စာစုတို ဆောင်းလူ

ဆောင်းလူ – လူ မျှား ထွ က် ခြ င်း

ဆောင်းလူ  – လူ မျှား ထွ က် ခြ င်း
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၅

စိတ်မှာ နေသာနေတယ်လို့ ထင်နေတယ် …။
အမှန်က နေသာနေတာမဟုတ်ဘူး … လူသာနေတာပဲဖြစ်မှာပါ …။ ခရမ်းလွန်ရောင်ခြည် လွန်ကဲနေတဲ့အချိန်ကြီးမှာ တွား သွားရတာ မလွယ်လှပါလား …။

မီးပွိုင့်တွေက ငါ့စိတ်တွေကို လိုသလို ထိန်းချုပ်ဖို့ မျှားခေါ်နေတယ် …။ ကြည့်ပါဦး … ထင်မြင်ရာပြောတတ်တဲ့ ဥဏှောက် တွေနဲ့ ဖောက်စားဖို့လောက်သာ သိတဲ့သူတွေက ကမ္ဘာ့ပူနွေးမှုကို ထိန်းချုပ်ဦးမတဲ့ ..။ သူတို့အနားကပ်ကြည့်မှ ပူလိုက်တဲ့ ကောင်တွေ .. ရေတောင် မှန်မှန်ချိုးရဲ့လား မသိ။

ပါးဟပ်ထဲက ဖြတ်လို့ လေတွေတိုးနေလိုက်တာများ …
ဟူးဟူး ဟားဟားနဲ့ ….
ဒီပုံဆို …. လေ့ အကူအညီယူပြီး ရွက်တွေလို လွှင့်ဖို့ဆိုတာ ….
ဒီထွက်ပေါက်ကပဲ .. ဟူးဟူး ဟားဟားနဲ့ .. ရှေ့မရောက် နောက်မရောက် … ငါ့မှာသာ ပါးဟပ်ကြီးတန်းလန်းနဲ့ .. လူမခန့်ကို ဖြစ်လို့ …။

ကြည့်ပါဦးကွာ
အ၀ါ အ၀ါ ချင်း သစ္စာရှိလိုက်ကြတာ ….
လာဧည့်ခံတဲ့ကောင်က သေကောင်ပေါင်းလဲ သွေးတွေတိုးလို့ ရင်ခွဲရုံရောက်နေတဲ့ ၀ါရင့်ရင့်တွေ ပိတောက်တွေအစား … နုဖတ်ဥအတ်နေတဲ့ ငုတွေလေ …။ သူ့ကြည့်တော့လည်း အရိုးအပြိုင်းပြိုင်းနဲ့ ….။ ရင်ခွဲရုံက အ၀ါရင့်ရင့်တွေကလည်း ပျော်ပျော်ကြီး မော်မော်ကြီး အတိတ်မေ့ကုန်ကြပြီ …။ သစ္စာတရားက သစ္စာတရားကို ပြန်သတ် ကုန်ကြပြီလား …။

ကြည့်ပါဦးကွာ …
အကောင်လုံး ပြချင်ပုံက .. လုပ်ခ လစာ မစို့မပို့မှာ အဆင့်ဆင့် အပါးဝ အကောင်အထည်ပေါ်လာတဲ့ လူတစု တရက်စာ စရိတ်လောက်ရှိတဲ့ နက်ခ်တိုင်နဲ့ … ရောက်လာတဲ့ကောင်တွေရဲ့ နားတွေက ဒိုးယိုပေါက်တွေပါလား …။

ပြောရင်း ဆိုရင်း ဇာတ်တူသားကို မြိန်မြိန်ယှက်ယှက် စားနေပြန်ပါပြီ …။ ဒိုးယိုပေါက်နားတွေမှာ ငါတို့လို လေတွေ ဟူးဟူး ဟားဟား ဖြတ်လို့ပါလား ….။
…..
…..
….

ဒီနေ့လူမျှားချိတ်ဟာ ဘယ်နှယ့် လွမ်းစိတ်နဲ့ ဆန့်လို့ပါလား ….
ဒီနေ့ လူမျှားချိတ်ဟာ … ဘယ်နှယ့် နာကျင်စိတ်နဲ့ အသွားတုံးနေပါလား …

ဘုရား ဘုရား …
လူမျှားချိတ် အပိုမပါလာတဲ့ ငါတော့ ….. ဒီနေ့ .. …။

နိုဝင်ဘာ ၁၊ ၂၀၁၅
၁၁း၄၆ နာရီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts