News Yan Naung (Bo Ta Htaung)

အူရီဒူး သုံးစွဲသူများအနေဖြင့် WeChat တွင် 200MB အခမဲ့အသုံးပြုနိုင်ပြီ

အူရီဒူး သုံးစွဲသူများအနေဖြင့်
WeChat တွင် 200MB အခမဲ့အသုံးပြုနိုင်ပြီ
ရန်နောင်(ဗိုလ်တထောင်)      မိုးမခ        စက်တင်ဘာ ၁၃ – ၂၀၁၅

 

 

 
          WeChat app နှင့် အူရီဒူး သုံးစွဲသူတို့ လက်တွဲပူးပေါင်းကာ
မြန်မာနိုင်ငံအတွက် အကောင်းဆုံး မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုကို ပေးစွမ်းနိုင်ရန်
ရည်ရွယ်ပြီး  သုံးစွဲမှု အကြောင်း သတင်းစာရှင်းလင်းပွဲကို
ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် စက်တင်ဘာလ ၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
          ပူးပေါင်းမှု၏
တစိတ်တပိုင်းအဖြစ် အူရီဒူး သုံးစွဲသူများအတွက် စိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ကောင်းသော
ပရိုမိုးရှင်း  အစီအစဉ်အဖြစ် အူရီဒူး သုံးစွဲသူများအတွက်
တစ်လလျှင် 100MB နှုန်းဖြင့် စုစုပေါင်း 200MB အား အောက်တိုဘာလ ၃၁ ရက်နေ့အထိ အသုံးပြုနိုင်ရန်ပြုလုပ်ပေးထားသည်။
အဆိုပါ အစီအစဉ်ဖြင့် WeChat ၏ လုပ်ဆောင်ချက်များဖြစ်သော အသံ( voice) နှင့် video
call ပြောဆိုခြင်း၊ စာတိုပို့ခြင်း၊ အဖွဲ့လိုက်စကားပြောခြင်း၊Hold to Talk,
Moments တွင် မျှေ ဝခြင်း၊စတစ်ကာများ အသုံးပြုခြင်း နှင့် အခြားသော လုပ်ဆောင်ချက်များစွာကို
အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။
          WeChat
၏ Brand Ambassador များဖြစ်ကြသော အဆိုတော်၊သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် နှင့်
Miss Supernational Myanmar အလှမယ် အယ်လ်ဘောက်နူး တို့က မိမိတို့ နေ့စဉ်ဘတွင်
WeChat ကို မည်ကဲ့သို့ အသုံးပြုနိုင်ကြောင်း အကြောင်းအရာမျိုးစုံဖြင့် သရုပ်ပြခဲ့ကြသည်။
          အူရီဒူး၏
မားကက်တင်းနှင့် ဆက်သွယ်ရေး ဒါရိုက်တာ မပွင့်ဦးဆွေက အူရီဒူးအနေဖြင့် ယခုကဲ့သို့ အစီအစဉ်သစ်
လုပ်ဆောင်ရခြင်းအပေါ် အလွန်စိတ်လှုပ်ရှားမိကြောင်း ယခုလို ပြောပြသွားခဲ့ပါသည်။ ` အူရီဒူး
နဲ့ ယုံကြည်ချက်လည်းတူ၊ သုံးစွဲသူတွေအတွက် ကောင်းမွန်ဆန်းသစ်တဲ့ အတွေ့အကြုံကို စဉ်ဆက်မပြတ်
ပြုလုပ်ပေးနေတဲ့ WeChat နဲ့ လက်တွဲ ပူးပေါင်းခွင့်ရတဲ့ ပထမဦးဆုံး မိုဘိုင်း ဆက်သွယ်ရေး  company ဖြစ်တဲ့ အတွက်လည်း ဂုဏ်ယူမိပါတယ်။ သုံးစွဲသူတွေရဲ့
အတွေ့အကြုံကို နောက်ထပ် တဆင့် တိုးမြှင့်ပေးနိုင်လို့ WeChat နှင့်တွဲဖက် လုပ်ဆောင်ရခြင်းက
နှစ်ဖက်လုံးအတွက် တန်ဖိုးရှိတဲ့အရာ တစ်ခုဖြစ်ပါတယ်။သုံးစွဲသူအားလုံးအတွက် အကောင်းဆုံး
မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှုအတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကို ဖန်တီးပေးချင်ပါတယ်
` ဟု လည်း ဆက်လက်ပြောပြခဲ့သည်။
          200MB  အခမဲ့ဖြင့် သုံးစွဲသူတစ်ဦးမှ ၄၈ နာရီမျှ မိသားစု
ဝင်များဖြင့် စကားပြောဆိုနိုင်ခြင်း၊မိတ်ဆွေသူငယ်ချင်းများအား စာတိုအရေအတွက် ၂ သိန်း
အထိပေးပို့နိုင်ခြင်း သို့မဟုတ် Moments တွင် ဓာတ်ပုံ ၂၀၀၀ တင်နိုင်ခြင်း နှင့် မိမိချစ်ခင်သူများကို
အသံမက်ဆေ့ခ်ျ ၄၀၀၀ အထိ ပို့ဆောင်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်နိုင်သည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts