တူမောင်ညို သူတို့အာဘော်

တူမောင်ညို – ရွေးကောက်ပွဲ ရွေ့ဆိုင်းမည်ဆိုသောသတင်း နှင့် ဆောင်းပါး ၃ ပုဒ်ထဲက ကောက်နုတ်ချက်များ

တူမောင်ညို  – ရွေးကောက်ပွဲ ရွေ့ဆိုင်းမည်ဆိုသောသတင်း နှင့် ဆောင်းပါး ၃ ပုဒ်ထဲက ကောက်နုတ်ချက်များ
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၅

(လူတိုင်း မယုံကြည်မှု နဲ့သံသယပွားနေရတာတွေထဲမှာ ကြီးမားတဲ့အချက်တစ်ခုက ရွေးကောက်ပွဲကို ကတိပေးပြောကြားထား တဲ့နေ့ရက်မှာ တကယ်ပဲကျင်းပဖြစ်ပါ့မလားဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့မှာ ရွေးကောက်ပွဲ မုချဆတ်ဆတ် ကျင်းပဖြစ် မယ်လို့ ဘယ်သူအာမခံဝံ့သလဲ။ ကော်မရှင်ဥက္ကဋ္ဌက အကြိမ်ကြိမ်ပြောနေတာပဲဆိုတာကို ဘယ်သူ အခိုင်အမာ ယုံကြည်လက်ခံရဲသလဲ။ ရွေးကောက်ပွဲ ရွှေ့ဆိုင်းနိုင်တဲ့ အခွင့်အာဏာဟာ ကော်မရှင်လက်ထဲမှာရှိတဲ့ကိစ္စပဲ။ အချိန်မရွေးပြောင်းနိုင်ရွှေ့နိုင်တယ်။ အကြောင်းပြ ချက်ဆိုတာ သူတို့အဖို့ ပါးစပ်ကပေးဖို့မခက်သလို၊ လိုချင်တဲ့အကြောင်းပြချက်ကိုလည်း ဖန်တီးလိုက်ဖို့လည်း ငှက်ပျောသီး အခွံနွှာရတာ ထက် လွယ်ပါတယ်။)

(တူမောင်ညို – အတိုက်အခံပါတီ ရွေးကောက်ပွဲမှာ ရာနှုန်းပြည့်နိုင်ပါစေ September 15, 2015)
(http://moemaka.com/archives/45928)
—————————

(နိဂုံးချုပ်ရရင် (NLD) ပါတီရဲ့ “ရာနှုန်းပြည့်အနိုင်ရရေး” ကို ရင်ဆိုင်တဲ့အခါ စစ်အုပ်စုအနေနဲ့ အရင်လို ကြိုတင်မဲလောက်နဲ့ တင်မရတော့ဘဲ၊ မဲစာရင်းတမင်မှားယွင်းမှုကနေ အစချီပြီး ထောင့်စေ့ကွက်စေ့ ညစ်ပတ်မှုတွေကို နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး အထက်လမ်း၊အလယ်လမ်း၊ အောက်လမ်း နည်းစုံလမ်းစုံ၊ မီးကုန် ယမ်းကုန် သုံးပြီး ဆောင်ရွက်နေပါပြီ။ နောက်ဆုံးနည်းလမ်းကတော့ တည်ငြိမ်အေးချမ်းမှုကို အလွယ်တကူ ဖန်တီး အကြောင်းပြပြီး  ရွေးကောက်ပွဲတွေ ရွှေဆိုင်းတာ၊ ရွေးကောက်ပွဲရလဒ်တွေ ကမောက် ကမ ဖြစ်စေတာ၊ အခြေခံဥပဒေနဲ့အညီ လွှတ်တော်ဖျက် အာဏာသိမ်းတာမျိုးလည်း လုပ်နိုင်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့သူတို့ စိတ်ကြိုက်ရေးဆွဲ အတည်ပြုထားတဲ့ အခြေခံဥပဒေက ဥပဒေနဲ့အညီ နည်းလမ်းတွေ၊ အာဏာတွေ ပေးအပ်ထားတယ် မဟုတ်ပါလား။)

( တူမောင်ညို – အမှန်တကယ် အပြောင်းအလဲအတွက် နိဒါန်းသစ် September 21, 2015)
(http://moemaka.com/archives/46059)

—————————————–

(“၃၀ ရာခိုင်နှုန်းပဲမှန်မယ်” ဆိုတဲ့ မဲစာရင်းနဲ့ “ရာနှုန်းပြည့်အနိုင်ရရေးနဲ့ အမှန်တကယ်ပြောင်းလဲရေး”ကို မျှော်မှန်းလို့ ဖြစ်နိုင် ပါ့မလား။ ရွေးကောက်ပွဲကော်မရှင်နဲ့အစိုးရဘက်က ညစ်လုံးညစ်ကွက်တွေဟာ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းအထိ ရေလှိုင်းတွေလို ဆင့်ကာဆင့်ကာ တမျိုးပြီးတမျိုး မရိုးရအောင် အဆက်မပြတ်ပေါ်ထွက်လာနေဦးမှာပါ။ မဲစာရင်း ပထမအကြိမ် မှားတယ်။ ဒုတိယအကြိမ် ပိုမှားတယ်။ မှားလေပြင်လေ၊ ပိုမှားလေဖြစ်နေပါတယ်။ ဦးတင်အေးရဲ့ တမင်ညစ်မှားဝင်္ကဘာထဲမှာပျက်စဉ်ပြင်ခဏဆိုပြီး လိုက်လံပြင် ဆင်နေမယ်ဆိုရင် အိပ်ပေါက်နဲ့ဖားကောက်နေသလိုသာဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ပြည်သူကို လှုံ့ဆော်ပြီး ပြည်သူနဲ့အတူ အရေးဆိုပါ၊ တိုက်ပွဲဝင်ပါလို့ ပန်ကြားပါတယ်။)

( တူမောင်ညို – တိုက်ပွဲဝင်စိတ်ဓါတ်နဲ့နည်းနာ ချို့တဲ့ခြင်းမှ လွတ်ကင်းရေး September 29, 2015)
(http://moemaka.com/archives/46236)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “တူမောင်ညို – ရွေးကောက်ပွဲ ရွေ့ဆိုင်းမည်ဆိုသောသတင်း နှင့် ဆောင်းပါး ၃ ပုဒ်ထဲက ကောက်နုတ်ချက်များ
  1. ကောမရှင်က ရက်မရွှေ့ဘူး ဆုံးဖြတ်တာ ကောမရှင်အဖွဲ့ဝင် စစ်ဗိုလ်များများက မညစ်လိုကြောင်း မီးစိမ်းပြလိုက်တာပါ။ သူတို့ကို ကျေးဇူးတင်ပါတယ်။

Comments are closed.