News Yan Naung (Bo Ta Htaung)

Channel NewsAsia ၏ နောက်ဆုံး Start-up Series မြန်မာပြည် လာပြီ

 

Channel NewsAsia ၏ နောက်ဆုံး Start-up Series မြန်မာပြည်လာပြီ

ရန်နောင် (ဗိုလ်တထောင်)    မိုးမခ ။  အောက်တိုဘာလ ၇ -၂၀၁၅

          ChannelNewsAsia ၏ ထုတ်လွှင့်သူများက တကယ့်အရေးပါသည့် အချက်အလက်များကို ယူဆောင်၍ Third Season  မှ နယ်ပယ်အသီးသီးတွင် စွန့်စားလုပ်ကိုင်လျက်ရှိသော
စီးပွားရေး လုပ်ငန်းရှင် ပြိုင်ပွဲအသစ်များအား ရွေးထုတ်ပြီး ရွေးချယ်ခံရသော ပြိုင်ပွဲဝင်များအား စတင်ပျိုးထောင်မှု အနေဖြင့် စင်္ကာပူဒေါ်လာ $500,000 ကို ရန်ပုံငွေ ရရှိမည်ဖြစ်သည်။နောက်ဆုံး
Finalists ရွေးချယ်ခံရသူသည် Silcon Valley မှ အဓိကရင်းနှီးမြှပ်နှံသူများ၏ ကမ္ဘာတစ်ဝှမ်းထင်ရှားသော စွန့်စားမှုနှင့်မကင်းသော စီးပွားရေးများအား သိမြင်ခံစားနိုင်မည့် အထူးအခွင့်အရေးများအပြင် ၂၀၁၆ ခုနှစ် ဇန်န ဝါရီလတွင် ကျင်းပမည့် Kauffman Fellows Summit Southeast Asia သို့လည်း ဖိတ်ကြားခံရမည်ဖြစ်သည်။

          နောက်နှစ်အစောပိုင်းမှစ၍  Start-Up ကို အဓိကအပိုင်း (၆) ပိုင်းဖြင့် တင်ဆက်မည်ဖြစ်သည်။ဤအစီအစဉ်သည် ကြည့်ရှုသူများ၏ အစွန်းရောက်မှုများကို ထိန်းသိမ်းပေးထားသကဲ့သို့ ယှဉ်ပြိုင်သူများ၏ Company အနာဂတ်အတွက် လိုအပ်နေသည့် အစပျိုးတည်ထောင်မှု ရန်ပုံငွေရရှိစေပြီး ခက်ခဲလှသော ကြိုးစားရုန်းကန်မှုများမှ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာစေရန် အနီးကပ်ဆုံးခေါ်ဆောင်လာခြင်း ဖြစ်သည်။ နောက်ဆုံးရွေးချယ်ခံရသည့် ဇကာတင် ရှစ်ယောက်ကိုသာ ရုပ်သံအစီအစဉ်တွင် ထုတ်လွှင့်ပြသမည်ဖြစ်ပြီး
၎င်းတို့မှာ နောက်ထပ်အဆင့် ၄ဆင့်ကို ကျော်ဖြတ်ရမည်ဖြစ်ပြီး ထိုအဆင့်များတွင် ၎င်းတို့၏ Business Plan များတွင်ရှိသော အားသာချက်များအား အပေါ်လွင်ဆုံး၊လိုအပ်ချက် အနည်းဆုံး
နှင့် အခိုင်မာဆုံးသော plan တခုအဖြစ် တင်ဆက်ပြသရန် လိုအပ်မည်ဖြစ်သည်။ဤအစီအစဉ်တွင် စွမ်းဆောင်ရည် စစ်ဆေးချက်များ ပါ ဝင်မည်ဖြစ်ပြီး ၎င်းတို့မှာ Digital Strategy တီထွင်နိုင်မှု၊ခေါင်းဆောင်မှုစွမ်းရည် အရည်အချင်းနှင့် ၎င်းတို့၏ စွမ်းဆောင်မှုများအား နှစ်ရှည်ကြာ တည်ထောင်၍ အောင်မြင်လာသော စက်မှုလုပ်ငန်းများအား ရောင်းချနိုင်မှုအပေါ် စစ်ဆေးခြင်းများဖြစ်သည်။Start-up ၏  season အသစ်အားလုံးသည် စွန့်ဦးတီထွင်လုပ်ငန်းများတွင် ထိပ်ဆုံးသို့ရောက်ရှိစေရန် အားသစ်ဖြစ်စေသလို  ပျိုးထောင်ပေးမည့် ရန်ပုံငွေအတွက်လည်း  ယှဉ်ပြိုင်သူများကို အမြင့်ဆုံးအဆင့်သို့ ရောက်ရှိစေပါသည်။

          အစီအစဉ်၏ ထူးခြားမှုသည် ပါ ဝင်ယှဉ်ပြိုင်သူများအတွက် အသားပေးထားပြီး Kauffman Fellows  Society ၏ မန်ဘာ ဝင်များနှင့်အတူ အကောင်းမွန်ဆုံး အတွေ့အကြုံများရရှိစေခြင်း ဖြစ်ပါသည်။ ၎င်းတို့၏ အစိတ်အပိုင်းတခုဖြစ်သော စွန့်ဦးတီထွင်စက်မှုလုပ်ငန်း ၁၅၀ ပါ ဝင်သည့် Annual Summit Meeting ကိုလည်း ပထမဆုံးအကြိမ်အဖြစ် စင်္ကာပူနိုင်ငံတွင် Kauffman Fellows မှစီစဉ်၍ ကျင်းပပြုလုပ်မည်ဖြစ်သည်။Start-up နောက်ဆုံး ဖိုင်နယ်လစ် ရှစ်ယောက်၏ ပျော်စရာအကောင်းဆုံး ပြိုင်ပွဲ ဖြတ်သန်းခဲ့မှုများအား အစီအစဉ်ထုတ်လွှင့်သူများက
သူတို့၏ မိတ်ဆက်ခြင်းနှင့်အတူ ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်သည်။

           Channel News Asia ၏ Start- up ပြိုင်ပွဲ ဝင်များခေါ်ယူခြင်းကို ရုပ်သံလိုင်းများ ၊စာစောင်များနှင့် ဒီဂျစ်တယ်အွန်လိုင်း ဝန်ဆောင်မှုများမှ တဆင့် ခေါ်ယူနေပြီ ဖြစ်သည်။ ပထမဦးဆုံး အနေဖြင့် ဂျာကာတာ၊စင်္ကာပူ နှင့် ရန်ကုန် တို့မှ စီးပွားရေးစွန့်စားလိုစိတ်ရှိသူများအား စခန်းသွင်းလေ့ကျင့်ပေးရန် ပြိုင်ပွဲ ဝင် အယောက်(၅၀) ကျော်အား ရွေးချယ်သွားမည်ဖြစ်ပြီး  Partnen ‘ Lithan ’ နှင့်အတူ  November လတွင်  Boot Camp အား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts