စာအုပ်စင် သတင်းပဒေသာ

အွန်လိုင်းက စာအုပ်မှာရင် အိမ်တိုင်ရာရောက်ပို့မယ့် Royalshop

 

အွန်လိုင်းက စာအုပ်မှာရင် အိမ်တိုင်ရာရောက်ပို့မယ့် Royalshop 

(နှင်းဆီဖြူဖေ့စ်ဘွတ်) မိုးမခ၊ အောက်တိုဘာ ၂၅၊ ၂၀၁၅

 

Royalshop.biz ဆိုသည့် အွန်လိုင်းစာအုပ်အရောင်း WebSite ရဲ့ သတင်းလေးကို ဝေမျှပေးလိုက်ပါတယ်။ Facebook မှာလည်း ဒီနာမည်အတိုင်းဖြစ်ပါတယ်။

 

 

ဒီကနေ့ Royal Garden Restaurant မှာ Website ဖွင့်ပွဲနဲ့ သူတို့ လုပ်ငန်းဆောင်တာ တွေကို ရှင်းလင်းမိတ်ဆက်တဲ့ ပွဲလေးကျင်းပခဲ့ပါတယ်။ ရန်ကုန်မြို့တွင်းနဲ့ နယ်မြို့များကို တစ်အုပ်ချင်းမှာယူမယ်ဆိုရင်တောင် စာအုပ်ဈေးရင်းအတိုင်း အိမ်အရောက်ပို့ပေးမယ့် စနစ်ကလေးဖြစ်ပါတယ်။ ၂သောင်းခွဲဖိုးနဲ့ အထက်မှာယူမယ်ဆိုရင် ၁၀% လျှော့ပေးမယ်လို့သိရပါတယ်။

ဆရာကြီးမင်းသုဝဏ်ရဲ့မြေး ကိုတင်ကျော်စိုးတို့ IT အဖွဲ့ရဲ့ နည်းပညာတွေနဲ့ Royal Express Delivery Service တို့ ပူးပေါင်းပြီး စာပေလောကရဲ့ စာအုပ်ဖြန့်ချိရး ကဏ္ဍကို နည်းနာတစ်မျိုးနဲ့ ကြံဆထိုးဖေါက်လာတာဖြစ်ပါတယ်။

 

လောလောဆည် အခု ဓာတ်ပုံတွေထဲမှာပါတဲ့ မြို့-၁၃မြို့ကို အိမ်တိုင်ရာရောက် Delivery စနစ်နဲ့ ပို့ပေးမှာဖြစ်ပြီး တခြားမြို့တွေကိုတော့ စာတိုက် စနစ်ကနေပို့ပေးမှာဖြစ်ပါတယ်။ စာအုပ်တိုက်တွေလည်း ဆက်သွယ်ပြီး စာအုပ်တွေ တင်နိုင်ပါတယ်။

 

အခု …

ကျွန်တော်များ နှင်းဆီဖြူတိုက် အပါအဝင်

တက်တိုးစာပေ

Key collection

မြရတနာစာပေ

ကျော်မွှေးစာပေ

ခေတ်ပြတိုက်စာပေ

နေရီရီစာပေ

နှစ်ကာလများစာပေ

စိတ်ကူးချိုချိုစာပေ

စိတ်ကူးသစ်စာပေ စတဲ့ စာအုပ်တိုက်က စာအုပ်က စာအုပ်တွေကိုတော့ ဝယ်ယူလို့ရရှိပြီဖြစ်ပါတယ်။

နှင်းဆီဖြူကို လှမ်းမှာလို့ဖြစ်စေ..၊ တိုက်ရိုက် Royalshop ကိုမှာလို့ပဲဖြစ်စေ နှင်းဆီဖြူတိုက်စာအုပ်များကို ဝယ်ယူအားပေးနိုင်ပြီဖြစ်ပါကြောင်း… စာချစ်သူ မိတ်ဆွေအပေါင်းကို သတင်းကောင်းပါးအပ်ပါတယ်။

RoyalShop.Biz စာပေအပေါ်ထားရှိတဲ့ စိတ်ရင်းစေတနာကောင်းအတိုင်း အကျိုးပေး တိုးတက်အောင်မြင်နိုင်ပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts