သတင်းပဒေသာ

နိုဝင်ဘာ ၅ အင်န်အယ်ဒီသတင်းစာရှင်းလင်းပွဲ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၏အထက်မှ ဦးဆောင်မည်ဟု ပြော

နိုဝင်ဘာ ၅ အင်န်အယ်ဒီသတင်းစာရှင်းလင်းပွဲ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၏အထက်မှ ဦးဆောင်မည်ဟု ပြော
(မိုးမခသတင်းကောက်နုတ်ချက်) နိုဝင်ဘာ ၆၊ ၂၀၁၅

ရန်ကုန်မြို့ ၊ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှာ ရွေးကောက်ပွဲကျင်းပရန် ၃ ရက်အလို အင်န်အယ်ဒီသတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ သတင်းထောက်များ ရာချီ တက်ရောက်ပြီး သတင်းထောက်မေးခွန်းများကို ဖြေကြားသွားပါတယ်။

အင်န်အယ်ဒီ ရာနှုန်းပြည့် အနိုင်ရခဲ့ရင် အစိုးရတရပ် ဖွဲ့မယ်၊ သမ္မတရဲ့ အထက်ကနေပြီး ဒေါ်စုက ဦးဆောင်မှု ပေးမယ်လို့ ပြောသွားပါတယ်။ အနိုင်ရခဲ့ရင်တောင် ရှုံးနိမ့်သူတွေအပေါ် အနိုင်မကျင့်ဘူး၊ တိုင်းရင်းသားတွေ၊ ပြိုင်ဖက်ပါတီတွေအပြင် တပ်မတော်နဲ့လည်း အတူတကွ သင့်သင့်မြတ်မြတ် အဖြေရှာသွားမယ်လို့ ဆိုပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ အထွေထွေ ပြသနာတွေကို ဖြေရှင်းရာမှာလည်း ဥပဒေနဲ့အညီ ဒီမိုကရေစီ ကျင့်စဉ်များနဲ့ အညီ၊ ပွင့်လင်းမြင်သာမှုတွေနဲ့ ဆောင်ရွက်မယ်လို့လည်း ဖြေကြားခဲ့ပါတယ်။ လက်ရှိ ရွေးကောက်ပွဲ တရားမျှတ သန့်ရှင်းဖို့ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့ လိုလားကြောင်း၊ တိုက်တွန်းကြောင်း ပြောဆိုသော်လည်း လက်ရှိ ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရ လုပ်ရပ်တွေအပေါ်မှာ မေးခွန်းထုတ်စရာတွေ ရှိနေတာကို ထောက်ပြသွားပါတယ်။

သတင်းထောက်နဲ့ မီဒီယာတွေက ဒေါ်စုကို အကြပ်အတည်းဖြစ်စေတဲ့ မေးခွန်းတွေဖြစ်တဲ့ ရိုဟင်ဂျာအရေး၊ ပြည်ပကုမ္မဏီများနဲ့ စီမံကိန်းများအရေး၊ အခြေခံဥပဒေပြင်ဆင်ရေး၊ ၂၅% တပ်မတော်ကိုယ်စားလှယ်များ အခမ်းကဏ္ဍ၊ လက်ရှိအစိုးရနဲ့ လွှတ်တော်ခေါင်းဆောင်များ ဆက်ဆံရေးအလားအလာ၊ နောက်တက်လာမည့် သမ္မတ စသည့်ကိစ္စများကိုတော့ ရွေးကောက်ပွဲအပြီး ရလဒ် အခြေအနေများပေါ်မှာ မူတည်တဲ့အကြောင်းကိုသာ ထောက်ပြသွားပါတယ်။  


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts