ဓာတ်ပုံသတင်း

နံနက် အရုဏ်တက်သည်နှင့် ၂၀၁၅ ရွေးကောက်ပွဲ ပြည်လုံးကျွတ် မဲပေးကြပြီ



နံနက် အရုဏ်တက်သည်နှင့် ၂၀၁၅ ရွေးကောက်ပွဲ ပြည်လုံးကျွတ် မဲပေးကြပြီ

(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၅

နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၆ နာရီမှ စတင်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲရုံများ စတင်ဖွင့်လှစ်ပြီ ဖြစ်ရာ တပြည်လုံးက ပြည်သူအများအပြားက အရုဏ်မတက်မီကတည်းက သက်ဆိုင်ရာမဲရုံတွေမှာ ကြိုတင် တန်းစီစောင့်ဆိုင်းပြီး မဲပေးနေကြတာကို တွေ့ကြရပါတယ်။ ဖေစ့်ဘွတ်၊ မီဒီယာ၊ အွန်လိုင်းနဲ့ ရုပ်သံအစီအစဉ်တွေမှာ မဲပေးကြသူ ပြည်သူတွေရဲ့ မှတ်တမ်းတွေကို တွေ့ကြရပြီ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီအပါအ၀င်၊ အတိုက်အခံပါတီများ၊ တိုင်းရင်းသားပါတီများ၊ တသီးပုဂ္ဂလများ အများအပြား ၀င်ရောက်ဆင်နွဲတဲ့ ၁၉၉၀ ပါတီစုံရွေးကောက်ပွဲနောက်ပိုင်း အကြီးအကျယ်ဆုံး သမိုင်းဝင်မယ့် ရွေးကောက်ပွဲလည်း ဖြစ်တာမို့ အားလုံးက မျှော်လင့်တက်ကြွနေကြတယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ – သားဝင့်ကျော်၊ မဲပေးပြီးသည့် ပြည်သူများ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts