ကဗျာ ချမ်းမြ (မိုးမခအထောက်တော်)

ချမ်းမြ – ”ခြ င်္သေ့ တွေဖတ်ဖို့ ရေးတဲ့ကဗျာ”

 
ချမ်းမြ – ”ခြ င်္သေ့ တွေဖတ်ဖို့ ရေးတဲ့ကဗျာ”
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၅
 
ခြ င်္သေ့တစ် ကောင် က ပြောတယ်

ကဗျာဆရာဆိုတာ

ဘုရားသခင် ကဖန် ဆင်းလွှတ် လိုက် တဲ့

နတ် ဆိုးတစ် ကောင် တဲ့….။

 
ကဗျာဆရာဆိုတာ

ခင် ဗျားပြောသလို

နတ်ဆိုး တကောင်ပဲဆိုပါစို့

ဒီ နတ် ဆိုး တွေကပဲ

မြန် မာ နိုင် ငံကိုကယ် တင် ကြလိမ့် မယ်

မြစ် ဆုံ ကို အပြီးပိုင် ရပ် စဲကြလိမ့် မယ်

ကြေးနီ တောင် ကို ပြန် ယူကြလိမ့် မယ်

လယ် တီသိမ် ကိုပြန် ဆောက် ကြလိမ့် မယ်

ကိုပါကြီး အမှု့ကို အဆုံး သတ် ပေးလိမ့် မယ်

ငါး လောင်းပြိုင် လူသတ် မှု့ကို ဖော် ထုတ် ကြလိမ့် မယ်

စားဖား တွေကို တိုင်းပြည် က မောင်းထုတ် ကြလိမ့် မယ် 

 
အဲဒီ နတ် ဆိုး တွေက

သူ့တိုင်းပြည် ကိုရောင်းမစားဘူး

ကျွန်းသစ် တွေကိုလည်း မခုတ် ဘူး

ပညာ ရေးကိုလည်းအ မှောင် မချဘူး

တစ် သက် တစ် ကျွန်းကို ရှစ် ရက် နဲ့ မလွှတ် ဘူး 

 
ဟုတ် တယ် ကျုပ် တို့ ကနတ် ဆိုး တွေ

ခေတ် အဆက် ဆက် သမိုင်းထဲမှာ

လူ တွေရဲ့ နှုတ် ခမ်းဝမှာ

တမ်းတ နေရမယ့်  နတ် ဆိုး

သမိုင်းရဲ့ကဗ္ဗည်းရှင် 

 
ဟော….ခွပ် ဒေါင်းတွန် သံကြား နေရပြီ

သိပ် မကြာခင် မှာ

အာရုံတက် တော့မယ်

ဘယ် သူ တွေကနတ်ဆိုးလည်းဆိုတာကို

ဘုရားသခင် ကပဲ ဆုံးဖြတ် ပေးလိမ့် မယ် ။    ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts