ကဗျာ မင်းညွှန့်လှိုင်

မင်းညွန့်လှိုင် –ေ ပါ င်း တ ည်

မင်းညွန့်လှိုင် –ေ ပါ င်း တ ည်

(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၁၅

ဒီမြို့လေးက

တနင့်တပိုး

ဘာတွေကိုထမ်းပိုးထားပါလိမ့် ။

သစ္စာအရောင်

ဥာဏ်တန်ဆောင်လည်း

ပြောင်လျက်ဝင်းလျက်

ရွှန်းရွှန်းမြမြရွှေစေတီက

ဒီမေးခွန်းကိုဖြေပါတယ် ။

ငါ၏ဦးခေါင်းသည်

သွေးဖြင့်ချင်းချင်းနီ၏

သို့သော်ညွှတ်ကားမညွှတ်

ခွပ်ဒေါင်းသခင်သို့ခိုင်ခိုင်ကျည်ကျည်

အာဇာနည်ကျောက်တိုင်က

ဒီမေးခွန်းကိုဖြေပါတယ် ။

“မှန်ကန်ခြင်းနဲ့ရဲရင့်ခြင်း”

ပိုးကြိုးတပ်လေးညှို့နဲ့

သံမဏိမြားတစ်စင်းလေ

ဆရာသော်တာဆွေက

ဒီမေးခွန်းကိုဖြေပါတယ် ။

နီလည်းနီ မာလည်းမာ

ညီညာတဲ့အရေးတော်ပုံနဲ့

၁၉၉၀ ပြည့်ကိုသာလွမ်း

ကမ္ဘာမကြေဘူးလမ်းမထက်မှာ

သက်ရှိသမိုင်းကျမ်းစာတစုက

ဒီမေးခွန်းကိုဖြေပါတယ် ။

စသည်ဖြင့်..နဲ့စုပေါင်းတည်လို့

ပေါင်းတည်မြို့လို့ခေါ်ပါတယ် ။    ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts