Han Thit Naing ဓာတ်ပုံသတင်း

ပုဒ်မ၁၈ဖြင့်စွဲဆိုခံထားရသော ဦးနေမျိုးဇင် အမှု တခုမှ လွတ်မြောက်

 

ပုဒ်မ၁၈ဖြင့်စွဲဆိုခံထားရသော ဦးနေမျိုးဇင် အမှု တခုမှ လွတ်မြောက်

ဟန်သစ်နိုင်၊ မိုးမခ၊ အောက်တိုဘာ ၁၂ရက်၊ ၂၀၁၅
          ဦးနေမျိုးဇင်သည် လွတ်လပ်ရေးကျောက်တိုင်ရှိ စာတမ်းများကို လူငယ်လေးများအား ဖတ်ပြမှုဖြင့် ကျောက် တံတားရဲစခန်းမှ ပုဒ်မ၁၈နဲ့ တရားစွဲထားသော်လည်း အောက်တိုဘာ ၁၂ရက်နေ့တွင်  ကျောက်တံ တားမြို့နယ် တရားရုံးမှ အပြစ်မရှိဟု အမိန့်ချဆုံဖြတ်ခဲ့သဖြင့် ၄င်းအမှုမှာ ကွင်းလုံးကျွတ် လွတ် မြောက်ခဲ့သည်။
          ဒီဇင်ဘာ ၇ရက် ၂၀၁၄ခုနှစ်တွင် ဦးနေမျိုးဇင်နှင့် လူငယ် ၁၃ဦးသည် ဗိုလ်ချုပ်အောင်ဆန်း ပိုစတာများ
ကိုကိုင်ဆောင်ပြီး မဟာဗန္ဓုလပန်းခြံတွင်း၌ရှိသော လွတ်လပ်ရေးကျောက်တိုင်မှ လွတ်လပ်ရေးကြေညာစာတမ်း များကို ဦးနေမျိုးဇင်မှ လူငယ်လေးများအား စာဖတ်ပြခဲ့သည်။ 
၎င်းပိုစတာများကိုင်ဆောင်ပြီး စာဖတ်ပြမှုဖြင့် ကျောက်တံတားမြို့နယ် ခေတ္တရဲမှူးဦးတင်လှမှ တရားလိုပြုလုပ်၍ ပုဒ်မ၁၈ဖြင့်တရားစွဲခဲ့သော်လည်း အောက်တို ဘာ ၁၂ရက်နေ့တွင် ကျောက်တံတား မြို့နယ် တရားသူကြီးဦးဝင်းဇော်ညွှန့်မှ ဆုံးဖြတ်ရာတွင် ၄င်းတရားလို ပြုလုပ်ထားသောအမှုသည် အကြောင်းအကျိုးခိုင်လုံမှုမရှိသဖြင့် ဦးနေမျိုးဇင်အား အပြစ်မရှိကြောင်းဖြင့် လွှတ်မြောက်မှုရခဲ့သည်။

          တရားရေးတွင် တရားသူကြီးဆုံးဖြတ်ခဲ့သောစကားများကို ဦးနေမျိုးဇင်မှပြောပြရာ မိမိဆန္ဒကို ထုတ် ဖော်ပြသခြင်းမဟုတ်ပဲနဲ့ နိုင်ငံသားတစ်ဦးရဲ့တာဝန်ကို မိမိအသိစိတ်ဓါတ်ဖြင့် ထမ်းဆောင်ခဲ့ကြောင်း၊  မျိုးဆက်သစ် လူငယ်လေးများကို နိုင်ငံလွတ်လပ်ရေးနဲ့ပတ်သက်ပြီး ကာကွယ်စောင့်ရှောက်ထိန်းသိမ်းဖို့ သွန်သင်ပြသပေးတဲ့ လုပ်ဆောင်ချက်သာပေါ်လွင်ကြောင်း၊ အကိုးအကားအချက်အလက်များသုံးနှုန်းပြီး မိမိတွင်အပြစ်မရှိဟု တရားသူကြီးက အမိန့်ချမှတ်ခဲ့ကြောင်း ပြောပြသည်။

          ဆက်လက်၍ တရားဥပဒေစိုးမှုနဲ့ပတ်သက်ပြီး “တရားရေးဌာနရဲ့အထက်က အုပ်ချုပ်ရေးဌာနက စီးပိုးပြီးထင်သလို တရားစွဲခြင်းမျိုး၊ အမိန့်ချခြင်းမျိုးတွေ ထပ်မံမပေါ်ပေါက်လာပဲ စစ်မှန်တဲ့တရားမျှတမှု၊ ဥပဒေစိုးမိုးမှု၊ မှန်ကန်မျှတစွာ ဆောင်ရွက်သွားကြဖို့လိုတယ်” ဟုပြောသည်။

         လက်ရှိ ထောင်ဒဏ် ၅နှစ်ချထားခံရသော ဦးနေမျိုးဇင်သည် ယခုအမှုမှာအပြစ်မရှိလွတ်မြောက်သော် လည်း နောက်ထပ် စွဲဆိုထားသောအမှုများကို ရင်ဆိုင်ရအုံးမည်ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts