ကဗျာ

ချမ်းမြ – တော်​လှန်​​ရေး​တွေပြီးတဲ့​နေ့ ငါမင်းဆီကိုဆက်​ဆက်​ပြန်​လာမယ်​…လမင်း

 ချမ်းမြ – တော်​လှန်​​ရေး​တွေပြီးတဲ့​နေ့ ငါမင်းဆီကိုဆက်​ဆက်​ပြန်​လာမယ်​…လမင်း
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅

အ​ရေး​တော်​ပုံဆိုတာ
ကန့်​လန့်​ကာဆွဲချပြီး အ​မှောင်​ချလိုက်​လို့လည်း
ပြီးဆုံးသွားမယ့်​အရာမဟုတ်​ဘူး… လမင်း

သူတို့က​ခေါ်​တော့ ဒုက္ခသည်​ပေါ့
ကိုယ့်​ကိုယ်​ကို​တော့ ​တော်​လှန်း​ရေးသမား​ပဲ

တကယ်​​တော့…. လမင်း​ရေ
ငါတို့အားလုံးဟာ ဘုန်း​မော်
ငါတို့အားလုံးဟာ တံတားနီ
ငါတို့အားလုံးဟာ ဦးဝင်းတင်
ငါတို့အားလုံးဟာ ​ကျောင်းသား
ငါတို့အားလုံးဟာ သမဂ္ဂ

ဒီကဗျာရဲ့​နောက်​မှာအသက်​ရှူ​နေတဲ့
သမိုင်း​တွေအများကြီးရှိတယ်

လမင်း​ရေ…..
တော်​လှန်​​ရေး​တွေပြီးတဲ့​နေ့ကျ
ငါမင်းဆီကို ဆက်​ဆက်​ပြန်​လာခဲ့ပါ့မယ်…။

ချစ်​ခြင်းအားဖြင့်
ချမ်းမြ
Sep’19 ၊ 2015 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts