ဟန်သစ်နိုင်၊ မိုးမခ၊ အောက်တိုဘာ ၁၁ရက်၊ ၂၀၁၅
ဈေးတာဝန်ခံက ၄.၂.၂၀၁၅ခုနှစ် ထုတ်ပြန်ကြေညာထားချက်အရ သိမ်ကြီးဈေး(ဃ)ရုံ နံရံများတွင် ကပ်ထားသောကြွေပြားများ မကြာခဏပြုတ်ကျနေသဖြင့် လမ်းသွာလမ်းလာများနှင့် ရပ်နားထားသော မော်တော်ကားများအတွက် အန္တရာယ်ရှိနိုင်သောကြောင့် ဈေးတာဝန်ခံများက အထက်ပါဖြစ် စဉ်ကို မြိ့တော်စည်ပင်သာယာရေးကော်မတီသို့ တင်ပြအစီခံထားသော်လည်း ပြင်ဆင်ဆောင်ရွက် မှုနှေးကွေးနေကြောင်း သိရသည်။
၎င်းအဆောက်အဦးများနှင်ပတ်သက်ပြီး မြို့တော်စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ တာဝန်ရှိသူကဖြေကြားခဲ့ရာတွင် ဈေးတာဝန်ခံများက မြို့တော်စည်ပင်သို့ တင်ပြထားခြင်းရှိသည့်အ တွက် ဈေးများဌာန တာဝန်ခံအင်ဂျင်နီယာမှ ပြင်ဆင်ဆောင်ရွက်ပေးလျှက်ရှိနေကြောင်း၊ ကြွေပြားများမကြာ ခဏပြုတ်ကျနေခြင်းမျိုးမရှိသော်လည်း အဆောက်အဦးတစ်ခုလုံး ပြုပြင်ရန်အတွက် စစ်ဆေးဆောင်ရွက် လျှက်ရှိနေကြောင်း ဖြေကြားခဲ့သည်။
ဆက်လက်ပြီး “ဒီအဆောက်အဦးမှာ အန္တရယ်ရှိလောက်အောင် ပျက်စီးနေခြင်းမဟုတ်ပါ၊ ဌာနဘတ်ဂျက်အပေါ်မူတည်ပြီး အန္တရယ်မရှိအောင် ပြင်ဆင်ဆောင်ရွက်ပေးလျှက်ရှိနေပါတယ်” ဟု ပြောသည်။
၎င်းဈေးများတွင် ကားမောင်နေသူတစ်ဦးမှလည်း “ဒီအဆောက်အဦးမှ ကြွေပြားများ မကြာခ ဏပြုတ်ကျလေ့ရှိတယ်၊ ဘယ်အချိန်အခါထပ်ပြီးပြုတ်ကျမှန်းလဲမသိတော့ လမ်းသွားလမ်းလာများနဲ့ ရပ်ထားသောမော်တော်ကားများအတွက် အန္တရယ်ရှိပါတယ်၊ တာဝန်ရှိသူများကလည်း သေသေချာချာ အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးစေချင်ပါတယ်” ဟုပြောပြသည်။