Han Thit Naing ဓာတ်ပုံသတင်း
ရွေးကောက်ပွဲတွင် ပြည်သူများကိုယုံကြည်သည့်အတွက် ကြောက်ရွံ့မှုမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော
ရွေးကောက်ပွဲတွင် ပြည်သူများကိုယုံကြည်သည့်အတွက် ကြောက်ရွံ့မှုမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော
ဟန်သစ်နိုင်၊ မိုးမခ၊ နိုဝင်ဘာ ၁ရက်၊ ၂၀၁၅ခုနှစ်
နိုဝင်ဘာ ၁ရက်နေ့ ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့ဦးစေတီကွင်း၌ ညနေ ၄နာရီတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ရွေးကောက်ပွဲအောင်နိုင်ရေးဟောပြော ပွဲပြုလုပ် ခဲ့ သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ၂၀၁၅ခုနှစ် ရွေးကောက် ပွဲအောင်နိုင်ရေး ဟောပြောရာတွင် ၂၀၁၅ခုနှစ်တွင်ပြုလုပ်မည့်ရွေးကောက်ပွဲသည် မြန်မာတစ်နိုင်ငံလုံးအ တွက် အပြောင်းအလဲ ထက် ကြီးမားသည့်အခွင့်အရေးဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံထူထောင်ရာတွင် တိုးတက်အောင်၊ ငြိမ်းချမ်းအောင် ပြုလုပ်ဖို့ဆိုခြင်းသည် နိုင်ငံသူနိုင်ငံသားများရဲ့တာဝန်ဆန္ဒသည်အဓိက ကျကြောင်း၊ နိုင်ငံသူနိုင်ငံသားများ၏ ဆန္ဒမပါဘဲ အစိုးရမှမည်သည့်ကိစ္စမဆိုဆောင်ရွက်ခြင်းများသည် ရေ ရှည်အောင်မြင်မည်မဟုတ်ပဲ အာဏာရှင် ဆန်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူကိုယုံ ကြည်သည့်အတွက် လာမည့်ရွေးကောက်ပွဲကို သန့်သန့်ရှင်းရှင်းဖြင့်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကြောက်ရွံ့မှုမ ရှိကြောင်း၊ ရွေးကောက်ပွဲမတိုင်ခင်နှင့် ရွေးကောက်ပွဲနေ့ တွင် ပြည်သူများသည် စည်းကမ်းရှိရှိ၊ မှန်မှန်ကန်ကန်၊ စိတ်ထားပြည့်ဝစွာဖြင့် အေးချမ်းတည်ငြိမ်စွာ ကျော်ဖြတ် သွားခြင်းကို တကမ္ဘာလုံး ကိုမြင်စေချင်ကြောင်းပြောသည်။
          ဆက်လက်၍ “ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နိုင်ဘို့ပဲလို့ပြောပရစေ၊ နိုင်ငံခြား များတွင်ရောက်နေတဲ့ ကျမတို့ မြန်မာနိုင်ငံသူနိုင်ငံသားတွေတောင်မှ မဲပေးပြီးသက်သေထူပြီးပြီ မြန်မာနိုင်ငံ သူနိုင်ငံသားများဟာ အစပေါင်းများစွာလုပ်ရဲရမယ်လို့ တိုက်တွန်းချင်ပါတယ်”ဟု ပြောသည်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts