မင်းကိုနိုင် – “ ရေခပ်လမ်း ”

မင်းကိုနိုင် – “ ရေခပ်လမ်း ”
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ စက်တင်ဘာ ၂၅၊ ၂၀၁၅

ပုန်းလွတ် ဆွဲပြီး
ရေးကြီးသုတ်ပြာ လှမ်းလာသူတွေထဲ
တခါက
ရေကြောရှာသူကို တွင်းတူးမိုက်တယ်လို့
သမုတ်ခဲ့သူတွေလည်း ပါ ပါလား

ဝိဥာဉ်မရှိပဲ ၀တ်စုံခြုံ
အယုံသွင်းတာမျိုးကတော့
ရှိုးလျှောက်သလောက် ရှိပေမပေါ့

ခါတော်မှီ ရေခပ်လမ်းမှာ
ကွန်ကရစ်တဖာ ကတ္တရာတပုံးနဲ့
ဇာတ်နာဦးမှာ

ကိုယ်တိုင် က,ချင်လို့
ဇာတ်ထောင်တယ်ဆိုတဲ့
ဆိုးဆေးရောင်စုံ ဆရာကြီးရေ့ …
လက်ရှိပေါင်းနေတဲ့ မိန်းမနာမည်ရယ်
အခုကိုင်ထားတဲ့ ဖုန်းနံပါတ်ရယ်
မ,စ ခဲ့ပါ။

One thought on “မင်းကိုနိုင် – “ ရေခပ်လမ်း ”

  1. ​ရေးတတ်​တိုင်းး မ​ရေးပါနဲ့ဗျာ မခံစာနိုင်​ဘူး

Comments are closed.