ချမ်းမြ – ”မောင်ဆောင်းခ”
(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၅
လက်ဝဲသုန္ဒရ အမတ်ကြီး
ရတု တစ်ပုဒ်ကြောင့်
မဲဇာအရပ်ကပြန်ခဲ့ရတယ်….. လှချက်
နန္ဒသူရိယအမတ်ကြီး
ကဗျာတစ်ပုဒ်ကြောင့်
သမိုင်းမှာ တင်ကျန်ရစ်ခဲ့တယ်…. သိပ်လှတယ်
ဆရာမင်းလူ
ကဗျာတစ်ပုဒ်ကြောင့်
ထောင်ကျဖူးတယ်….. လွှတ်လှတယ်
ယနေ့ သမ္မတခေတ်မှာ
ကဗျာဆရာမောင်ဆောင်းခ
ပုံရိပ် ကဗျာကြောင့် အဖမ်းခံရတယ်
လွှတ်လှတယ်….. သိပ်လှတယ်
{သူငယ်ချင်းကဗျာဆရာ မောင်ဆောင်းခ သို့}
ချစ်ခြင်းအားဖြင့်
ချမ်းမြ