနေ။

လိမ်မော်တောလမ်း
ပါးအို့ နီပျောက်
ဗုံးဆံရောက်ခဲ့။

ဗုံရှည်ကြီးလည်း
မီးလောင်စွဲလို့ 
ဝိုင်းဖွဲ့ ကုန်းက ဝေးခဲ့ရပေါ့။

ဝေဟင်ဗုံးကျဲ
ကုန်းတိုက်ပွဲကြောင့်
ရွာတွေ ကျောင်းတွေ
စစ်မြေတလင်း
မီးလောင်ကွင်းဖြစ်။

စစ်ရှောင်စခန်း အ၀င်လမ်းမှာ
သားပျောက်ရှာသူ
လင်ဆုံးသူကို
မြေးမလေးဆုံး
သားလေး ဗုံးထိ
နှလုံးကြေကွဲ
မျက်ရည်ဝဲနဲ့ 
အဖွားတယောက် အကြိုထောက်တော့
ဆေးဆရာမ
နန်းမ ပါးမှာ
မျက်ရည်တာကျိုး
ထစ်ချူန်းမိုးလို ရွာခဲ့ပြီ။

ခိုင်မာကျော်ဇော
နိုဝင်ဘာ ၁၆၊ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts