သတင်းဆောင်းပါး မောင်မောင်စိုး

မောင်မောင်စိုး – NCA နှင့် Failed State – အပိုင်း (၂)

မောင်မောင်စိုး – NCA နှင့် Failed State – အပိုင်း (၂)
စက်တင်ဘာ ၁၅၊ ၂၀၁၅

• နေပြည်တော်တွေ့ဆုံပွဲအခြေအနေ
နေပြည်တော်တွေ့ဆုံပွဲမတိုင်မှီ ထွက်ပေါ်နေသောအခြေအနေနှင့် သတင်းအချက်အလက်များအရ EAOs တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့ အဖွဲ့အတွင်း အားလုံးလက်မှတ်ထိုးရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများရှိသည်ဟု သုံး သပ်ကြသည်။ အားလုံးပါဝင်မှ လက်မှတ်ထိုးရေးနှင့် အားလုံးမပါတောင် လက်မှတ်ထိုးသင့်လျှင် ထိုးရမည်ဟု ယူဆသော အမြင်များ ကွဲပြားနေသည်ဟုဆို၏။

KNU ဥက္ကဌ စောမူတူးစေးဖေါက အားလုံးမပါလည်း လက်မှတ်ထိုးရေးဘက်မှ ရပ်ပြီး KIO ဒုဥက္ကဌနှင့် UNFC ဥက္ကဌဦးအင် ဘန်လမှာမူ အားလုံးလက်မှတ်ထိုးရေး ရပ်တည်သည်ဟု ယူဆကြသည်။ NMSPနှင့် SSPP/SSA တို့မှာလည်း အားလုံ ပါဝင်ရေးမူကိုဆုပ်ကိုင်ထားပြီး KNPP ကတော့ အားလုံးပါဝင်ရေး မပါဝင်ပါကလည်း ကျန်အဖွဲ့များအား နိုင်ငံရေး စစ်ရေး အာမခံချက်ပေးရေးဘက်က ရပ်သည်ကို ၎င်းတို့ကြေငြာချက် သဘောထားများအရသိရသည်။

အကဲခတ်များကတော့ ထိပ်သီး ၅ ပါတီအနက်အားလုံးပါဝင်မှ လက်မှတ်ထိုးရေးမူကိုဆုပ်ကိုင်ထားသော KIO ဦးအင်ဘန် လက အခရာဖြစ်သည်ဟု ယူဆကြသည်။ ဦးအင်ဘန်လသာ အစိုးရသဘောထားကို သဘောတူလျှင် ကျန် KNPP/NMSP/SSPP တို့လည်း သဘောတူမည်ဟု ယူဆကြသည်။

သို့ဖြစ်ရာ မူလက တိုင်းရင်းသားပါတီ ၅ ခုမှခေါင်း ၅ ယောက်နှင့် အဆင်မြင့်ကိုယ်စားလည်အဖွဲ့မှ ၃ ယောက် ပေါင်း ၈ ယောက်သာစီစဉ်ထားရာမှ KNU အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းအား NCCT အနေနှင့်ထပ်ဖြည့်ပြီး စောမူတူးစေးဖေါ အား အင်အားဖြည့်ပေးပုံရသည်ဟု တွေ့ရသည်။

တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များအနေနှင့် NCA လက်မှတ်ထိုးရာတွင် အားလုံးပါဝင်ရေးကို မူအဖြစ်ရပ်ခံထားသော် လည်း နောက်ဆုံးအဆင့်တွင် မလွဲမရှောင်သာ ကွဲလွဲမှုများကို ထုတ်ပြရမည့်အခြေအနေသို့ ဆိုက်ရောက်သွားပြီ ဖြစ်သည်။

နေပြည်တော်အစည်းအဝေးတွင် NCA လက်မှတ်ထိုးရေးကို အမြန်လုပ်လိုကြောင်းဖေါ်ပြလာပြီး MPC ကလည်း စက်တင်ဘာ ၂၉ မထိုးဖြစ်တောင် အောက်တိုဘာလဆန်းတွင်လုပ်မည်ဟု ပြောကြားသည်။ အစိုးရတာဝန်ရှိသူများကတော့ အဖွဲ့ သုံး လေးဖွဲ့ကြောင့် NCA အပျက်မခံနိုင်ဟု ဆိုသည်။

စက်တင်ဘာ ၉ ရက်အစည်းအဝေးအပြီးတွင် SD ဒုခေါင်းဆောင် ဦးပူဇင်ကျုံးက NCA လက်မှတ်ထိုးရန် မဆုံးဖြတ်ရသေး ကြောင်း တိုင်းရင်း သား ခေါင်းဆောင်များအနေနှင့် အောက်တိုဘာပထမပတ်တွင် ပြန်လည်ဆွေးနွေး ဆုံးဖြတ်မည်ဖြစ်ကြောင်း ဘယ်နေ့ဖြစ်နိုင်မည် အကယ်၍ လက်မှတ်ထိုးလျင် မည်သူတွေပါမည် မပါမည် အားလုံးပါမည်ဆိုလျှင်လည်း မည်သည့် အခြေအနေမျိုးနှင့် ထိုးကြမည်ကို ဆွေးနွေးဆုံးဖြတ်မည်ဟု ဆိုပါသည်။

၂၀၁၅ စက်တင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်တွေ့ဆုံပွဲနှင့်ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သဘောထားထုတ်ပြန်ရာတွင် အစိုးရဘက်ကတင်ပြထားသော NCA လက်မှတ်ထိုးပွဲမတိုင်မှီ အစိုးရရော တိုင်းရင်း သားအဖွဲ့များပါ NCA လက်မှတ်ထိုးရာတွင် အားလုံးပါဝင်ရေးကို ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အဓိကကျသည့် တိုင်းရင်း သား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးပါဝင်ရေးသည် ယုံကြည်မှုကို ခိုင်မာစွာတည်ဆောက်ရေးနှင့် မြန်မာနိုင်ငံရေရှည်ငြိမ်းချမ်းရေးအတွက် လွန်စွာအရေးကြီးကြောင်း EAOs မှ ဖဒိုစောကွယ်ထူးဝင်း ( KNU ) နှင့် ပူးဇင်ကျုံး ( CNF) တို့က တာဝန်ခံထုတ်ပြန်ခဲ့သည်။

သို့သော် အစိုးရပိုင်းတာဝန်ရှိသူများနှင့် MPC မှတာဝန်ရှိသူများက အောက်တိုဘာလ ပထမပတ်တွင် NCA လက်မှတ်ထိုးနိုင် မည်ဟုဆိုသည်။ MPC မှ ဦးလှမောင်ရွှေ၏အဆိုအရ ၁၀ ဖွဲ့ပတ်ဝန်းကျင်လောက် လက်မှတ်ထိုးမယ်ဟုဆိုခဲ့သည်။ သို့ဖြစ်
ရာ အစိုးရနှင့် MPC အလိုအရ NCA လက်မှတ်ထိုး ခြင်းအား အားလုံးမပါသော်လည်း ပါမည့်အဖွဲ့နှင့်စတင်ပြီး နောက်အခြား အဖွဲ့များ လက်မှတ်ထိုးနိုင်ရန် လမ်းဖွင့်ထားမည်ဟု ဆိုချင်ပုံရသည်။

အကဲခတ်များအဆိုအရ အောက်တိုဘာလအ တွင်း NCA လက်မှတ်ထိုးရာတွင် အားလုံးပါဝင်နိုင်ချေမရှိဘဲ ဦးလှမောင်ရွှေပြော သည့် ၁၀ ဖွဲ့တွင် အစိုးရနှင့် သီးခြားအပစ်ရပ်ထားသည့် RCSS နှင့် နာဂအဖွဲ့ဖြစ်သည့် NSCN (K) ၂ ဖွဲ့ EAOs ၁၇ ဖွဲ့မှKNU/KPC/DKBA/ABSDF/ALP/CNF/PNLO တို့ ပါဝင်လက်မှတ်ထိုးရန် သေချာသလောက်ရှိပြီး NMSP နှင့် KNPP ကို စောင့်ကြည့် ရဦးမည်ဟု သုံးသပ်ရပါသည်။

ယေဘူယျပြောရလျင် လာမည့် အောက်တိုဘာNCA လက်မှတ်ထိုးပွဲတွင် အားလုံးပါဝင်နိုင်ချေအလွန်နည်းပြီး ထိုင်းနယ်စပ်ကို ကျောပေးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA တွင် ပါဝင်လက်မှတ်ထိုးနိုင်ဘွယ်ရှိပြီး တရုတ်နယ်စပ်ကို ကျောပေးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA တွင် ပါဝင်လက်မှတ်ထိုးဖွယ်မရှိဟု သုံးသပ်ရပါသည်။

• မြန်မာစစ်ဖက်နှင့် NCA
၂၀၁၅ စက်တင်ဘာ ၉ ရက် နေပြည်တော်ထိပ်သီးဆွေးနွေးပွဲတွင် သမတဦးသိန်းစိန်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်ပါဝင်မည်ဟု ကနဦးသတင်းများထွက်ခဲ့သော်လည်း လက်တွေ့တွင် ကာချုပ်မှာ နိုင်ငံခြားခရီးစဉ် ရှိနေ၍ တွေ့ဆုံပွဲတွင်မပါဝင်ခဲ့ပေ။ စက်တင်ဘာ ၁၀ ရက်တွင်လည်း ဒုကာချုပ်နှင့် တိုင်းရင်းသားခေါင်းဆောင်များ တွေ့ ဖွယ်ရှိသည်ဟု သတင်းထွက်ခဲ့သော်လည်း တွေ့ဆုံခြင်းမရှိခဲ့ပေ။

လက်ရှိ သမတနှင့်တွေ့ဆုံပွဲတွင် သမတက အားလုံးပါဝင်ရေးကို မူအရလက်ခံပြီး နည်းလမ်းရှာသွားမည်ဆိုသော်လည်း တွေ့ဆုံပွဲမတိုင်မှီကကာချုပ်မှ MNDAA/TNLA/AA နှင့် KIA တပ်မဟာ ၄ တို့ လက်နက်ချရမည်ဟုပြောထားပေရာ မြန်မာ
စစ်ဖက်ခေါင်းဆောင်အနေနှင့် သမတသဘောထားနှင့်အညီ သူ၏သဘောထားအား ပြောင်းလဲမှုရှိမရှိကို ရှင်းလင်းစွာ မသိရပေ။

ထို့ပြင် ရှမ်းမြောက်နှင့် ကချင်ပြည်နယ်တွင်တိုက်ပွဲများဖြစ်နေဆဲဖြစ်သည်။ KIA RCSS တို့နှင့် တိုက်ပွဲအနဲအကျဉ်းသာ ဖြစ်ခဲ့သော်လည်း ရှမ်းမြောက် ပလောင်ဒေသတွင် မြန်မာစစ်ဖက်မှ အင်အားဖြည့်တင်းမှုများ ပြုလုပ်ခဲ့ပြီး တိုက်ပွဲများ ရက် ဆက်လိုဖြစ်နေသည်ဟု သတင်းများကဆိုပါသည်။

ထို့ပြင် တိုက်ပွဲများအတန်ကြာရပ်နေခဲ့သော ကိုးကန့်ဒေသတွင်လည်း စက်တင်ဘာလဆန်းမှစ၍ နေ့စဉ်လိုလို တိုက်ပွဲများဖြစ် ပွားလာနေသည်ဟု သတင်းများကဆိုပါသည်။

ငြိမ်းချမ်းရေးကွန်ယက်များ၏သုံးသပ်ချက်အရ တိုက်ပွဲများအားလုံး၏ ၈၀ ရာခိုင်နှုန်းသည် ရှမ်းပြည်မြောက်ပိုင်းတွင် ဆက် လက်ဖြစ်ပွားနေသည်ဟု ဆိုသည်။ NCA လက်မှတ်ထိုးပြီး နယ်မြေသတ်မှတ်မှုမလုပ်မှီထိ တိုက်ပွဲများဖြစ်ပွားနိုင်သည်ဆို သော်လည်း ငြိမ်းချမ်းရေးအား ရည်စူးပြီး စစ်ရှိန်လျှော့ချရန်လိုအပ်ပါမည်။

ဆက်လက်ဖေါ်ပြပါမည်။

Photo : Reuter


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်မောင်စိုး – NCA နှင့် Failed State – အပိုင်း (၂)
  1. ဖထီး က ဘာတွေ၇ ထား လို့ ဒီလောက်လောနေ ၇ တာ လဲ

Comments are closed.