ဗိုလ်ထက်မင်း ဗိုလ်ထက်မင်း သတင်းဆောင်းပါး

ဗိုလ်ထက်မင်း – ဘာကြောင့် ငြိမ်းချမ်းရေး နီးလျှက်နဲ့ဝေးနေရတာလဲ – အပိုင်း(၅)၊ နိဂုံးချုပ်

Senior General Min Aung Hlaing – facebook

ဗိုလ်ထက်မင်း – ဘာကြောင့် ငြိမ်းချမ်းရေး နီးလျှက်နဲ့ဝေးနေရတာလဲ – အပိုင်း(၅)၊ နိဂုံးချုပ်
(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၅

၃၃။ စာရေးသူဟာ တိုင်းရင်းသားတွေရဲ့ အစိုးရအပေါ် ယုံကြည်မှူကင်းမဲ့လာရတဲ့ အကြောင်းရင်းနဲ့ အစိုးရဂတိပျက်ခဲ့မှူ၊ ဒီအတွက် လက်ရှိအစိုးရလုပ်ဆောင်ပေးနေမှူအပေါ် ယုံကြည်မှူ အတိုင်းအတာရှိရန် သင့်၊ မသင့် နဲ့လက်မှတ်မထိုးရင် ဖြစ်ပေါ်လာမဲ့အကျိုးဆက်၊ ငြိမ်းချမ်းရေးတိုက်တွန်းချက်တွေကို လက်ရှိ တာဝန်ထမ်းဆောင်နေရာမှ မကြာသေးခင်ကမှ အငြိမ်းစားယူသွားတဲ့ အရာရှိကြီးတစ်ဦးနဲ့အတူ Debate လုပ်တင်ပြသွားပါ့မယ်။ သူက သမ္မတနဲ့တပ်ချုပ်တို့ဆောင်ရွက်နေတဲံ့အပေါ် စတင်ဆွေးနွေးခဲ့ပါတယ်-

“သမ္မတကြီးက staff မို့ သူ့ဝသီအတိုင်း စိတ်ရှည်နေတာနော်၊ တော်ရုံတန်ရုံ စစ်သားစိတ်နဲ့သူဆို Commander Type နဲ့ ကိုမင်းအောင်လှိုင်လိုဘဲ စိတ်မရှည်တော့ကာ ခပ်ပြတ်ပြတ်ပြောချလိုက်တော့မယ်။ ဒါပေမဲ့ ပြောသင့်တဲ့အချိန်မှာမဟုတ်ဘဲ လက်နက်ဖြုတ်သိမ်းဖို့ စောပြောတာမျိုးတော့ မကောင်းဘူးပေါ့။ သူမှားသွားမှန်းသိလို့လက်နက်တွေကို ကာယကံရှင်တွေကသာ ထိမ်းထိမ်းသိမ်းသိမ်း လုပ်ထားဖို့ဘဲ ပြောတာပါ … တဲ့။ ဒါပေမဲ့ တပ်ချုပ် တခါပြောပါတယ်။ သူတို့နဲ့ မူ ၆ ချက်က အတိအကျကြီး လိုက်နာနေဖို့ မလိုပါဘူး။ မူ ဆိုတဲ့ဟာ ထုံးစံအတိုင်း ဂရစ်ကိုတော့ အပေါ်ဆုံးထိ တင်ထားရမှာပေါ့၊တကယ် ငြိမ်းချမ်းရေးလိုချင်ဖို့ဘဲ အရေးကြီးတာပါ။ SSR, DDR ဆိုတာက အဝေးကြီးကျန်ဦးမယ်။ ယုံကြည်မှူတည် ဆောက်ရင်း Power sharing ဖက်ဒရယ်ကိစ္စ ညှိရဦးမှာမို့အချိန်ယူရမယ်။ Code Of Conduct ဆိုရင် နှစ်ဖက် ဗဟို၊ ပြည်နယ်၊ ဒေသဆိုင်ရာ (၃)ဆင့် အောက်ခြေတပ်မှူးတွေက သေသေချာချာညှိရမှာ သိပ်ခက်ခဲမှူမရှိပေမဲ့၊ နိုင်ငံရေးမူဘောင်ကျတော့ ရက် (၆၀) မှာ တော်တော် ခက်ခက်ခဲခဲ ညှိရဦးမယ်။”

၃၄။ ဒါပေမဲ့ စာရေးသူက ထိပ်သီးအစည်းအဝေးကို တပ်ချုပ်မတက်တဲ့အပေါ် တကယ်ကော လက်မှတ်ထိုးဦးမှာလားလို့ စိုးရိမ်စိတ်တွေဝင်နေကြတယ်။ ဘယ်လိုပြောမလဲ။ သူက ပြောရာမှာ-

“ထူးထူးခြားခြား တပ်မတော် လေးလပတ်အစည်းအဝေးကို လျှို့ဝှက်မဟုတ်ဘဲ အစိုးရသတင်းဌာနက ကြေညာလာတယ်။ အဲဒီမှာ စိတ်ဝင်စားစရာကောင်းတာက လက်မှတ်ထိုးဖို့ တိုင်းရင်းသားတွေသံသယမဖြစ်အောင် တပ်က သဘောတူ အဆင့်သင့်ဖြစ်နေပြီ ဆိုတာရယ်၊ ငြိမ်းချမ်းရေးကိစ္စဟာ  ပြည်တွင်းကိစ္စသာ ဖြစ်တယ်လို့သတိပေးတာက နိုင်ငံခြားသားတွေ ဒီကိစ္စကို ဝင်ပတ်သက်နေတာသိလို့ ချိတ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုရော အဲဒီ့လူမျိုးနဲ့သက်ဆိုင်တဲ့နိုင်ငံကိုပါ သတိပေးလိုက်ဟန်တူတယ်ဗျ။ တည့် ပြောရရင် RCSS/ SSA အနေဖြင့် နိုင်ငံခြားသား ကြေးစားများနဲ့ ပတ်သက်လာတာကို တွေ့ရပါတယ်။”

၃၅။ စာရေးသူက မဟာမိတ်ညီညွတ်ရေးလုပ်နေတဲ့ တိုင်းရင်းသားတွေ အုပ်ကွဲသွားအောင်၊ အစိုးရက သူနဲ့နီးစပ်တဲ့သူတွေကို အတင်းဆွဲထည့်နေတဲ့ ပုံမပေါက်ဘူးလား လို့ မေးပါတယ်။ သူကပြန်ရှင်းရာမှာ-

“ မဖြစ်နိုင်ဘူး၊ တပ်မတော်က မဟာမိတ်ညီညွှတ်ရေးလို့ပြောနေတဲ့ အင်အားစုထက် ပိုမိုကြီးမားတဲ့ တရုတ်ကွန်မြူနစ်ကို တိုက်လာခဲ့သေးတာဘဲ၊ ဒီအချိန်မှာ ပိုလို့တောင် အင်အားတောင့်တင်းသေးတယ်။ မစိုးရိမ်ဘူး၊ သူတို့ကလည်းဗျာ မယုံသင်္ကာဖြစ်တာ လွန်အားကြီးတယ်။ သူတိုက ဒီိလောက်ထိ မယုံကြည် ဖြစ်နေတာက ဗမာလူမျိုးကြီးမဟုတ်ဘဲအဲဒီသူတွေက လူမျိုးကြီး ကိုင်စွဲနေတာပါ။ ကိုယ်တို့မှာ မွတ်ဆလင်ဗိုလ်လောင်းဆိုတာ သူငယ်ချင်း ရှိတယ်။ တိုင်းရင်းသားတွေအများကြီိးဘဲ၊ ငါတို့က ဗမာဆိုပြီး၊ တိုင်းရင်းသားတွေကို နှိမ်တာ သိပ်မရှိဘူး၊ စားတာက အစ ဝက်ကို ရှောင်ပြီး ဂရုစိုက်ကာ ရဲဘော်ရဲဘက်စိတ်ထားတယ်။ သူတို့အုပ်ထဲရောက်ရင်သာ လူမျိုးကြီးဝါဒ ကျင့်သုံးကာ ဗမာကို အညှိးတွေရှိတယ်။ မြန်မာစာ ပေးမသင်တော့ သူတို့ကလေးတွေ ပညာရေးထိခိုက်ကုန်တာ မသိဘူး။ ခေတ်ကာလပြောင်းနေပြီ။ ဦးရွှေမန်းကို လွယ်လွယ် နဲ့ဖြုတ်လို့ မရတာ ရှင်းနေတာဘဲ။ သူတို့သဘောပေါက်ဖို့က ယခင်ခေတ်နဲ့မတူ၊ တတိယလူ၊ နိုင်ငံရေးပါတီတွေဝင်လာပြီ။ နောက် ချန်ထားတဲ့ အဲဒီအဖွဲ့တွေရဲ့နောက်ကျောမှာ လက်မဲကြီး စွက်ဖက်မှု ရှိနိင်တာကို အစိုးရက အလွယ်တကူလက်ခံလိုက်ရင် ဘာဖြစ်သွားမလဲ၊ နိုင်ငံတကာက ရိပ်မိလို့ အထူးသဖြင့် အင်တာဗျုးတခုမှာ US သံအမတ်က မတိုက်တွန်းတာ သတိထားရမယ်နော်။ Power Game မကျွမ်းရင် နယ်ရုပ်ဖြစ်သွားမယ်။”

၃၆။ စာရေးသူက တကယ်လို့လက်မှတ်မထိုးဘူးဆိုရင် ဘယ်လိုအကျိုးဆက်တွေရနိုင်သလဲလို့ မေးရာ- သူက

“သူတို့လက်မှတ်မထိုးရင် ဦးသိန်းစိန်က စိတ်ရှည်ပြနေတာ – အမှတ်က ပိုလို့တောင် တက်သွားမယ်။ ဒီစာချုပ်မထိုးတဲ့သူဟာ ကျန်ခဲ့တဲ့သူတွေလိုဘဲ ငြိမ်းချမ်ရေးအသီးအပွင့်ကို ခံစားခွင့် မရမှာတော့သေချာတယ်။ လူထုနစ်နာမယ်။ သူတို့ဟာ ဒီမိုကရေစီကိုမလိုလားလို့ အာဏာရှင်လား၊စစ်ဘုရင်လား၊ ကွန်မြူနစ်လား၊ လူထုကဖြစ်ဖြစ်၊ နိုင်ငံတကာက ဖြစ်ဖြစ် တံဆိပ်ကပ်ခံရဖို့ အလားအလာ များနေပြီး၊ အထီးကျန်ဖြစ်သွားမယ်။ မိမိလူထုက မိမိကို သေနတ်ရှိလို့ ထောက်ခံတယ်ပြောပေမယ့် ရင်ထဲမှာ တကယ်ထောက်ခံမှုကော ရှိရဲ့လား။ ကျနော်တို့တောင် နယ်ဘက်ပြောင်းတာတောင် ဆန့်ကျင်ခံနေရတယ်။ နိုင်ငံရေးပါတီများ ရှိလာပြီး နိုင်ငံတကာက ခြေဆန့်ဝင်လာနေလို့ လက်နက်ကိုင်ဆိုတာ ခေတ်မရှိတော့ဘူးဆိုတာ သဘောပေါက်သင့်ပြီ။”

၃၇။ အမျိုးသားညီလာခံမှာတန်းက တိုင်းရင်းသားအရေး တင်ပြခွင့်မရခဲ့တာမို့အစိုးရ ကတိပျက်မှာကို စိုးရိမ်နေကြတယ်။ အဲဒီတုန်းက လက်ခံပေးလိုက်ရင် ဒီထက်ပိုယုံကြည်မှူရသွားနိုင်တယ်လို့စာရေးသူက ထောက်လိုက်ပြီး – ဒါကိုတော့နားလည်ပေးရမယ်၊ ယခုအခြေအနေကျတော့ အရင်လိုဘဲ ဖြစ်နိုင်သေးလား-

“သူက ခေါင်းကို ဖြေညှင်းစွာငြိမ့်လိုက်ကာ ဒီအပိုင်း တိုင်းရင်းသားတွေဘက်က ဖီလင်ဖြစ်တယ်ဆိုတာ လက်ခံပါတယ်။ ဦးခင်ညွှန့် စတင်ငြိမ်းချမ်းရေးဆောင်ရွက်စဉ်က နိုင်ငံရေးကိစ္စနောင်လာမည့် အမျိုးသားညီလာခံလိုမျိုး လွှတ်တော်ကျမှ ဆွေးနွေးကြတာပေါ့ ဆိုပြီး ဆွဲဆန့်ထားတယ်။ ညောင်နှစ်ပင်မှာ အမျိုးသားညီလာခံကျတော့လည်း တိုင်းရင်းသားတွေတင်တဲ့စာတမ်းကို ဦးသိန်းစိန်က လုပ်ပေးချင်တဲ့တိုင်အောင် စာဖတ်သူကြီးက ကြိတ်မယ်လေ။ ဒါကြောင့် ဂရုပြုမခံရလို့အဲဒီကတည်းက ဇာတ်လမ်းစတော့တယ်။ ပိုဆိုးတာက နယ်ခြားစောင့်တပ် ဇွတ်တရွတ် ဖွဲ့ခိုင်းတာဟာလည်း တိုင်းရင်းသားတွေစိတ်ထဲ သံသယပိုကြီးသွားစေတယ်။ တိုင်းရင်းသားတွေနဲ့ ထိတွေ့ဆက်ဆံနေတဲ့ ဦးခင်ညွှန့်နဲ့ ဦးသိန်းစိန်တို့ကြားညှပ်ခဲ့ရတယ်။ ဒါကို မှားနေမှန်းသိခဲ့လို့ ဦးသိန်းစိန်ဟာ တခါမှမလုပ်ဘူးတဲ့ လိုက်လျောမှု၊ စောင့်ဆိုင်းမှု လုပ်နေလာပြီ။ အရင်တုန်းက သူက Power နံပါတ် (၅) သာဖြစ်ပြီး၊ ယခု နံပါတ် (၁) ဖြစ်လာလို့ လုပ်ပေးနေတာကို တိုင်းရင်းသားတွေက ကြိုဆိုသင့်တယ်။ အရှေ့လူတွေ ဆိုးခဲ့တိုင်း နောက်လူဆိုးမယ်လို့ ထင်လား၊ အရှေ့ကလူ ကောင်းခဲ့တိုင်း နောက်လူကောင်းလိမ့်မယ်လို့ ထင်မိလား ဆိုတဲ့ နိယာမတရားကို ပြောချင်ပြီးအာဃတတရား မထားဘဲ ငြိမ်းချမ်းရေး ကိုရှေးရှုသင့်တယ်။ သူတို့ပြောပြောနေတဲ့ ခွဲထွက်ခွင့်ဆိုတာ ခေတ်ကာလအရ မရှိတော့ဘူး ဆိုရင်၊ လက်ရှိအစိုးရကလည်း အရင်လို ဂတိပျက်တာမျိုး လွယ်လွယ်နဲ့ လုပ်လို့မရတော့ဘူး။ နိုင်ငံတကာသက်သေတွေ ရှိပြီ။ အရင်ဗိုလ်ချုပ်ကြီးတွေတုံးက ဒီလိုအခွင့်အရေး ရခဲ့လို့လား။” ပြောသွားပါတယ်။

ဒါပေမဲ့ သူပြောသွားတဲ့ နိယာမ ဆိုရာမှာ နောက်လူတွေက လူဆိုးဆက်မဖြစ်ချင်ပေမယ့် အရှေ့လူတွေဆိုးတဲ့ အရိပ်မဲကြီးကို ကျော်လွန်ပြီး ဘယ်လိုဖြုစင်အောင် လုပ်ပါ့မလဲ၊ ဘယ်အချိန်ထိ စောင့်ရမလဲ – လူထု စောဒကကို ဖြေဖို့ခက်တယ်လို့ စာရေးသူက ပြန်လည်ချေပလိုက်ပါတယ်။ ဆက်လက်ပြီး သူက လက်မှတ်ထိုးဖို့ တိုက်တွန်းလိုက်ပါတယ်။

၃၈။ “နိုင်ငံတကာထောက်ပံ့မှူတွေက လိုကို လိုတယ်။နယ်မြေဧရိယာ က မြန်မာနိုင်ငံတခြမ်းလောက် ကျယ် တာမို့အစိုးရတခုတည်းနဲ့ မနိုင်ဘူး။ အကူအညီကနှောင့်ကြိုးမပါဖို့ဘဲအရေးကြီးတယ်။ ဒါမှတပြိုင်နက်တိုး တက်လာမယ်။ အစိုးရဘက်ကိုလည်း ပြန်ကြည့်ပေးရမယ်။ တချို့က သမ္မတအမှတ်ရမှာကို စိတ်ပူနေပြီး ဒေါ်အောင်ဆန်းစုကြည်စကား နားယောင်တယ် ထင်တယ်။ NLD ပြည်ပရောက်အဖွဲ့တချို့က စိတ်ပူပြီး တိုင်းရင်းသားခေါင်းဆောင်တွေထံ လက်မှတ်မထိုးဖို့ ချင်းမိုင်ကို သွားရောက် စည်းရုံးနေတယ်လို့သိရတယ်။ သမ္မတပုံရိပ်တက်ရင် ပြည်ခိုင်ဖြိုး မဲတက်မယ်လေ။ ဒါကတော့ ဘယ်သူမဆို ကိုယ် စလုပ်ခဲ့တဲ့ အသီးအပွင့်ခံစားချင်မှာ ဓမ္မတာဘဲ သမ္မတကို ပေးသင့်ပါတယ်။ ဦးအောင်မင်းပြောသလို လက်မှတ်အားလုံးမထိုးခဲ့ရင် ဒီစာချုပ်အတည်မဖြစ်တဲ့အတွက် မကျေနပ် တစ်က စ ဘဲ။ ဘယ်သူနစ်နာမလဲ။ အရေးကြီးတာက ကရင်အရေး ကို ကချင်က ဖြေရှင်းပေးလို့ မရဘူး။ ကိုယ့်လူမျိုးအရေး၊ ကိုယ့်တပ်အရေး အစိုးရ နဲ့တပ်မတော်တို့ဆီက တန်းတူရည်တူ တင်းပြည့်ကျပ်ပြည့် ဘာတွေရအောင် တောင်းမလဲဆိုတာ စဉ်းစားရမယ်။”

၃၉။ စာရေးသူက တိုင်းရင်းသားတွေဘက်က ဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည်ဘယ်ဟာရွေးမလဲ။ “သူက ရယ်မောလျှက်နဲ့ ကျွန်တော်သာတိုင်းရင်းသားခေါင်းဆောင်ဖြစ်ခဲ့ရင် ဦးသိန်းစိန်ရွေးမယ်။ လူထက် လက်ရှိအခြေအနေတိုင်းသာဆိုရင် ဆွေးနွေးပွဲအရှိန်ကြောင့် အထာသိနေကြပြီ၊ စာချုပ်မှာ နိုင်ငံရေး ကဏ္ဏထက် အရသာ စမြည်းရမှာက သေနတ်သံမထွက်ဖို့စစ်ရေးက ပိုအရေးပါတယ်။ ဒါကြောင့် တပ်ကိုသြဇာလွှမ်းတာ ဦးသိန်းစိန်ဖြစ်လို့ သူက တပန်းသာနေတယ်။”

၄၀။ သူက ပြန်ခါနီးမချင့်မရဲပြောသွားတာကတော့ “ဟို (၃) ဖွဲ့ပါအောင် တန်းတူရည်တူဆိုတာက ဘယ် ပေတံနဲ့တိုင်းတာနေသလဲ၊ ဒီလိုဆိုရင် ကိုယ်လည်း နယ်စပ်မှာ လက်နက်ဝယ်ပြီး တိုင်းရင်းသားတွေကို စည်းရုံးပြီး အဖွဲ့ထောင်လိုက်မယ်လေ။ အဲဒါဆိုရင် ဆွေးနွေးပွဲစားပွဲ ချဲ့လိုဆုံးမှာမဟုတ်ဘူး။ အရင်ရှေ့ကတန်း စီတဲ့သူတွေ၊ သည်းခံပြီးဖင်ပူအောင် ထိုင်တဲ့သူတွေ့နဲ့အခွင့်အရေးတန်းတူထားရင် တရားပါ့မလား။ ချန်ထားတဲ့အကြောင်းရင်းတွေရှိပြီးသားပါ။ ကိုးကန့်ဆိုရင် တရုတ်ဆီက ကြေးစားစစ်သားလက်နက်ခဲယမ်းသုံးခဲ့လို့ရယ်၊ မြို့ရွာ ဌာနချုပ်ကို တိုက်ခိုက်ခဲ့တာရယ်၊ ကြက်ခြေနီကိုတောင် မရှောင်ပစ်ခဲ့တာရယ်၊ အဆိုးဆုံးက သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ဖုန်ကြားရှင်ကို ပေးထားရက်သားနဲ သူက ပေါ်တင် စစ်ကြေညာတာရယ်၊ ပြည်သူလူထုက တပ်မတော်ကို ထောက်ခံတာရယ် စတာတွေကို တစာတစာပါသင့်တယ်လို့အော်နေတဲံ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ဘာကြောင့် မျက်ကွယ်ပြုနေတာလည်းစဉ်းစားလိုက်ရင် အချုပ်အချာ အာဏာထိပါးတဲ့သူကို အားပေးအားမြှောက်ပြုနေတဲ့အတွက် ငြိမ်းချမ်းရေးကို အစစ်အမှန်တကယ်မမြတ် နိုးသူများလို့သတ်မှတ်ရပါမယ်။ ကိုယ်နဲ့လူမျိုးချင်းမတူဘဲနဲ့ မဆိုင်ဘဲနဲ့ မရမက ညီညွှတ်ရေးလို့အော်နေတာဟာ စစ်ဝါဒီအုပ်စုတည်ထောင်ချင်လို့လား၊ အကျိုးစီးပွါးပတ်သက်နေလို့လား။ တရုတ်က ဖိအားပေးခံရနေလို့လား၊NLD အတိုက်အခံတွေကို အားနာနေတာလား၊ မေးခွန်းတွေ တသီကြီးပေါ်နေတယ်။ ဘာဘဲဖြစ်ဖြစ် လက်မှတ်မထိုးချင်တဲ့ အရိပ်အယောင်က ပေါ်ကိုပေါ်နေတယ်။” စသဖြင့် ပြောသွားပါတယ်။

၄၁။ နိဂုံးချုပ်ရရင်အစိုးရကောတိုင်းရင်းသားလက်နက်ကိုင်များပါပြည်သူလူထုရဲငြိမ်းချမ်းရေးငတ်မွတ် မှူကို အပစ်ရပ်လက်မှတ်ထိုးခြင်းဖြင့် အမြန်အကောင်အထည်ဖေါ်သင့်ပါတယ်။ တချို့ငြိမ်းချမ်းရေးမလို ချင်တဲ့သူတွေပြောသလိုဖြစ်သလို ရေးဆွဲခဲ့တာ မဟုတ်ဘဲ (၂) နှစ်နီးပါးခန့် အစည်းအဝေးပေါင်းများစွာ ကျင်းပခဲ့ပြီးမှ လက်မှတ်ထိုးမဲ့အဆင့် ရောက်လာခဲ့လို့ပါဝင်သူအားလုံးကို ချီးကျုးပါတယ်။ အစိုးရကလည်း ကျန်နေတဲ့သူတွေကို ရှေ့ကသွားနေသူတွေရဲ့ဆန္ဒအတိုင်း အာမခံချက်ပေးရန်လိုသလို အတတ်နိုင်ဆုံး အတူတူ ပါဝင်လာအောင် ဘယ်အဆင့်။ ဘယ်အနေအထားတော့ နိုင်ငံရေးစားပွဲဝိုင်းကို ဆွဲတင်လို့ရပြီဆိုတဲံ့ လုပ်ငန်းစဉ်နဲ့အတူ လက်တွေ့လည်း ထိတွေ့ဆက်ဆံပေးလိုက်ခြင်းဖြင့် နားလည်မှူကတဆင့် ယုံကြည်မှူ ပိုမိုခိုင်မြဲလာပါမယ်။ ဆောင်းပါးရှေ့ပိုင်းမှာ တင်ပြခဲ့သလို နိုင်ငံကြီးများရဲ့ သြဇာစွက်ဖက်မှူကို ရုန်းထွက် သင့်ပြီး လူထုမျက်နှာကိုဘဲ ကြည့်သင့်ပါတယ်။ နောက်ပိုင်းဝင်လာတဲ့ သတင်းအရ အိန္ဒိယနိုင်ငံကာကွယ်ရေးဝန်ကြီးက လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်တွေကို UNFC ဖိတ်ကြားတယ်လို့သိရပါတယ်။ ဒါဆိုရင် အမေရိကန်၊ တရုတ်၊ ကုလား နိုင်ငံ နိုင်ငံကြီးတွေဟာ မြန်မာနိုင်ငံကို Power Play ကစားကွင်းသဘောထားနေပါတယ်။ တချို့ခေါင်းဆောင်တွေက မိမိနိင်ငံအကျိုးရှိမယ်ဆိုရင် အိမ်ရှင်အနေနဲ့ ပြန်ကစားပါတယ်။ ဒါပေမဲ့ အိုစမာဘင်လာဒင်ကို ဖွက်ထားတဲ့ နှစ်ဖက်ချွန် Power Game ကစားလွန်မှုကြောင့် သတင်းပေါက်ကြားသွားလို့ ကမ္ဘာငပွကြီးရဲ့ နားရွက် တံထွေးတက်စွတ်တာ ခံရတဲ့သင်ခန်းစာကို ယူသင့်ပါတယ်။ ဒါကြောင့် အစိုးရ၊ အတိုက်အခံ၊ တိုင်းရင်းသား ဖိုခနောက်ဆိုင် ကျောချင်းကပ်ထားဖို့ထင်း စည်းလို နေတတ်ဖို့လိုပါတယ်။ နိုင်ငံကြီးတွေဟာ စေတနာကောင်းတယ်ဆိုတာ ကမ္ဘာမှာ လှူဒါန်းမှု ရက် အရောဆုံးလို့ထိပ်ဆုံးမှာ မှတ်တမ်းတင်ထားတဲ့ မြန်မာလူမျိုးတွေကိုမမှီတဲ့အတွက် ပြည်ထောင်စုပင်လုံ စိတ်ဓါတ်ကို တည်ဆောက်သင့်ပါတယ်။

၄၁။ နောက်ဆုံးသတိပေးချင်တာက အပစ်ရပ် မလုပ်ခဲ့ရင် အစိုးရကအမှတ် မရယုံ၊ စင်ပေါ်ကရှိနေပြီး plan b, c တို့ဖြင့် ဆက်သွားလိုက်ပါက နိုင်ငံမအေးချမ်းသေးလို့ တပ်က ၂၅ % ဆက်ထားပြီး ဖက်ဒရယ်ကိစ္စကျ ရင်၊ အခြေခံဥပဒေကိုပြင်ဖို့ နိုင်ငံရေးပါတီတွေက အဆြိုပုလာရင် လက်မှတ်မထိုးဖြစ်တဲ့ တိုင်းရင်းသားတွေ ကိုအကြောင်းပြ လက်ညိုးထိုး နိုင်တယ်ဆိုတာ တင်ပြလိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ဗိုလ်ထက်မင်း – ဘာကြောင့် ငြိမ်းချမ်းရေး နီးလျှက်နဲ့ဝေးနေရတာလဲ – အပိုင်း(၅)၊ နိဂုံးချုပ်
  1. OK, very good opinion. . I think like that too, but I thought like this too as theitsides. Now they sign ceivefire, then Election done, oppossitions won, government refused like 1990. Because of ceasefire nobody cand do anything. in 1990, it was alot of international watchers too, government didn’t care anybody, . Ay that time , almost all insergent parties had already agreed to get peace with DASSK, if she won. If government followed their promise , it achieved peace at that time. That shadow is haunting at present. According to your opinion, who could give guarantee? And , present government is not a fair yet, according to NAGIS and Flood last 2 months, They lacked to maintain forestry law, destroy the forest only, . Like that, every field, took over the field, cut up forests without thinking about future, even palm ( Htan )forest not remain, but not for people, but for cronies. Who can tell present government is good to people and country. If they show good direction, where?

    1. To Maung ကိုပြန်ကြားခြင်း၊ ယခုလိုဝေဖန်ထင်မြင်ယူချက်ပေးတဲ့အတွက် Brother အားကျေးဇူးအထူးတင်ပါတယ်။ ဒီဆောင်းပါးကိုတဘက်ဘက်ကိုအလွန်အမင်းမကျွံသွားအောင်သတိထားပြီးရေးခဲ့ရပါတယ်။ ဝေဖန်ချက်အားအဆင့်မြင်တာကြောင့်နားလည်မှူမလွဲအောင်အင်္ဂလိပ်စာကျွမ်းကျင်သူကိုပင်ခေါ်ယူဘာသာပြန်ခိုင်းရပါတယ်။ စာချုပ်ဟါရွေး
      ကာက်ပွဲရလဒ်အရဒေါ်စုနိုင်ခဲ့မည်ဆိုရင်လက်ရှိလူတွေက ၁၉၉၀ခုနှစ်လို ငြင်းပယ်လိုက်တာမျိုး လုပ်နိုင်တော့မည်
      မထင်ပါ။ ဦးသိန်းစိန်နဲ့ တပ်မတော်တို့ရဲ့သမိုင်းကြောင်းကောင်းမွန်မှူနောက်ဆုံးအဆုံးအဖြတ်ဖြစ်နေလို့ယူဆပါတယ်၊
      အဲဒီတုံးကနိုင်ငံတကာစောင့်ကြည့်တဲ့အနေအထားယခုလောက်အင်အား မကြီးသလိုယခုကထဲထဲဝင်ဝင်စောင့်ကြည့်
      နေပြီဖြစ်တယ်။ဒေါ်စုဟာယခုအခြေအနေအရယခင်လိုပြတ်ပြတ်သားသာနိုင်မည့်အနေအထားအခြေအနေမပေးနိုင်
      လို့နိုင်ရင်တောင်အစိုးရဖွဲနိုင်ရေးအတွက်ပါဝါရှယ်ညွှန်ပေါင်းဇတ်လမ်းလုပ်ရင်ဖြစ်ဖြစ်၊တကယ်လို့အများဆုံးနိုင်ခဲံ့ရင်
      တောင်အစိုးရဖွဲနိုင်ဦးတော့ဒီစာချုပ်ကိုပစ်ပယ်လို့မရဘဲဆက်စပ်မိနေပြီးထိုးထားတဲ့တပ်မတော်ကိုညှိနှိုင်းပြီးမလွှဲမသွေလုပ်ရဦးမှာမို့ဒီစာချုပ်ကပိုပြီးအသက်ဝင်နိုင်ပါတယ်။အစိုးရကဒေါ်စုအားငြိမ်းချမ်းရေးလုပ်ငန်းစဉ်တနေရာရာအဆင့်တဆင့်ဆင့်မှာမူလကတည်းကလက်တွဲခေါ်ခဲ့ရင်တော့အကောင်းဆုံးလို့မြင်မိပါတယ်။အဖုအထစ်ဖြစ်ခဲ့ရင်ဒေါ်စုကနှစ်ဖက်
      လက်ခံနိုင်လောက်တဲ့အခြေအနေဖန်တီးသွားနိုင်သလိုဒီထက်လည်းပိုမြန်သွားနိုင်ပါတယ်။အဓိကယုံကြည်မှူအပြန်အလှန်အားနည်းနေတာဖြစ်လို့စာရေးသူအနေနဲ့စာပုဒ်၃၇ ရဲ့အဆုံးမှာနိယာမသဘောတရားအရနောက်လူဟာကောင်း
      ချင်ပေမဲံ့လူထုရဲ့စောဒကကိုဖြေဖို့ခက်တယ်ဆိုတာရေးထားပြီးဖြစ်ပါတယ်။ယခုလိုရေးသားပေးတာကြိုဆိုပါတယ်။

  2. အနှစ်ချုပ်လိုက်ရင်အကြီးအကျယ်ခြိမ်းခြောက်ထားတဲ့ဆောင်းပါး၊စေတနာလိုလိုဝေဒနာလိုလိုမရေမရာနှစ်ဖက်ချွန်ကြီးဗျ။။

Comments are closed.