ဗိုလ်ထက်မင်း ဗိုလ်ထက်မင်း သတင်းဆောင်းပါး

ဗိုလ်ထက်မင်း – ဘာကြောင့် ငြိမ်းချမ်းရေးနီးလျှက်နဲ့ဝေးနေရတာလဲ – အပိုင်း (၂)

ဗိုလ်ထက်မင်း –  ဘာကြောင့် ငြိမ်းချမ်းရေးနီးလျှက်နဲ့ဝေးနေရတာလဲ – အပိုင်း (၂)
(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၅

၈။ ကိုးကန်ဒေသစစ်ပွဲဖြစ်စဉ်ကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်တပ်မတော်စစ်ကော်မရှင် ဒုဥက္ကဌနဲ့ ဆက်ဆံရေး သိပ်အဆင်ပြေလှတယ်မဟုတ်ဘဲ အစိုးရ၊ လွှတ်တော်၊ ပါတီ နှစ်နိုင်ငံစလုံးမှ ဝင်ရောက်စေ့စပ်ပေးနေရတယ်ဆိုတာ စာရေးသူ ယခင်ဆောင်းပါးတွေမှာ ဖေါ်ပြပြီးဖြစ်ပါတယ်။ အထူး သဖြင့် သစ်ခိုးတရုတ်တွေကို ဖမ်းတာဟာ တပ်မတော်ကဖြစ်လို့ တရုတ်တပ်ချုပ်က မကျေနပ်သလို မြန်မာတပ်ချုပ်ကလည်း တရုတ်စစ်တပ် နယ်စပ်မှာ စစ်ရေးလေ့ကျင့်ကာ လေထဲက ပစ်မှတ်ကို စက္ကန့် အနည်းငယ်အတွင်း ပစ်ချနိုင်တယ်ဆိုပြီး ခြိမ်းချောက်တာတွေ၊ နယ်စပ်လေယာဉ်ပျံသန်းမယ်ဆိုရင် သူတို့ဆီခွင့်တောင်းရမယ်ပုံစံမျိုး အသိပေးရတဲံ့အပေါ် မကျေနပ်နိုင်ဘူးလို့ ယုံကြည်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဖက်ဆစ်တော်လှန်းရေး အောင်မြင်ခြင်းအထိမ်းအမှတ် စစ်ရေးပြအခမ်းအနားမှာ အခြားနိုင်ငံတွေလို ဖြစ်နိုင်ရင် မြန်မာတပ်မတော်ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဥပယ်တမျဉ် ငြင်းခဲ့ဟန်တူ ပါတယ်။

၉။ တပ်ချုပ်ဟာ တရုတ်နဲ့မတည့်တဲ့ ဂျပန်နိုင်ငံကိုသွားရောက်ခဲ့ပြီး အမေရိကန်တပည့် ထိုင်းနိုင်ငံ လည်ပတ်ပြကာ ပြိုင်ဘက် အိန္ဒိယနိုင်ငံကို သွားသလို (JF17 တရုတ်နဲ့ဖက်စပ်) ဖိုက်တာဂျက်နဲ့တင့်ကားများ ကို တရုတ်ဆီမှမဝယ်ဘဲ နှစ်ဖက်ချွှန်ပါ ကစ္စတန်ဆီမှ ဝယ်ပြလိုက်တယ်။ တရုတ်က UWSA အဖွဲ့အစည်းကို တပ်မတော်ရဲ့MI35 , k8 နဲ့နေပြည်တော်ကို လှမ်းပစ်လို့ရတဲံ့ လက်နက်တွေထောက်ပံ့ထားတယ်လို့ ပြင်ပမှာ သတင်းတွေထွက်လာပါတယ်။ ဒါကြောင့်ကာကွယ်နိုင်ရန် တပ်ချုပ်ဟာ နည်းပညာမြင့်မားတဲ့ ရုရှား၊ ဂျပန် နဲ့အနောက်နိုင်ငံတွေဆီမှ ရဖို့ ၂၀၁၅ ခုနှစ် နှစ်ဆန်းကတည်းက ကြိုးစားခဲ့ပြီး ရုရှားနိုင်ငံမှ MIG(29/17/35/) AIR DEFENSE SYSTEM/KJB INTELLIGENCE NET CONNECTION ဝယ်ယူ လေ့လာဖလှယ်ခဲ့ပါတယ်။ အနောက်နိုင်ငံကြီးတွေက ပိတ်ဆို့ထားဆဲ ဖြစ်ပေမဲ့ အမေရိကန်နိုင်ငံရဲ့အချစ်ဆုံးတပည့်လည်းဖြစ်တဲံ့ အစ္စရေးနိုင်ငံကို စတင်ချဉ်းကပ်ပါတယ်။ တပ်ချုပ်က ကိုးကန့်စစ်ပွဲအရှိန်တက်နေစဉ် အစ္စရေးသံအမတ်ကြီးကို ခေါ်တွေ့ခဲ့ကာ အကူအညီပေးဖို့ ကမ်းလှမ်းခဲ့ဟန်တူပါတယ်။ စက်တင်ဘာလဆန်းမှာ အစ္စရေးက တပ်ချုပ်ကို ဖိတ်ကြားလာပါတယ်။ အမေရိကန်ကလည်း မီးစိမ်းပြလို့လည်း ဖြစ်နိုင်ပါတယ်။ အစ္စရေးဟာ မြန်မာနဲ့ ယခင်ကတည်းက ခင်မင်မှူသံယောဇဉ်ရှိခဲ့ကါ နဝတခေတ်ကျတော့ ဗိုလ်မှူးချုပ်အေဘလ်ဟာ ဂျုးအမျိုး အနွယ်ဝင်ဖြစ်ပြီး ထိပ်ပိုင်းရာထူးကိုပေးထားရာ ချစ်ကြည်ရင်းနှီးမှူရှိခဲ့ပါတယ်။ တပ်ချုပ်ဟာ အစ္စရေးနိုင်ငံရဲ့ သမ္မတ၊ ကာကွယ်ရေးဝန်ကြီး၊ တပ်ချုပ်၊ မော့ဆက်အစ္စရေးထောက်လှမ်းရေးအကြီးအကဲ (အတည်ြ့ပုဆဲ) တို့ကိုတွေ့ခဲ့ပြီး အကူအညီတောင်းခဲ့ဟန်တူပါတယ်။ ဒီနေရာမှာလောလောဆယ် ဝယ်လိုက်တဲံ့ ကြည်း၊ ရေ နှစ်သွယ်သွား တင့်ကားများနဲ့အမြန်ရေယာဉ်တွေဟာ အဆင့်မြင့်နည်းပညာနဲ့တည်ဆောက်ထားတဲ့အပြင် တပ်ချုပ်ဟာ လေကြောင်းကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်တဲ့ စက်ရုံကိုသွားရောက်ကတည်းက နိုင်ငံလုံခြုံရေးအတွက်ဖေါ်ပြရန် မသင့်လို့ ကြိုတင်ကာကွယ်မည့်အစီအမံများ လုပ်ထားပြီးဖြစ်လောက်ပါတယ်။

စက်တင်ဘာလ၂၁ရက်နေ့မှာ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ တရုတ်နိုင်ငံဘေဂျင်းမြို့တော်သို့ ရောက်ရှိ ခဲ့ပြီး တရုတ်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နဲ့ တွေ့ဆုံခဲ့ပါတယ်။ အကြောင်းရင်းကတော့ တရုတ်-မြန်မာနယ်စပ်တွင် ရှိနေကြသော တရုတ် မြန်မာချစ်ကြည်ရေးကို အဟန့်အတား ဖြစ်စေတဲ့ကိုးကန့်၊ ဝ၊တအာင်း နဲ့ ကချင် လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းပစ်မယ် ဆိုတဲ့ ခေါင်း စဉ်တွေနဲ့ ဆွေးနွေးခဲ့ကြတယ် လို့ ဆောင်းပါးရေးနေတုံးမှာပင် နယ်စပ်က မိတ်ဆွေတစ်ဦးထံမှသိရပါတယ်။ စာရေးသူတို့ခန့်မှန်းချက်အရ ဟိုတလောက UWSA ထုတ်ပြန်လိုက်တဲ့ကြေညာချက် ဂယက်ရိုက်သွားဟန် တူပြီး တပ်မတော်က လက်မှတ်မထိုးခဲ့သူများအား ဖိအားပေးမည့် မဟာဗျူဟာနည်းလမ်းတစ်ခုဖြစ်ပါတယ်။

၁၁။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့မှ မိတ်ဆွေတစ်ဦးက စာရေးသူကို Code Of Conduct စပ်လျဉ်းပြီးအောက်ပါအတိုင်းဆွေးနွေးဖလှယ်ခဲ့ပါတယ်- တကယ်တော့ နှစ်ဖက်တပ်ဖွဲ့များ လိုက်နာရမည့် စည်းကမ်း၊ ကျင့်ဝတ်ကို တည်ငြိမ်မှူရှိတဲ့ စစ်ဆင်ရေးဧရိယာတခုမှာ စမ်းသပ်ကာလအချိန်တခု ထားကာ နမူနာ သရုပ်ပြလုပ်သင့်ပါတယ်။ အဲဒီလို စစ်ဘက်ဆိုင်ရာ Joint implementation coordination ကော်မတီက လုပ်ပြရာမှာ ပေါ်ထွက်လာနိုင်မည့် အားနည်းချက်များကို ပြန်လည်ညှိနှိုင်းပြင်ဆင်ပြီးမှ လက်မှတ်ထိုးတဲ့အဆင့် လုပ်ပါက ပိုပြီးတည်ငြိမ် အသက်ဝင် လာနိုင်ပါတယ် ။ ဒါတောင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တည်ရှိပုံအနေအထား ဧရိယာတခုနဲ့တခု မတူညီဖို့များပါတယ်။ တချို့ဧရိယာများဟာ အဖွဲ့ပေါင်းစုံ ရောထွေးနိုင်သလို၊ တဖွဲ့ တည်းမှာပင် အမြဲတမ်းတပ်နဲ့ ဌာနေပျောက်ကြားတပ်ဆိုပြီးရှိနေခြင်း၊ နယ်မြေတခုကို ပိုင်းခြားမှူပြသနာ ရှိနိုင်ပါတယ်။ အဲဒီလို သုံးသပ်ပြင်ဆင်နိုင်ရင် စာချုပ်အပေါ် လက်အောက်တပ်များက နားလည်ပြီး လိုက်နာမှူရှိလာကာ အနှစ်သာရပြည့်ဝတဲ့ အပစ်ရပ်စာချုပ်ဖြစ်လာပါမယ်။

၁၂။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပြောပြောနေတဲ့ တနိုင်ငံလုံးအပစ်ရပ်ဆိုတဲ့ မြန်မာစာလုံး အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အားလုံးပါမှ ကိုက်ညီလို့ ၃ဖွဲ့ကို ချန်ထားလို့မကောင်းဘူးဆိုတဲ့ တောင်းဆိုမှူ ဟာ အစိုးရအဖို့ အကျပ်အတည်းဖြစ်နေပါတယ်။ စာရေးသူတို့ စစ်ဖက်အရာရှိကြီးတွေဟာ တခါတလေ စကားလုံးရွေးချယ်မှူ ထိပ်ဆုံးကိုမှ ရွေးတတ်လွန်းတယ်။ မြန်မာ့အားကစား ကမ္ဘာလွှမ်းစေရမယ် ဆိုတဲ့ လူရယ်စရာဖြစ်နေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဆိုလိုတာက လက်ရှိဖြစ်နိုင်တဲ့စွမ်းအား၊ ပေးလာတဲ့ အခွင့်အရေး၊ လတ်တလောအခြေအနေ၊ ပေးတဲ့အနေအထား၊ မူတည်ပြီးအကောင်အထည်ဖေါ်လို့အောင်မြင်နိုင်မဲ့ ရည်မှန်းချက်၊ စကားလုံးဝေါဟာရသာရွေးချယ်သင့်ပါတယ်။ အမှတ်ယူချင်တဲ့စိတ်၊ လုပ်ချင်နေတာကို လိုအပ်တာထက် မရမက ဆွဲတင်နေတဲ့ ပုံမျိုးပေါက်နေပါတယ်။ ဖြစ်သင့်တာက ၃ဖွဲ့ ကို လက်မခံနိုင် လောက်တဲ့ အကြောင်းပြချက်တွေ ခိုင်ခိုင်မာမာပြပြီး လူထုကို ချရှင်းရဲကာ တပ်ချုပ်နဲ့လေသံတထပ် တည်းဖြစ်သင့်တယ်။ တရုတ်ကို ကြောက်နေတာ သိသာလွန်းတယ်လို့သုံးသပ်ပါတယ်။

၁၃။ စာရေးသူရဲ့ခံယူချက်အရ မူလကတည်းက မြန်မာစာလုံးအဓိပ္ပါယ်အရ အငြင်းမပွါးရအောင် တနိုင်ငံလုံးအပစ်ရပ်စာချုပ်အစား ငြိမ်းချမ်းရေး အပစ်ရပ်စာချုပ်ဆိုပြီး ဝေါဟာရပြောင်းသင့်ပါတယ်။ ဒါမှ ငြိမ်းချမ်းရေးအမှန်လိုလားသူတွေတိုင်း ဒီလက်မှတ်ကို လာထိုးကြမယ်။ MMDAA လိုမျိုး အချုပ်အချာအာဏာကိုထိပါးတဲ့အဖွဲ့ကိုပါမှ လက်မှတ်ထိုးမည်ဆိုတဲ့ အဖွဲ့ဟာ ငြိမ်းချမ်းရေးမလိုလားသူအဖြစ် အော်တိုမစ်တစ်အဓိပ္ပါယ် သက်ရောက်သွားမှာဖြစ်တယ်။ အချုပ်အချာအာဏာ ထိပါးတယ်ဆိုတာကိုအဆုံးစွန်ထိ တွေးလိုက်ရင် ခွဲထွက်ခွင့်အခြေအနေဖန်တီးနိုင်တာမို့ အခြားအဖွဲ့တွေနဲ့တန်းတူမထားနိုင်တာ ပေါ်တင်ရှင်းလင်းသင့်ပါတယ်။

၁၄။ ယခုတော့ရွေးကောက်ပွဲက နီးလာလို့ နိုင်ငံရေးမူဘောင်ဆွေးနွေးမဲ့ကာလ ရက်ပေါင်း(၆၀)ဟာ အစိုးရအဖွဲ့အချိန်းအပြောင်းနဲ့ဘယ်လိုဆက်ပြီး စခန်းသွားကြမလဲ ဆိုတာတိုင်းရင်းသားအချို့ စိုးရိမ်စိတ်ဖြစ်ပေါ်နေတာနဲ့ စပ်လျဉ်း ပြီး ငြိမ်းချမ်းရေးစင်တာနဲ့နီးစပ်သူထံစာရေးသူမေးခဲ့ပါတယ်-

“ အကိုကြီးမင်္ဂလာပါ။ တချို့တိုင်းရင်းသားတွေကစိတ်ပူနေကြတယ်။ အရေးကြီးဆုံးဖြစ်တဲ့နိုင်ငံရေးမူဘောင်ရေးဆွဲကာလဟာ ရွေးကောက်ပွဲနဲ့တိုက်ဆိုင်နေတာမို့ နိုင်ငံရေးပါတီတွေက စိတ်မဝင်စားနိုင်ဘူး။ တကယ်လို့မပြီးဘဲ နောင်အစိုးရက ဒါကိုဆက်ပြီး အကောင်အထည်ဖေါ်တာဆိုရင်တမျိုးဖြစ်သွားမှာ စိုးရိမ်နေကြတယ်။”

“ ညီလေး၊ ဒါကို အပစ်ရပ်မထိုးခင် သိတဲ့အတိုင်း ယခုဆိုရင် ဦးအောင်မင်းတို့ အင်းယားလိပ်မှာ ကြိုတင်အစည်းအဝေးခေါ်နေပြီ။ သက်ဆိုင်ရာပါတီတွေနဲ့ တိုင်းရင်းသားတွေက သူတို့ဆွဲပြီးသား နိုင်ငံရေးမူဘောင်တွေကို တင်လာကြပြီ။ အဲဒီ စိုးရိမ်တယ်ဆိုတဲ့သူတွေက တကယ်လက်မှတ်မထိုးချင်လို့ အကြောင်းပြတာ ဖြစ်မယ်။ ဒီအဆင့်ဖြစ်လာဖို့အချိန်တွေများစွာယူပြီး နှစ်ဖက် သဘောထားပါအောင် ဆွဲထားတာဖြစ်တယ်။ အခုမှထပြီး ကောက်ဆွဲထားတဲ့ပုံစံမျိုး၊ ပြန်ညှိခိုင်းတဲ့ပုံစံမျိုး ပြောတဲ့ဟာကလည်း လက်မှတ်မထိုးဖို့ အပြုသဘောမဟုတ်ဘဲ အပျက်သဘော ဟန့်တာမျိုး မကောင်းဘူးပေါ့။ ထိုးပြီး ပြန်ပစ် ခတ်မှူမဖြစ်ဖို့Code Of Conduct တောင် နှစ်ဖက်တပ်မှူးတွေ တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းတတိုင်းနဲ့ တတိုင်း မတူတဲ့အတွက် သေသေချာချာညှိရမှာ၊ ကော်မတီဖွဲ့ပြီးရင် အသေးစိတ်လုပ်ရမှာ၊ ဆိုပေမဲ့ စစ်တပ် ဆိုတော့ အစိုးရလို လူပြောင်းစရာ မရှိသေးတဲ့အတွက် ဒီစိုးရိမ်စိတ်ကို ဖြေဖျောက်နိုင်တယ်။”

ငြိမ်းချမ်းရေးကို မြတ်နိုးပြီး ပြည်သူလူထုလိုလားနေပုံ ရှမ်းမြောက်ဒေသမှ တိုင်းရင်းသားတစ်ဦးရဲ့ ခံစားချက်၊ ယခုလို အပစ်ရပ်စာချုပ်နှောင့်နှေးကြန့်ကြာရတဲ့ အကြောင်းရင်းများရှိရာ အစိုးရမှာ တာဝန်ရှိတဲံ့ အားနည်းချက် အပိုင်းမြင်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အနေနဲ့လည်း တာဝန်ရှိတဲ့ အားနည်းချက် တွေကို နောက်အပိုင်း(၃)မှာ ဆက်လက်တင်ပြပါ့မယ်။

(Photo – Senior General – Min Aung Hlaing Facebook)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts