ကဗျာ

ဒီလူည – မင်းတို့ ငါတို့ဟာ လမ်းနဲ့ကမ်းနဲ့ ဝေးကွာတဲ့ လူငယ် – ၁

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဒီလူည – မင်းတို့ ငါတို့ဟာ လမ်းနဲ့ကမ်းနဲ့ ဝေးကွာတဲ့ လူငယ် – ၁

(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၁၅

နေ့တွေက အပူချိန် လွန်ကဲနေတယ်

ပြန်ထပ်ကျလာတဲ့ သင်ရိုးညွှန်းတန်းတွေနဲ့

ငါတို့

ကိုယ့်လမ်း ကိုယ်ခင်းပြီး ကိုယ့်အလန်း ကိုယ်ပေး

အိပ်မက်တွေထွန်းလို့  ညတွေထဲဝင် ခဲ့ကြတယ်

ငါတို့ရဲ့ ရှည်လျားလာတဲ့ဆံပင် မှာ

မျှော်လင့်ချက်တွေ တန်းစီချိတ်လို့ ငါတို့ဟာ

ထင်းကောက်ဖို့ ထွက်လာခဲ့တာမဟုတ်

ငါတို့ဟာ

ဓားခုတ်ဖို့ ထွက်လာခဲ့ခြင်းပ

အမေ့ရင် ခွင်ထဲ ခေါင်းတိုးဝင်မိချင်တဲ့ စိတ်ဟာ

ဒီခေတ်/စစ် ကြီးထဲ မချိမဆန့်

မစုန်ပဲ ဆန်ခဲ့ကြတာ

လေဆန်ကို

ရေဆန်ကို

ဟိုဘက်ကမ်းကို  ကူးခဲ့ကြတာ

ငါတို့က အိမ်ပြေးတွေ မဟုတ်ဘူး

ကိုယ့်အသိုက်မြုံလေး မိုးဒဏ်လေဒဏ်ခံနိုင် ဖို့

ကိုယ့်အရိပ် ကိုယ်စွန့်ခဲ့ကြတာ

ဒီညလေး အနွေးဓာတ် ရဖို့

နေ့တွေကို ဖြဲထုတ်

လမ်းပေါ်က ရသမျှ အပူကိုစုပ်ယူ

ဒီအမှောင်ထဲ ပြန်အန်ထုတ်ပေးခဲ့ကြတာ

ပင်လယ်အသေပေါ် ခြေချပြီးကတည်းက

ကိုယ့်ယာခင်းနဲ့ ကိုယ်ကဗျာနဲ့

အလွမ်းစိတ်ဆိုတာ

ငါတို့ကျောပေါ် ဒဏ်ရာနဲ့ သားစပ်ကျထားတဲ့

အလျှိုးရာကြီးပါ   … ကိုယ့်လူ။    ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts