ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – မောင်ဆောင်းခအတွက် ထောင်ဝင်စာ

ကျော်ဟုန်း – မောင်ဆောင်းခအတွက် ထောင်ဝင်စာ

(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၅

ညဥ့်ငှက်ဆိုးရဲ့ အော်မြည်သံဟာ
သံစဉ် ၇ ပါးမှာ မကပ်ငြိဘူး ငါထင်တယ်။

ကိုယ်ပိုင် ရင်ခုန်ခွင့်တောင်မရှိတဲ့ အိမ်မည်းကြီးထဲ
ဘယ်သူမှ အိပ်မက်ကောင်းတွေနဲ့  မအိပ်စက်နိုင်ဘူး။

အာဏာရှင်ရဲ့ ကရုဏာဟာ
သူ့ အာဏာရှင်သန်ရေးမှာပဲ ချိုမြတတ်တယ်။

မောင်ဆောင်းခ
မင်းရဲ့ သမ္မတကြီးပုံ တက်တူးဟာ
အာဏာရှင်သမ္မတတွေကို
ရည်ရွယ်ထိုးတာ ငါသိတယ်။

နို့ သောက်သမ္မတကြီးကတော့
နို့ သောက်အဆင့်ပဲ ရှိသေးလို့ 
ဘာပြောင်းလဲရမလဲဆိုတာ သူမသိ၊
နို့ ကပ်သောက်သူတွေကလည်း
ကလေးသာသာ အဆင့်။

ဒီမိုကရေစီဆိုတာကို
ဝါကျမှန်အောင် စီတတ်ဖို့ နေနေသာသာ
သတ်ပုံ အမြဲမှားရေးနေတဲ့သူတွေက
(လွတ်လပ်စွာ)ဆိုတဲ့စာစုကို ပြက်ရယ်ပြုကြမှာပဲ။

မောင်ဆောင်းခ
မင်းရဲ့ (ပုံရိပ်)ကဗျာဟာ
စာပေလွတ်လပ်ခွင့်ကို စမ်းသပ်တဲ့ ပြယုဂ်
ဒီမိုကရေစီ အခက်အလက်ရှိ-မရှိ စမ်းသပ်ချက်။

မင်းရဲ့ ကလောင်မြားတွေ
အာဏာရှင်နှလုံး ထွင်းဖောက်
သွေးစိမ်းရှင်ရှင် ထွက်နေချိန်
မင်းလည်း သူရဲကောင်းတို့ ခိုနားရာ
နရသိန်အဝ ချဉ်းကပ်ချိန်
မောင်ဆောင်းခပုံရိပ်
ဒီမိုပုံရိပ်ဖြစ်ခဲ့ပြီ။   ။

ပုံရိပ် ကဗျာတိုဖြင့် ဖမ်းဆီးခံရသော မောင်ဆောင်းခသို့  (ကျော်ဟုန်း)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts