ကဗျာ ခင်လွန်း

ခင်လွန်း – ကျွန်ုပ်တို့ အခိုက်အတန့်များ

 

ခင်လွန်း – ကျွန်ုပ်တို့ အခိုက်အတန့်များ

(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၁၅

ကွေ့ကိုကျော်
ရှေ့ကိုရောက်လေ
အသံတွေပို မြန်လာ
မြင့်လာလေ။

ရေစီးအဟုန်
တုန်တုန်ဟည်းဟည်း
မြစ်ကြီး….

ခေါမသားတွေရဲ့ဒဿန န ယ်မှာတော့
မြစ်တမြစ်ကို
နှစ်ခါဖြတ်မဆင်းနိုင်ဘူးတဲ့။

ကိုင်း
ငတို့
စုန်ပြီးဆင်းလိုက်ကြမလား
ဆန်ပြီးတက်လိုက်ကြမလား
တကြိမ်ထဲ။ ။

နိုဝင်ဘာ၊ ၆ ရက်၊ ၂၀၁၅
နံနက် -၀၄း၀၀ နာရီ

Art Credit – http://artwolfe.com/collection/zen-the-art-of-the-abstract/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts