ဓာတ်ပုံသတင်း

ရင်ခုန်ကြသော ရွေးကောက်ပွဲ၊ NLD မဲများ အသာစီးရနေဟု ဆို

ရင်ခုန်ကြသော ရွေးကောက်ပွဲ၊ NLD မဲများ အသာစီးရနေဟု ဆို
(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၅
ရွေးကောက်ပွဲနေ့ ညနေပိုင်းတွင် မဲပေးမှုအစီအစဉ်များ အဆုံးသတ်ပြီး တနိုင်ငံလုံးရှိ မဲရုံပေါင်း ၄ဝ,ဝဝဝ ကျော်မှ မဲရလဒ် များကို ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်သို့ ပေးပို့နေပြီဖြစ်သည်။ေ က်ာမရှင်၏ အဆုံးသတ်ကြေညာချက် ထွက်ရှိရန်မှာ ဆယ်ရက်ထက်မနည်း ကြာမည်ဟု သိရသည်။ ဤအတောအတွင်း မဲရုံအသီးမှ မဲရေတွက်မှု ရလဒ် ထုတ်ပြန်ချက်များကို ရန်ကုန်အခြေစိုက် သတင်းဌာနမျိုးစုံက ရေးသား၊ ရိုက်ကူး ထုတ်ပြန်လျက်ရှိသည်။
ရန်ကုန်မြို့ ရွှေဂုံတိုင်ရပ်ရှိ NLD ရုံးရှေ့သည်လည်း ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲနေ့ကဲ့သို့ လူအများ စုဝေးရောက်ရှိရာနေရာ ဖြစ်သွားသည်။ ကြားဖြတ်ရွေးကောက်ပွဲသည် မဲဆန္ဒနယ်မြေ ၄ဝ ကျော်သာရှိသောကြောင့် ရလဒ်အများစုကို ထိုစဉ်က ညတွင်းချင်း သိရှိလိုကြသည်။
ညတွင်းချင်း သိရှိနိုင်မည့် NLD ရုံးချုပ်ရှေ့တွင် မဲပေးသူ အများအပြား သွားရောက် စနည်းနာကြကာ
နိုင်ငံအပြောင်းအလဲမျှော်လင့်ချက်တစုံတရာအတွက် စုဝေးရင်ခုန်ခဲ့ကြသည်။ သို့သော်လည်း ယခုရွေးကောက်ပွဲသည် မဲဆန္ဒနယ်မြေ ရာထောင်ချီရှိသောကြောင့် ရလဒ်အနည်းငယ်ကိုသာ ရွေးကောက်ပွဲနေ့နှောင်းပိုင်းတွင် သိရှိနိုင်သည်။
 ရွေးကောက်ပွဲမနက်တွင် မဲပေးခွင့်ရှိသူများ မဲရုံသို့ ချီတက်ပြီး ၎င်းတို့၏ အခွင့်အရေးကို အရယူခွင့်အတွက် စောင့်ဆိုင်း တန်းစီကြသည်ကို တွေ့ရသည်။
၅ နှစ်မှ ၁ ကြိမ် ရရှိသည့် အခွင့်အရေးအတွက်သာမက အပြောင်းအလဲကိုလိုလားသောကြောင့် ဝိရိယစိုက်ကြခြင်းဖြစ်သည်။ တချို့ကလည်း ဖြစ်ပြီးခဲ့သောအပြောင်းအလဲ အနေအထား ဆက်လက် ထိန်းသိမ်းရေးအတွက် ဝါယမ စိုက်ကြခြင်းဖြစ်သည်။ ရည်ရွယ်ချက်ချင်းမတူကြသော မဲဆန္ဒရှင်များ၏ တူညီချက်မှာ ယနေ့ အားလုံး ရင်ခုန်သံမြန်ကြခြင်း ဖြစ်ဖွယ်ရှိသည်။ ဓာတ်ပုံများမှာ ရွေးကောက်ပွဲနေ့တွင် တွေ့ရသော ရန်ကုန်မြို့လယ်မှ မဲရုံတချို့၏ မြင်ကွင်းများ ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts