Ni July ကဗျာ

နီဇူလိုင် – ကလေးတွေ အမြဲမှန်တယ်

နီဇူလိုင် – ကလေးတွေ အမြဲမှန်တယ်

(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၁၅

တချို့ လူကြီးတွေများ ခက်ပါတယ်
တုတ်ထိုးချိုချဉ်ကို … သစ်ပင်လားတဲ့
အိမ်တွေနဲ့ … အကျဉ်းထောင်တွေကိုလဲ မှားသေးရဲ့
စာအုပ်တွေကို… ခြေသုတ်ခုံလို့ ထင်လိုထင်
လွယ်အိတ်တွေကို… လက်နှီးစုတ်လို့ ပြောလိုပြော
အဆိုးဆုံးကတော့ …
သနားစရာ အကောင်းဆုံးကတော့
ကြယ်တွေကို… ကြယ်တွေမှန်း မသိကြရှာဘူးလို့
ခေတ်နံရံပေါ်မှာ …
အရုပ်လှလှရေးနေတဲ့ ကလေးလေးတွေက… ပြောသွားတယ်
ကလေးတွေ အမြဲမှန်တယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts