ကဗျာ

လင်းနွေးအိမ် – ဗိုလ်ကျမှုဆန့်ကျင်ခန်း

လင်းနွေးအိမ် – ဗိုလ်ကျမှုဆန့်ကျင်ခန်း
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၅

NLD ထောက်ခံပွဲဆိုတာ
ဗိုလ်ကျမှုဆန့်ကျင်ပွဲပါပဲ။

ယူနီဖောင်းနဲ့ပဲ ဗိုလ်ကျကျ
အရပ်ဝတ်နဲ့ပဲ ဗိုလ်ကျကျ
စာဖတ်ရင်းပဲ ဗိုလ်ကျကျ
ဥပဒေပြဌာန်းပြီးပဲ ဗိုလ်ကျကျ
လူမိုက်ငှားပြီးပဲ ဗိုလ်ကျကျ
သံဃာစင်အောက်ကပဲဗိုလ်ကျကျ
ဘယ်လိုဗိုလ်ကျမှုမှ မလိုချင်တော့တဲ့
ပြည်သူ့ဆန္ဒဖော်ပြတဲ့ပွဲဖြစ်တယ်။

လမ်းမပေါ်ကိုထွက်လာကြ
ဖေ့ဘွတ်ပေါ်ကိုတက်လာကြ
ရောက်ရာအရပ်မှာ
က..ကြ
ခုန်ကြ
ရောင်စုံချယ်မှုန်း ထုံကူးကြ။

သာယာတဲ့ကမ္ဘာကြီးရဖို့
ချော်ရည်ပူကစခဲ့တယ်။

လင်းနွေးအိမ်
အောက်တိုဘာ ၁၂ ရက် ၂၀၁၅။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts