ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – နာကျည်းမျက်ဝန်း ဆုံခဲ့ရင်

ကျော်ဟုန်း – နာကျည်းမျက်ဝန်း ဆုံခဲ့ရင်
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၁၅

လူဖြစ်လာရင်
လူတန်းစေ့ချင်
လူ့ သဘာဝ။

လူကို လူချင်း
လူဝါးဝတော့
လူကို လူချင်း
လူ မမြင်တော့
လူ့ သိက္ခာတွက်
လူ မာန် လူ ဟန်
ပြတတ်စမြဲ။

စပရိင်တောင်
ဖိလေ ကြွလေ
လူဆိုတာက
ဖိလေ ထလေ။

အားမတန်လို့
ငုံ့ ခံရလည်း
မကျေအခဲ
ရှိတတ်စမြဲ။

ပြောင်းချိန်တန်ပြီ
ပြောင်းဖို့ ညီနေ
ဟိုမှာ ရဲရဲ
ဒီမှာ နီနီ
ညီတူ စည်စည်
ဖြစ်နေမှတော့

ဟေ့…
အကွက် ကစား
အကြံသမား
ညစ်လုံးထွင်ဖို့ 
မစဉ်းစားနဲ့ 
အပြစ်တန်ပြန်
သင့်ရင် မလွယ်။ ။

ကျော်ဟုန်း
(ငယ်ငယ်တုန်းက ခေတ်စားတဲ့ လေးလုံးစပ်ကဗျာဟန်အတိုင်း ရေးဖွဲ့ ကြည့်တာပါ။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts