News Yan Naung (Bo Ta Htaung)

နိုင်ငံရေးတွေ မပြောချင်ဘူး ဆိုတဲ့ ` မေခလာ ´

နိုင်ငံရေးတွေ မပြောချင်ဘူး ဆိုတဲ့ ` မေခလာ ´
 
ရန်နောင် (ဗိုလ်တထောင်)   မိုးမခ    အောက်တိုဘာ  ၂၀  -၂၀၁၅
 
       နိုင်ငံကျော် စတီရီယို အဆိုတော်  မေခလာ၏ တေးစီးရီးသစ်  တခွေ  ခေတ်ကာလ
နှင့်လျော်ညီစွာ ထွက်ပေါ်လာခဲ့သည်။ ထိုအခွေအား ` နိုင်ငံရေးတွေ မပြောချင်ဘူး ´ လို့  အမည်ပေးထားသည်။ ပထမ ထိုအခွေကို  ` ရွှေဖလားပဲလိုချင်တယ်  ´ ဟု အမည်ပေးထားသောာ်လည်း  ယခု ပြောင်းလဲ ထုတ်ဝေခြင်း ဖြစ်သည်။
          အဆိုပါတေးစီးရီးခွေ  စာနယ်ဇင်းမိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ
အောခစ် ဟိုတယ်၌  အောက်တိုဘာ ၁၆ ရက် နေ့လယ်
(၁) နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
          မေခလာသည်
စာနယ်ဇင်းများနှင့် ရင်းနှီးသော ဝါရင့်အဆိုတော် ဖြစ်သဖြင့်လည်း စာနယ်ဇင်းဆရာကြီးများ
ကိုယ်တိုင်  ပွဲသို့ တက်ရောက်လာသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

 

 

 

 
          အစီအစဉ်အရ
ဆရာဦးမြတ်ခိုင်၊ ဆရာအောင်စိုးသူ ၊ ဂစ်တာနိုင်ဇော်၊ တေးရေး နိုင်မြန်မာ၊ ကိုကျော်ဇေယျ(ပရို)
တို့က တေးစီးရီးနှင့် ပတ်သက်၍ အမှတ်တရ မုဒိတာစကား ပြောကြားပေးခဲ့ကြသည်။
          မေခလာ
က တေးစီးရီး နှင့်ပတ်သက်၍ အမှတ်တရ စကား မပြောကြားခင်  တေးစီးရီး ခေါင်းစဉ် သီချင်း ဖြစ်သော ` နိုင်ငံရေးတွေ
မပြောချင်ဘူး ´ တေးသီချင်းကို ခင်ပွန်းဖြစ်သူ သရုပ်ဆောင်ရန်ကျော် နှင့် အလင်းတန်းဂျာနယ်အယ်ဒီတာ
ကိုလင်းနိုင်ဦး တို့နှင့်တွဲဖက်၍ သီဆိုဖျော်ဖြေပြီး အဆိုတော် ဗျူဟာနှင့်တွဲဖက်၍ လည်း
“ Up To Date May Kha Lar ” သီချင်းကိုလည်း တွဲဖက် ဖျော်ဖြေခဲ့သည်။
          မေခလာ
၏ ` နိုင်ငံရေးတွေ မပြောချင်ဘူး ´ တေးစီးရီးခွေတွင် တေးရေးဆရာများ ဖြစ်ကြသော
 နိုင်မြန်မာ၊ကိုင်ဇာ၊
စိုးလွင်လွင်၊ ညီညီသွင်၊ ဗျူဟာ၊ မင်းရံ တို့က ရေးဖွဲ့ သီကုံးပေးထားကြသည်။
ဗျူဟာ နှင့် မင်းရံတို့ကလည်း ပါဝင်အားဖြည့် သီဆိုပေးထားသည်။
          အတီးပိုင်းတွင်
နိုင်ဇော်(လေးဇီးကလပ်)၊ ဗျူဟာ နှင့် ဂီတမှူးအောင်ကို တို့ တီးခတ်ပေးထားပြီး Mixing
& Mastering ပိုင်းကို ကျော်ဇေယျ(ပရို)က တာဝန်ယူ လုပ်ဆောင်ပေးထားကြောင်း ပြောကြားရှင်းလင်းခဲ့သည်။
          တေးစီးရီး
အယ်လ်ဘမ် မထွက်ခင်ကတည်းက အွန်လိုင်းတွင် အဆိုပါ ` နိုင်ငံရေးတွေ မပြောချင်ဘူး ´ တေးသီချင်းမှာ
အလွန်ပင် လူကြိုက်များနေသည်ကိုလည်း အွန်လိုင်းသုံးစွဲသူများ ထံမှ  သိရှိရသည်။
          အဆိုပါတေးစီးရီး
အယ်လ်ဘမ်ကို အောက်တိုဘာလ (၂၀) ရက်နေ့တွင် Myanmar Music Network မှ  ဖြန့်ချိမည်ဖြစ်ပြီး တေးစီးရီး ရောင်းရငွေများကို
ရေဘေးသင့်ပြည်သူများအား လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း ထပ်မံသိရှိရသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts