ဓာတ်ပုံသတင်း

NLD ပညာရေး နှင့် ကျန်းမာရေးကွန်ရက် ရေဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေ ဖျော်ဖြေပွဲ အောင်မြင်စွာကျင်းပပြီးစီး၊ (အမေရိကန်နိုင်ငံ၊ နယူးရော့ခ်မြို့)

NLD ပညာရေး နှင့် ကျန်းမာရေးကွန်ရက် ရေဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေ ဖျော်ဖြေပွဲ အောင်မြင်စွာကျင်းပပြီးစီး၊ (အမေရိကန်နိုင်ငံ၊ နယူးရော့ခ်မြို့)

သတင်း၊ မှတ်တမ်းတင်ဓါတ်ပုံ။ ကိုမျိုး 
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၅
NLD ပညာရေးနှင့် ကျန်းမာရေးကွန်ရက်၊ ရေဘေးသင့် ဒေသများပြန်လည် ထူထောင်ရေး အတွက်ရန်ပုံငွေ ဖျော်ဖြေပွဲကို အောက်တိုဘာ ၁၀ ရက်တွင် အမေရိကန်နိုင်ငံ နယူးရော့ခ်မြို့၌ ပြုလုပ်ခဲ့ရာ
ကြွရောက်လာသောဧည့်ပရိဿတ်များထံမှ လှူဒါန်းငွေအမေရိကန်ဒေါ်လာ ၄၆,၀၀၀ ကျော်လက်ခံရရှိခဲ့ပြီး၊ အခမ်းအနားကို ကမ္ဘာမကြေနိုင်ငံတော်သီချင်းဖြင့်ဖွင့်လှစ်၍ အဆိုပါဖျော်ဖြေပွဲတွင် မြန်မာအနုပညာရှင် ဆောင်းဦးလှိုင်၊ Rဇာနည်၊ ဥက္ကာဦးသာ၊ ထွန်းအိန္ဒြာဗိုနှင့် နီနီခင်ဇော်တို့ ပါဝင် ဖျော်ဖြေခဲ့ကြခြင်း ဖြစ်သည်။
မြန်မာအနုပညာရှင်များသည် NLD ပညာရေးနှင့် ကျန်းမာရေး ကွန်ရက်၊ ရေဘေးသင့် ဒေသများ  ပြန်လည် ထူထောင်ရေး ရန်ပုံငွေ အတွက် အမေရိကန်နိုင်ငံရှိ မြို့ကြီးများ၌ ဖျော်ဖြေပွဲများ ပြုလုပ်နေခြင်းဖြစ်ပြီး ယခုအခါ ပဉ္စမမြောက်
ဖျော်ဖြေပွဲအဖြစ် နယူးရော့ခ်မြို့၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကြွရောက်လာသောပရိဿတ်များထံမှ NLD ပညာရေးနှင့် ကျန်းမာရေးကွန်ရက်ရန်ပုံငွေ ရေဘေးသင့် ဒေသများပြန်လည် ထူထောင်ရေးအတွက် အမေရိကန်ဒေါ်လာ ၄၆,၀၀၀ ကျော် လှူဒါန်းငွေအဖြစ်ပေးအပ်နိုင်ခဲ့ကြပါသည်။

https://www.facebook.com/komyoe/media_set?set=a.10153676458983827.552823826&type=3


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts