ဓာတ်ပုံသတင်း

ပုလိပ်များအကြမ်းဖက်မှု ဆန့်ကျင်ရေးနေ့ ကျောင်းသားများ လှုံ့ဆော်

 

@ SFSU – Student Protest –

ပုလိပ်များအကြမ်းဖက်မှု ဆန့်ကျင်ရေးနေ့ ကျောင်းသားများ လှုံ့ဆော်
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၁၅

@ SFSU – Student Protest –

အမေရိကန်ပြည်ရှိ ပုလိပ်များ၏ အကြမ်းဖက်မှုများကို ကန့်ကွက်တဲ့ တက်ကြွလှုပ်ရှားသူများက အောက်တိုဘာ ၂၂ ရက်ကို  “ပုလိပ်များ၏အကြမ်းဖက်မှုအား ဆန့်ကျင်ရေး လှုပ်ရှားမှုနေ့” (National Day of Action Against Police Brutality) အဖြစ် ၁၉၉၆ ကတည်းက သတ်မှတ်ပြီး စီတန်းလှည့်လည်မှု ဟောပြောပွဲများ လှုံ့ဆော်ကန့်ကွက်ပွဲများ လုပ်ဆောင်ခဲ့ကြပါတယ်။ အခု ယမန်နေ့ကလည်း နိုင်ငံအနှံ့မှာ နိုးကြားတက်ကြွသူ ကျောင်းသား လူငယ်များ လှုပ်ရှားသူအဖွဲ့အစည်းများက လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

@ SFSU – Student Protest –

ဆန်ဖရန်ဘေးဧရိယာက ဆန်ဖရန်စစ္စကိုစတိတ်ယူနီဗာစတီက  စိတ်ဝင်စားသူ ကျောင်းသားတွေက ကျောင်းဝင်းအတွင်း လှည့်လည်ချီတက်ပွဲနဲ့ ဟောပြောပွဲများ လုပ်ဆောင်ခဲ့ကြတာကို တွေ့ရပါတယ်။

@ SFSU – Student Protest –

 

@ SFSU – Student Protest –

 

@ SFSU – Student Protest –

အမေရိကန်ပြည်မှာ လက်နက်ကိုင်ဆောင်တဲ့ ပုလိပ်တွေက အလွန်အကျွံ အကြမ်းဖက်ပြီး ဖမ်းဆီးတာ ပစ်ခတ်တာတွေ လုပ်တာကြောင့် သာမန်ပြည်သူတွေ အများအပြား ထိခိုက် ဒဏ်ရာ ရတာ၊ သေဆုံးတာတွေ ဖြစ်ပွားနေတာ နေ့စဉ်အမျှဖြစ်ပါတယ်။

@ SFSU – Student Protest –

ဒါ့အပြင် ပုလိပ်တွေက ဖမ်းဆီးချုပ်နှောင်ထားစဉ်မှာ အထိန်းသိမ်းခံတွေကို အကြမ်းဖက် နှိပ်စက်တာကြောင့် သေကြေတဲ့အထိ ဖြစ်နေတာတွေ ရှိပါတယ်။ သည်အတွက် ပုလိပ်တွေရဲ့ အဓမ္မလုပ်ဆောင်မှုတွေကို ကန့်ကွက် ရှုပ်ချနိုင်ရေး၊ တရားဥပဒေနဲ့အညီ အရေးယူနိုင်ရေး၊ ကာကွယ်တားဆီးနိုင်ရေးအတွက် တက်ကြွသူတွေက လှုပ်ရှားမှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

၂၀၁၅ မတ်လတလတွင်းမှာတင် ပုလိပ်က ပစ်လို့ အမေရိကန်မှာ လူသေတာ ၉၇ ဦး ရှိခဲ့ပါတယ်။

 

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts