ဓာတ်ပုံသတင်း

သွန်းခ – ၈နှစ်ပြည့် မျိုးဆက်သစ်လူငယ်များအစည်းအရုံး

 

သွန်းခ – ၈နှစ်ပြည့် မျိုးဆက်သစ်လူငယ်များအစည်းအရုံး 

(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၅

မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) ၏ ၈ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် ၊ပြည်လမ်းမပေါ်ရှိ ပြင်သစ်အနုပညာဌာနတွင် ၉၊ ၁ဝ၊ ၂ဝ၁၅ ညနေ ၆နာရီခွဲအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မျိုးဆက်သစ်လူငယ်များ အစည်းအရုံးဥက္ကဌ ကိုမိုးသွေးမှ အစည်းအရုံးဖြစ်ပေါ်လာခဲ့ပုံ အကျဉ်းချုပ်နှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များအား အမှတ်တရ စကားအဖြစ် ပြောကြားသွားခဲ့ပါသည်။

မျိုးဆက်သစ်လူငယ်များအစည်းအရုံး၏ မှတ်တမ်းတင်ပုံရိပ်တို့အားလည်း အမှတ်တရဖော်ပြခဲ့ရာတွင် တက်ကြွသည့်လူငယ်များ၏ နောက်ခံတေးသီချင်းသံများနှင့် တင်ဆက်သွားခဲ့ပါသည်။

ဆက်လက်၍ ကဗျာရွတ်ဆိုခြင်းအစီအစဉ်တွင် ကဗျာဆရာများဖြစ်ကြသည့် စောဝေ၊ ခန့်မင်းထက်၊ ကိုသိန်းကျော် တို့မှကိုယ်ပိုင်ကဗျာများအား အနုပညာ များအဖြစ်ရွတ်ဆိုသွားခဲ့ခြင်းသည်။

အာဏာရှင်ဖိနှိပ်မှုကိုလုံးဝ မလိုလားကြောင်း ဖော်ထုတ်ရာရောက်ခဲ့သောကြောင့် အခမ်းအနား တက်ရောက်ကြသူများ၏ အားပါးတရ လက်ခုပ်သံများဖြင့်ချီးမြှင့်ခြင်းခံခဲ့ရပါသည်။
ထို့နောက် လူငယ် ပရိသတ်များအကြိုက် ခေတ်ပေါ်တေးဂီတများဖြင့် ဆက်လက်ဖျော်ဖြေခဲ့ရာမိုးဖွဲဖွဲ ရွာနေခဲ့သော်လည်း တက်ကြွလှုပ်ရှားသူလူငယ်များ၊ သတင်းမီဒီယာများ၊ အစည်းအရုံးအား ထောက်ပံ့အားပေးကြ သူများ၊ လွတ်လပ်စွာနေထိုင်လိုကြသူလူငယ်များ တခဲနက်အားပေးခဲ့ကြပါသည်။

 

အခမ်းအနားပြုလုပ်ရာ မြက်ခင်းပြင်တွင်လူပြည့်နေသကဲ့သို့ လူငယ် ဂရပ်ဖတီအနုပညာ ဖန်တီးသူ RUSH နှင့် MONSTA တို့၏ ဂရပ်ဖတီ ဖန်တီးနေကြပုံကိုလည်း စင်မြင့်၏ ညာဘက်တွင် အားပေးသူရွှေပွဲလာများနှင့်အတူ တွေ့မြင်ခဲ့ရပါသည်။

မှတ်တမ်းဓါတ်ပုံများလည်း ထိုနေရာ၌ပင် ပြသထားရာ ကြည့်ရှုသူအများအပြား နှင့် Generation Wave မျိုးဆက်သစ်လူငယ်များအစည်းအရုံး၏ ၈ နှစ်ပြည့် အမှတ်တရအခမ်းအနားသည်စည် ကားခဲ့သည့် ပွဲတစ်ပွဲအဖြစ် မြင်တွေ့ခဲ့ရပါသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts