သက်ခိုင် – ငါလည်းပဲ အချစ်ဒဏ်ရာပို
(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၅
မြင်ချင်နေတာတွေ
ဒီပြည်မှာ အကုန်ဆုံးတော့
ငါလည်းပဲ အချစ်ဒဏ်ရာပို။
စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု
ဒါဟာ
လူတို့ သမိုင်းတခုဖြစ်တယ်။
စာပေပျက်သုဉ်း
ဘဝတွေအကုန်ဆုံး
လူလုံးမလှတဲ့သနစ်
တို့ပြည်မှာမှ
ဖြစ်ရက်တယ်။
အနုပညာ
ခေတ်သံသရာကို မယှဉ်နိုင်တော့
လူရိုင်းမြေရိုင်း
အော်
အလှတွေ
ပြိုင်း ပြိုင်း သွားရတယ်။
တို့တတွေရဲ့ ယဉ်ကျေးမှု
သူများတွေ စံပြုခဲ့ကြပေမယ့်
အခုတော့ ဘယ်သူမှအရေးမထား
ကလေးဘဝမှာတောင်၊ အပျိုရည် ပျက်သုဉ်း
အဲဒီလို လူညွှန့်တုန်း ခဲ့ရတယ်။
ဒီမိုကရေစီဆိုတဲ့အရိပ်အောက်
ဖောက်သူကဖောက်
ပေါက်သူကပေါက်
မှောက်သူကမှောက်
အော်
ပျောက်သူက ပျောက်ကြရတယ်။
အရင်းအမြစ်ဆိုတာမရှိ
အလင်းနှစ်ဆိုတာမသိ
လှေကို
လှော်ရင်းနစ်နေတာပဲ ရှိတော့တယ်။
ဒီလိုနဲ့ အချိန်တွေသာကုန်ဆုံး
ဘဝမှာ နာကျည်းချက်တွေကို ပုံသုံး
လူလုံးမလှသူချင်း စစ်ခင်း
ချစ်ခြင်းတွေလည်း မဲ့တော့တယ်။
ဒါနဲ့ပဲ
ဘဲဥအစ ရှာမရသလို
အသည်းတခု အနာရ ညို
အော် ဘဝတခု (ဟာလည်း) မကြာ မကြာခဏ ပြို။
ဒါကြောင့်
မြင်ချင်နေတာတွေ
ဒီပြည်မှာ အကုန်ဆုံးတော့
ငါလည်းပဲ အချစ်ဒဏ်ရာပို။
(ခေါင်းစဉ် မမှတ်မိတော့သော ဇော်ဝင်းထွဋ် သီချင်းစာသားကို မှီးပါသည်)
သက်ခိုင်
(၂၀း၃၉)
(၅.၉.၂၀၁၅)