ကဗျာ

စမ်းစမ်းတင် – စက်တင်ဘာ

  စမ်းစမ်းတင် – စက်တင်ဘာ
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၅

အချိန်သံသရာပေပဲ
စက်တင်ဘာကို ထားခဲ့ရဦးမယ်
ဒီစက်တင်ဘာဟာ
မတ်ခ်ျလလို တော်လှန်ရေးလမဟုတ်ဘဲ
ရဲရဲတောက်တွေ သွေးမြေကျရ
ရွှေဝါရောင်လှိုင်း မုန်တိုင်းကြုံရ
ထောင်တံတိုင်းတွေပိုမြင့်တက်ရ
ချစ်သူတွေမွေးဖွား
ချစ်သူတွေဆုံးပါး
ချစ်သူတွေနဲ့ကွဲကွာ
ချစ်သူတွေ အဝေးလွှင့်သွား
စစ်ချီခရာ စစ်ချီတေးတွေ အထပ်ထပ်လွင့်တက်တဲ့ စက်တင်ဘာ
လွမ်းတေးတွေ ရင်မှာဆိုညည်းမပျက်တဲ့ စက်တင်ဘာ
ဒီ က်တင်ဘာဟာ တနှစ်စာ နှုတ်ဆက်ခဲ့ပြန်

စမ်းစမ်းတင် @ SanSan Cynthia Tin
၂၀၁၅ စက်တင်ဘာ ၂၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts