တူမောင်ညို မှတ်စုမှတ်တမ်း

တူမောင်ညို – ရွေးကောက်ပွဲ နှင့် အချက်အလက်များ (၁၉၆၀ မှ ၂၀၁၅ )

 


တူမောင်ညို – ရွေးကောက်ပွဲ နှင့် အချက်အလက်များ (၁၉၆၀ မှ ၂၀၁၅ )

(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၅

(အိမ်စောင့်အစိုးရ) စစ်အစိုးရ

ပါတီစုံ ရွေးကောက်ပွဲ (၁၉၆၀ ဖေဖေါ်ဝါရီလ ၆ ရက်)

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၂၃၀) နေရာ အနက် (၂၁၈) နယ်၊

လူမျိုးစုလွှတ်တော်မဲဆန္ဒနယ် (၁၂၅) နေရာအနက် (၁၁၇) နယ်တွင်ရွေးကောက်ပွဲကျင်းပနိုင်ခဲ့သည်။

(နဝတ)စစ်အစိုးရ 

ပါတီစုံရွေးကောက်ပွဲ (၁၉၉၀ မေလ ၂၇ ရက်)

မူလလျာထားသည့် မဲဆန္ဒနယ်စုစုပေါင်း (၄၉၂) နေရာ အနက် (၄၈၅) နေရာကျင်းပခဲ့သည်။

နိုင်ငံရေးပါတီ (၉၃) ပါတီ ဝင်ရောက်ယှဉ်ပြိုင်

မဲဆန္ဒပေးပိုင်ခွင့်ရှိသူ သန်း ၂၀ ကျော် (၂၀၈၁၈၃၁၃) အနက် မဲဆန္ဒပေးသူ  ၁၅ သန်းကျော် (၁၅ ၁၁၂ ၅၈၄)

ဝင်ရောက်ယှဉ်ပြိုင်သူ (ပါတီကိုယ်စားလှယ်လောင်း ၂၂၀၉ +  တသီးပုဂ္ဂလ ၈၇ ) စုစုပေါင်း (၂၂၉၆) ဦး

နိုင်ငံရေး ပါတီ ၂၇ ပါတီ မှ (၄၇၉) ဦး၊ တသီးပုဂ္ဂလ ၆ ဦး စုစုပေါင်း (၄၈၅) ဦး ရွေးချယ်ခံခဲ့ရသည်။

အနိုင်ရပါတီ (NLD) အား အာဏာလွှဲပြောင်းပေးခြင်းမရှိခဲ့။

(နဝတ-နအဖ) စစ်အစိုးရ 

ပါတီစုံရွေကောက်ပွဲ (၂၀၁၀ နိုဝင်္ဘာ ၇ ရက်)

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၃၃၀) အနက် (၃၂၅) နေရာ

အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၃၃၀) အနက် (၁၆၈) နေရာ

တိုင်းဒေသကြီးနဲ့ ပြည်နယ်မဲဆန္ဒနယ် (တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ ခုအပါအဝင်)  (၆၇၃) အနက် (၆၆၁)နေရာ

နိုင်ငံရေးပါတီ (၃၇) ပါတီ ဝင်ရောက်ယှဉ်ပြိုင်

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၉ သန်းကျော် (၂၉၀၂၁၆၀၈) အနက် ၂၂သန်ကျော်မဲပေး (၂၂ ၄၂၁ ၁၂၃)

နိုင်ငံရေး ပါတီ ၂၂ ပါတီ မှ (၁၁၄၈) ဦး၊ တသီးပုဂ္ဂလ ၆ ဦး စုစုပေါင်း (၁၁၅၄) ဦး ရွေးချယ်ခံခဲ့ရသည်။

(ကြံ့ဖွံအစိုးရ) စစ်တပိုင်းအစိုးရ

ပါတီစုံရွေးကောက်ပွဲ (၂၀၁၅ နိုဝင်ဘာ ၈ ရက်) 

မဲပေးပိုင်ခွင်ရှိသူ ၃၃ သန်းနီးပါး

၂၃ အောက်တိုဘာ ၂၀၁၅ ကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးတို့ သံတမန်များအား Kempinski ဟိုတယ် ၌ ရှင်းပြချက်တွင်

အတည်ပြုပြီးလွှတ်တော်ကိုယ်စားလှယ်လောင်းစုစုပေါင်း (၆၀၆၅) ဦး

အမျိုးသားကိုယ်စားလှယ်လောင်း (၅၂၇၄) ၈၆ ဒသမ ၈ ရာခိုင်နှုန်း

အမျိုးသမီးကိုယ်စားလှယ်လောင်း (၈၀၀) ၁၃ ဒသမ ၂ ရာခိုင်နှုန်း

ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသော 
 မြို့နယ် ( ၅) မြို့နယ်

ရပ်ကွက် (၁၀) ရပ်ကွက် 
ကျေးရွာအုပ်စု (၅၈၈) အုပ်စု —- ဟူ၍ ဖော်ပြထားပါသည်။

ယင်းစာရင်းတွင် (UEC) ကြေညာချက်အမှတ် (၆၇/၂၀၁၅) တွင်ပါရှိသော

ရှမ်းပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် အောက်ပါ မြို့နယ်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ ထည့်သွင်းရမည်။

ရှမ်းပြည်နယ်အတွင်းရှိ

မိုင်းရှူးမြို့နယ် တစ်နယ်လုံး

ကျေးသီးမြို့နယ် တစ်နယ်လုံး

တန့်ယန်းမြို့နယ်ရှိ ကျေးရွာအုပ်စု (၈) စု

ဟိုပန်မြို့နယ်ရှိ၊ နမ့်တစ်မြို့မှ ရပ်ကွက်  (၅) ရပ်ကွက် နှင့်ကျေးရွာ အုပ်စု (၇၉) အုပ်စု တို့ထည့်သွင်းရမည်။

အစိုးရစစ်တပ်က တိုက်ပွဲတွေ ဆက်လက်တိုက်ခိုက်နေသဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် နယ်များ ရှမ်းပြည်နယ်/ ကချင်ပြည်နယ်တို့တွင် ဆက်လက်တိုးများလာစရာရှိသည်။

အချက်အလက်များကို

UEC website – မှ ကော်မရှင်သမိုင်း

သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ (၂၀၁၅)

နေ့စဉ်ထုတ် အစိုးရသတင်းစာများ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts

One thought on “တူမောင်ညို – ရွေးကောက်ပွဲ နှင့် အချက်အလက်များ (၁၉၆၀ မှ ၂၀၁၅ )
  1. 1990 15.5 Million voted 72.5%
    2011 22.4 million vote 77.2%

    Now how many will pay vote. Singapore estimated 100,000 myanmar . vote register 20,000 25% only. Real vote is ~15000 and 14900 people (99%) vote NLD.

    Wait and call Myanmar relatives to vote NLD.

Comments are closed.