Ni July ကဗျာ

နီဇူလိုင် – “တောချောက်တေး”


Photo – သွန်းခ၊ ရန်ကုန် အင်န်အယ်ဒီပါတီဌာနချုပ်ရုံးရှေ့

နီဇူလိုင် – “တောချောက်တေး”

(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၁၅

ငယ်ငယ်က တောဓလေ့

ဝါ၀င် ၀ါထွက်မှာ…

သံပုံးတီးပြီး မကောင်းဆိုးဝါးတွေ နှင်သလို..

စကောချပ်ကို ယောင်းမနဲ့ နာနာနှက်

ဟေး….

ထွက်…

ထွက်..

ထွက်။

ဟေး….လို့

တအိမ်ကစအော်ရင်..တအိမ်ဆီဆက်

တရပ်ရွာလုံးပြိုင်တူ..

ဟေး..သံကြီးထွက်လို့

တို့ဂုတ်ပေါ်ခွနင်းထားတဲ့

ပေကပ်ကပ် ညစ်ထပ်ထပ် မကောင်းဆိုးရွားကြီးကို

တရွှေး..ရွှေး …

တဟေး..ဟေး နဲ့

တောချောက်နေရသလို..

အခု ဖြစ်နေပုံ ပြောပါတယ်..။ ။

 

(၉.၁၁.၁၅)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts