ကဗျာ

မင်းကိုနိုင် – အိုးဝေလို့ ထ တွန်တဲ့ နေ့

 

မင်းကိုနိုင် – အိုးဝေလို့ ထ တွန်တဲ့ နေ့

(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၅

 

 

ဒီနေ့ဟာ

သူရဲကောင်းတို့အရိုးတွေ

အိုးဝေ လို့ ထတွန်တဲ့နေ့

 

တရားဖက်က

ထူသမျှအလံတိုင်းဟာ

ဂုဏ်သိက္ခာသမိုင်းနဲ့

 

ဆန့်ကျင်ဖက်တွေ

ကြိုက်တဲ့အလံတက်ခဲ့

ကြိုက်တဲ့အသံထွက်လှည့်

 

ဒီနေ့ဟာ

သူရဲကောင်းတို့အရိုးတွေ

အိုးဝေ လို့ ထတွန်တဲ့နေ့။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts