ကဗျာ

ဖျာပုံနီလုံဦး – သယံဇာတ ကျိန်စာ

   ဖျာပုံနီလုံဦး –  သယံဇာတ ကျိန်စာ

(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၁၅

တောင်ကုန်းတွေက

စကား  ပြောတတ်မယ်ဆိုရင်

ငါ့ကို ဖြိုဖျက်  မင်းတို့လက်တွေ

တစ်နေ့… ငါရိုက်ဖျက်ဂလဲ့စား ချေပစ်မယ်…

သစ်တောတန်းတွေက

စကားပြောတတ်မယ်ဆိုရင်

ငါ့ကို ခုတ်ဖျက် မင်းတို့လက်တွေ

တစ်နေ့… ငါ ဖျက်ဆီးဂလဲ့စား ချေပစ်မယ်…

မြစ်ချောင်းတွေက

စကားပြောတတ်မယ်ဆိုရင်

ငါ့ကျောကုန်းပေါ် မတော်တရော်

လော်လီဖောက်ပြား ဆည်တမံများ

ပိတ်ဆို့တည်ဆောက် ကြမယ်ဆိုရင်

တစ်နေ့ တူသောအကျိုး မင်းတို့ ခံစားစေရမယ်…

မြေပေါ် မြေအောက် ၊ ကျောက်မျက်ရတနာ

သယံဇာတတွေက

စကားပြောတတ်မယ်ဆိုရင်

ပေါ်ထင်တမျိုး ကွယ်ရာတမျိုး

ခိုးထုတ် ခိုးရောင်း ဖျားယောင်းလှည့်စား

ငါ့နှလုံးသားကို ရောင်းစား ဝယ်စားနေကြ

တစ်နေ့မှာ အန်ဖတ်ဆို့သေဖို့

ကျိန်စာတိုက်လိုက်မယ်

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts