ကဗျာ စောဝေ

စောဝေ – “မိစ္ဆာတွေ မောင်းထုတ်”

စောဝေ – “မိစ္ဆာတွေ မောင်းထုတ်”
(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၁၅

၁၉၈၈ ဒီမိုကရေစီမျှော်လင့်ချက်
ကိုင်စွဲခဲ့တဲ့ ပြည်သူတွေကို
ကျည်ဆံမိုးတွေရွာဖြိုး
အညွန့်တွေကျိုးခဲ့ရ နှစ်နှစ်ဆယ်ကျော်
မိစ္ဆာတွေ မောင်းထုတ်။

တိုင်းပြည်ကို စစ်ဇာတ်ခင်းလို့
လက်နက်၊ အာဏာနဲ့
ကိုယ်ကျိုးစီးပွားထူထောင်
ကမ္ဘာက ကျဉ် တရုတ်ကခင်
ဘုရားသား၊ ကျောင်းသား
အရပ်သား၊ တိုင်းရင်းသား
ကောင်းတယ်ဆို ထောင်ထဲထည့်
မိစ္ဆာတွေ မောင်းထုတ်။

တစ်သက်လုံး လက်နက်ကိုင်
တစ်သက်လုံး စစ်တိုက်
တစ်သက်လုံး အခွင့်ထူးခံ
သူသိသူတတ် သူအာဏာရှင်
မရိုးနိုင်တဲ့ အကွက်ဆန်းတွေနဲ့
ပြည်သူကို နှဖားကြိုးထိုးတဲ့
အသင်းကြီးကိုဖွဲ့
ဂွတ္တလစ်၊ ဒီပဲယင်း
၉၆-၂၀၀၇ ကျောင်းသား၊ သံဃာ
သွေးမြေကျအုပ်ချုပ်
မိစ္ဆာတွေ မောင်းထုတ်။

တိုင်းပြည်ရဲ့ အသွေးအသား
အရေးကြီးတဲ့ အခြေခံဥပဒေဆိုတာ
အာဏာရစ်မူး စစ်ဘီလူးကြီးတွေက
နှစ်ပေါင်းများစွာရေးဆွဲ
အာဏာရူးကြီးကြိုက်ဖို့
လူတစ်ဦးကို ဖယ်ထုတ်
လူ့အသက်ပေါင်းသိန်းချီ
ကိုက်ချီသွားတဲ့ နာဂစ်ကျခါမှ
၂၀၀၈ ခြေဥတဲ့
အာဏာရှင်မိသားစုတွေရဲ့
အကျိုးစီးပွားကို ကာထားတဲ့
ခြံစည်းရိုးဥပဒေများ
မိစ္ဆာတွေမောင်းထုတ်။

ဘယ်သူနဲ့မှမတူတဲ့ ဒီမိုကရေစီနဲ့
အင်္ကျီအရောင်ပြောင်း အာဏာကို
ဆရာက တပည့်ကိုပေး
တပည့်က သူ့တပည့်ကိုဆက်ပေး
လက်ပန်တောင်း၊ သာယာဝတီ၊ မြို့တော်ခန်းမ
လယ်သိမ်း၊ ယာသိမ်း၊ တောင်သိမ်း၊ တောသိမ်း
ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးအလှလေးနဲ့
တိုင်းရင်းသားပြည်သူတွေရဲ့
သဘာဝ အလှတရား
တောတွေပြောင်၊ တောင်တွေပြောင်
ရေကြီး၊ မိုးခေါင်၊ မီးလောင်
အကောင်းဆုံးရလဒ်ကတော့
တစ်ကမ္ဘာလုံးက အော့နှလုံးနာတဲ့
ဘိန်းဖြူနဲ့ ရာဘဆေးပြားများ
မိစ္ဆာတွေ မောင်းထုတ်။

အတိုင်းတိုင်းအပြည်ပြည်က
အမနာပပြောခံရ
ပြည်တွင်းပြည်ပ ခိုးဆိုးသတ် မုဒိမ်းတွေလွှတ်ပေး
နိုင်ငံရေးသမားတွေ ထောင်ထဲထည့်
နှစ်ပေါင်းရှည်ကြာ အုပ်ချုပ်နေတာ
ပြည်သူေ တွသတ္တိနည်းလို့သာတဲ့
မိစ္ဆာတွေ မောင်းထုတ်။

ကမ္ဘာကြီးပေါ်က မိစ္ဆာတွေရဲ့
တို့ပြ ည်ကမိစ္ဆာဆရာကြီးတွေကို
အာဏာယစ်ပုလ္လင်က မောင်းထုတ်ဖို့
ဘုရားက တို့ရင်ထဲကို
မဲတပြား ဖန်ဆင်းပေးခဲ့
ဘုးရားက မေတ္တာတော်အနန္တနဲ့
မိစ္ဆာတွေ မောင်းထုတ်ဖို့
အမှန်တရား မဲတပြားပေးခဲ့
မိစ္ဆာတွေ မောင်းထုတ်
မိစ္ဆာတွေ မောင်းထုတ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts