စာအုပ်စင်

စက်တင်ဘာလထုတ် မိုးမခ (လလည်) မဂ္ဂဇင်း ထွက်ပြီ

စက်တင်ဘာလထုတ် မိုးမခ (လလည်) မဂ္ဂဇင်း ထွက်ပြီ

(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၁၅

ဒီလလည်း ထုံးစံအတိုင်း လလည်ခေါင်ကျမှ မိုးမခမဂ္ဂဇင်း ထွက်ပါတယ်။ ကလောင်အင်အား စုံလင်စွာနဲ့ ထွက်တာမို့ ထုံးစံအတိုင်း နောက်ကျသော်လည်း ထုံးစံအတိုင်း အားပါးတရ ဖတ်ကြရမှာပါ။

နောက်တခါ နောက်မကျအောင် စက်တင်ဘာလထုတ်ကို ခပ်တည်တည်နဲ့ အောက်တိုဘာလအဖြစ် အမည်ပေးကြဖို့ ပြောကြသော်လည်း အဲသလိုတော့ မလုပ်တော့ပါဘူး။ အောက်တိုဘာလထုတ်ကို မြန်သည်ထက် မြန် စောသည်ထက် စောအောင် ထုတ်ကြဖို့ ယခုကတည်းက ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

မဂ္ဂဇင်း ဘာလို့ နောက်ကျတာလဲ။ ရေကြီးနေလို့၊ မိုးရွာနေလို့ စတဲ့ သဘာဝဘေးတွေ ကြောင့်လား၊ မီးပျက်နေလို့၊ ဘတ်စကားတွေ သပိတ်မှောက်လို့ စတဲ့ ရန်သူများ ၅ပါး ရန်ကြောင့်လား မေးမယ်ဆိုရင်တော့ တခုမှ မဟုတ်ပါဘူး။ ထုံးစံအတိုင်း နောက်ကျချင်လို့ နောက်ကျတယ်လို့ပဲ ကိုယ့်အပြစ်ကို ၀န်ခံ တောင်းပန်လိုက်ပါတယ်။ 

 နှင်းဆီဖြူက ဖြန့်ပါတယ်။ အမြို့မြို့ ဆိုင်တိုင်းမှာ မေးဝယ်ပါ။ ရန်ကုန်ထဲက ဆိုင်တွေ မှာ မြန်မြန်မေးဝယ်မှ အချိန်မီရမယ်။ 

 

 

 

 

(PDF ဗားရှင်းမို့ ဗမာစာနေရာမှာ ဘိုစာတွေ မှားပေါ်နေတာပါ၊ စာအုပ်ဝယ်ဖတ်ရင် အားလုံး အမှန်တွေချည်းပဲ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts