သတင်းပဒေသာ

ရွေးကောက်ပွဲမသမာမှုများကို မှတ်တမ်းတင် တိုင်ကြားနိုင်သည့် Android Application mWatcher 2015 ထွက်ပြီ


 
ရွေးကောက်ပွဲမသမာမှုများကို မှတ်တမ်းတင် တိုင်ကြားနိုင်သည့် Android Application  mWatcher 2015 ထွက်ပြီ
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၅
ရွေးကောက်ပွဲကာလ မသမာမှုများကို မှတ်တမ်းတင်ခြင်း၊ တိုင်ကြားခြင်းများ ပြု လုပ်နိုင်ရန် Political Volunteer Force (PVF)  မြန်မာရဲ့ အားထုတ်မှုအနေဖြင့် mWatcher 2015 အမည်ရတဲ့ Android Application တခု နိုဝင်ဘာ ၇ ရက်နေ့က စတင်၍ အခမဲ့ ဖြန့်ဝေလိုက်ပါသည်။
မိမိ လက်ကိုင်ဖုန်းကို အသုံးပြုပြီး လက်တကမ်း မှာတင် မှတ်တမ်းတင် တိုင်ကြား နိုင်အောင် စီစဉ်ရေးသားပေးထားခြင်း ဖြစ်သည်။  iOS Application မှာတော့ သုံး၍ ရမည် မဟုတ်ပါ။
စိတ်ဝင်စားသူ အွန်လိုင်းနိုင်ငံသား Netizen Android အသုံးပြုသူများအနေဖြင့် အောက်ပါ Link မှတဆင့် အခမဲ့ ရယူနိုင်ကြောင်းပါ။
အသေးစိတ် သတင်းအချက်အလက်များအတွက် ဆက်သွယ်ရန်
Email:
Ye Min Win: yeminwin@gmail.com
Min Min Oo: minu.min@gmail.com

Nyein Chan Aye: nyeinchanaye81@gmail.com


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts