သူတို့အာဘော် စောငို

ထက်မြက် – ဘာကြောင့် မဲပေးကြမှာလဲ

၂၀၁၀ ရွေးကောက်ပွဲတုန်းက ကာတွန်းစောငို ဆွဲခဲ့တဲ့ ကာတွန်းပါ

 

ထက်မြက် – ဘာကြောင့် မဲပေးကြမှာလဲ

(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၅

 

“ ဘာကြောင့် မဲပေးကြမှာလဲ” မေးခွန်းအပေါ် ဒီမိုကရေစီလိုချင်၍ မဲထည့်ကြရမည်ဟု ပြောသူများက ပြောသလို၊ လူ့အခွင့်အရေး အပြည့်အဝရချင်၍ ဟု ပြောသူကလည်းပြော၏။ တချို့က တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးအတွက်၊ တချို့ကလည်း မိမိဘဝ သာယာဖြောင့်ဖြူးရေးအတွက်၊ တချို့ကလည်း လွတ်လပ်မှုအတွက် စ သည် စသည်ဖြင့် မိမိတို့ သန်ရာသန်ရာ၊ မိမိတို့ ဆန္ဒရှိသမျှနှင့် ရည်ရွယ်ချက်ထားရှိမှုအပေါ် မူတည်ပြီး အမျိုးမျိုး ပြောကြလေသည်။ 

 

ကျွန်တော်ကမူ စစ်အာဏာရှင်စနစ် မိမိနိုင်ငံမှ လုံးဝကင်းစင်သွားစေဖို့ မဲထည့်ရမှာ ဖြစ် သည်ဟု ယေဘူယျသဘောဖြင့် ဖြေလိုက်လေသည်။ 

 

မဲထည့်ရုံဖြင့် စစ်အာဏာရှင်စနစ် ပျောက်သွားမှာလား၊ မ ပျောက်နိုင်ပါ။ 

 

၉၀ ပြည့်နှစ်ကလည်း မဲထည့်ခဲ့၏။ သို့သော် စစ်အာဏာရှင်စနစ် ပျောက်မသွား၊ ပို၍ပင် ဆိုးရွား ခဲ့၊ ရက်စက်ခဲ့လေသည်။ ၂၀၁၀ ခုနှစ်ကလည်း မဲထည့်ခဲ့သည်။ စစ်အစိုးရခေတ်ကထက် အလျင်သိမ်မွေ့လာ သည်ဟု ဆိုရသည်။ သို့သော် ဟန်ပြဆက်ဆံရေးသာ ဖြစ်ပါသည်။

 

  စစ်အာဏာရှင်စနစ်မှာ  ဂျပန်ခေတ်မှီသူများ က ဖက်ဆစ်ဂျပန်တို့ အုပ်ချုပ်သည့်အတိုင်းပင် ဖြစ်သည်ဟုဆိုသည်။ ထစ်ခနဲ့ရှိ ထောင်ထဲထည့်ခြင်းမျိုး၊ အကန့် အသက်မရှိ ထောင်ချခံရခြင်းမျိုးဖြင့် ပြည်သူလူထုမှာ ဂျာမနီမြေမှ ဟစ်တလာထံ ရောက်သွားသလို ဖြစ်နေ သည်။ ဗိုလ်နေဝင်းခေတ်က ဗိုလ်နေဝင်းက မောက်မာသည်။ ဗိုလ်သန်းရွှေခေတ်တွင်မူ ဗိုလ်သန်းရွှေက ကိုယ် တိုင်မမောက်မာပဲ လူယုံတပည့်များကို ခိုင်းစေကာ မောက်မာလေသည်။ စစ်အာဏာရှင်ခေတ်တွင် ပြည်သူများ မှာ ထမင်းဝလင်အောင် မစားရသလို စကားကိုလည်း ဝလင်အောင် မပြောကြရပေ။ 

 

ကျွန်တော်တို့မျိုးဆက်မှာ စစ်အာဏာရှင်စနစ်ကို ခါးခါးသီးသီး ရင်ဆိုင်ကြုံတွေ့ခဲ့ရသော မျိုးဆက်ဖြစ် ၏။ ဂျပန်ခေတ်၌ လူမှန်းသိတက်စအရွယ် မဟုတ်၍ ဖိနှိပ်မှုကို မခံစားခဲ့ရသော်လည်း စစ်အာဏာရှင်စနစ်ကို လူ မှန်းသိတက်သည့်အရွယ်ဖြစ်၍ ခါးခါးသီးသီး ခံစားခဲ့ရပါသည်။ ဗမာနိုင်ငံရောက်လာသော ဖက်ဆစ်ဂျပန်တို့ သည် လိုချင်သမျှကို အတင်းအဓမ္မယူသည်။ အာခံပြောဆိုလျှင် ပါးရိုက်နားရိုက် လုပ်သည်။ သူတို့ကို ဆန့်ကျင် ပုန်ကန်လျှင် အချုပ်ထဲထည့်ကာ ရေနွေးပူလောင်းသည်၊ လက်သည်းခွံ ခြေသည်းခွံ ခွာသည်၊ ရေနှစ်သည်၊ ခြေ သလုံးအပေါ် မြင်းလုံးဖြင့် လှိမ့်သည်၊ စသည်စသည်ဖြင့် ရက်စက်စွာ ပြုလုပ်လေသည်။ ဖက်ဆစ်တို့၏ ရက်စက် ပုံကို ကိုယ်တိုင်ခံစားခဲ့ရသူများ၏ အတွေ့အကြုံအရ သိရှိခဲ့ရသလို စာတွေ့အရလည်း သိရှိခဲ့ရသည်

 

။ ဂျူးလူမျိုး ၆ သန်းခွဲ အသက်ခံရသော နာဇီတို့၏ ရက်စက်ပုံကိုလည်း ရုပ်ရှင်များထဲ ကြည့်ရသည်။ စာများထဲ ဖတ်ရှုခဲ့ရ လေသည်။ ဂျူးများကိုဖမ်း၊ ဓါတ်ငွေ့ဖြင့် အဆောက်အဦးထဲထည့်ကာ သတ်ပစ်သည်။ ဆံပင်များ ဖြတ်ယူပြီး မွေ့ ရာများ၊ ဆိုဖာများတွင် အသုံးပြု၏။ ရွှေသွားများ၊ လက်စွပ်များကို ဖြုတ်ယူကာ လူသေထံမှ အမြတ်ထုတ်ကြ သည်။ ဖက်ဆစ်စနစ်၏ အလွန်ရက်စက်မှုများကို သိရှိကြသလို တရုတ်ပြည်တွင် နန်ကင်းလူသက်ပွဲမှာ ထင်ရှား ၏။ ထို နန်ကင်းလူသတ်ပွဲကို ဂျပန်က ယခုအထိ ငြင်းနေသည်။ သမိုင်းအမှန်ရှိနေရက်နှင့် နောင်ဖက်ဆစ်အုပ် ချုပ်ရေးမဟုတ်ပဲ ဒီမိုကရေစီအုပ်ချုပ်ရေး ဖြစ်နေသော်လည်း ဂျပန်တို့မှာ အမျိုးသားရေး စိတ်ဓါတ်ဖြင့် ငြင်းနေ၏ ဆဲဖြစ်ပါသည်။ 

 

ဖက်ဆစ်စနစ်၏ဒဏ်ကို ကိုယ်တိုင်ကိုယ်ကျ မခံစားခဲ့ရသော်လည်း စစ်အာဏာရှင်စနစ်၏ ရက်စက်မှု ဒဏ်ကိုကား တမလွန်ဘဝအထိ မမေ့နိုင်လောက်အောင် ခံစားခဲ့ရပါသည်။ 

 

ထို့ကြောင့် ဘာကြောင့်မဲထည့်ရမှာ လည်း ဆိုသည့်အခါ ဒီမိုကရေစီလိုချင်၍ မဲထည့်ခြင်းလည်း မှန်သည်၊ လူ့အခွင့်အရေး အပြည့်အဝလိုချင်၍ မဲ ထည့်ခြင်းလည်း မှန်သည်၊ လွတ်လပ်လို၍ မဲထည့်ခြင်းလည်း မှန်သည်။ ထိုအဖြေမှန်များ၏ အနှစ်ချုပ်တွင် စစ် အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ပါနေပါတော့သည်။ ဒီမိုကရေစီပေးမှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပေမည်။ 

 

သို့သော် ထို ဒီမိုကရေစီမှာ ၂၀၁၀ တုန်းက အပြောင်းအလဲဆိုသော ဒီမိုကရေစီကား မဟုတ်ပေ။ ထို ဒီမိုကရေစီ သည် အထက်ပါအဖြေများအားလုံးနှင့် အကျုံးဝင်သော စစ်အာဏာရှင်စနစ် အငွေ့အသက် တစ်စက်မှမပါသော ဒီမိုကရေစီဖြစ်မှသာလျှင် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်ပေမည်။ ဘာကြောင့် စစ်အာဏာရှင်စနစ်ကို အမြစ် ဖြတ်ချင်ပါသလဲ။

 

ကျွန်တော်တို့ဘဝတွင် ၁၉၆၂ ခုနှစ်မှစပြီး လူမဆန်အောင် နေခဲ့ကြရလေသည်။ စစ်ယူနီဖောင်းဝတ်များ မှတပါး အရပ်ဝတ် ဝတ်ထားသော မြန်မာပြည်သူများမှာ လူမိုက်၊ လူရမ်းကားများ အုပ်ချုပ်သောနိုင်ငံတွင် နေရ သလို ဖြစ်နေ၏။ တစ်နည်းပြောရလျှင် ဘီလူး၊ သဘက်လို လူမျိုးများ ၊ လမ်းပေါ်တွင် ဗိုလ်ကျစိုးမိုးနေသော လူ မိုက် လူရမ်းကားများ၏ အုပ်ချုပ်မှုအောက်တွင် နေခဲ့ရလေသည်။ 

 

အသင်းအဖွဲ့ ဖွဲ့စည်းခွင့်မရှိ၊ မိမိလိုအင်ဆန္ဒ ကို တင်ပြတောင်းဆိုခွင့်မရှိ၊  တစ်ချိန်တည်းတွင် မိမိစားချင်သော အစာကို  စားခွင့်မရှိကြ၊ မိမိသွားချင်သည့် နေရာကို သွားခွင့်မရှိကြ။ တစ်ခြားတိုင်းပြည်ထား၊ မိမိတိုင်းပြည်တွင်ပင် သွားသည့်နေရာ၌ စစ်ထောက်လှမ်းရေး ထံ မိမိဘယ်နေရာသွားသည်ကို တိုင်ကြားရသည်။ တည်းသည့်နေရာကိုလည်း ညအချိန်မတော် သန်းခေါင်စာ ရင်း စစ်လေသည်။ လုံးဝလွတ်လပ်ခွင့်မရှိ။ ကုလသမဂ္ဂပဋိညဉ်စာတမ်းကို လုံးဝချိုးဖောက်ထား၏။ ထိုအချိန်က စစ်အာဏာရှင်တို့၏ ပါးကွက်သားများဖြစ်သော စစ်ထောက်လှမ်းရေးများသည် ဒီမိုကရေစီဘက်တော်သားများ ကို ညဥ့်နက်သန်းခေါင်ဖြစ်စေ၊ နေ့ခင်းကြောင်တောင်ဖြစ်စေ ဖမ်းချင်သည့်သူကို လာရောက်ဖမ်းခွင့်ရှိသည်။ သိမ်းချင်သည့်ပစ္စည်း လာသိမ်းလေသည်။ အထူးသဖြင့် သူတို့ကို ပုန်ကန်ခြားနားသည်ဟု ယူဆပါက စာအုပ် များ၊ စာရွက်စာတမ်းများ လာရောက်သိမ်းယူလေသည်။ စစ်ကြောရေးစခန်းတွင် သူတို့မေးသည်ကို မဖြေပါက သေသည်အထိ စစ်ဆေးခွင့်ရှိသည်။ 

 

ရန်ကုန်မှ ဦးမောင်ကိုမှာ စစ်ကြောရေးစခန်းတွင် အသတ်ခံရ၏။ ၄၈၂၈ မှ ရဲဘော်မောင်ကိုလည်း မန္တလေးစစ်ကြောရေးစခန်းတွင် အသတ်ခံရသည်။ ထိုနှစ်ဦး အသတ်ခံရမှုမှာ ထင်ရှား လေသည်။ ထိုကဲ့သို့ သတ်ခွင့်ရှိကြောင်းလည်း စစ်အာဏာရှင်များက စစ်ထောက်လှမ်းရေးများကို လိုင်စင်ပေး ထား၏။ ဂျိမ်းစ်ဘွန်းလို “ Licence to Kill” ခွင့်ပြုထားသကဲ့သို့ စစ်ထောက်လှမ်းရေးကိုလည်း ထိုသို့ပင် ခွင့်ပြု ထားလေသည်။ ဖက်ဆစ်ဂျပန်တို့၏ ကင်ပေတိုင်များ၊ နာဇီတို့၏ ဂက်စတာပိုများမှာလည်း ထိုသို့ပင် ခွင့်ပြုခံ ထားရသူများ ဖြစ်သည်။ စစ်ထောက်လှမ်းရေးစခန်းများတွင် ကင်ပေတိုင်စခန်းများ၌ နှိပ်စက်ခံရသလို လက်  သည်းများလည်း အချွတ်ခံရသည်၊ ထုပ်တွင် ဇောက်ထိုးဆွဲကာ အရိုက်ခံရသည်၊ ခြေသလုံးတွင် မြင်းလုံးလှိမ့် ကာ သွေးစိမ်းရှင်ရှင် ထွက်သည်အထိနှိပ်စက်ကြသည်။ ကြာပွတ်ဖြင့်ရိုက်သည်၊ ကျင်စက်ဖြင့် တို့ကြသည်။ ထို ကျင်စက်တို့ခြင်းကြောင့် တချို့မှာ လူဖြစ်ရှုံးကုန်ကြသည်။ တချို့ ထောင်ထဲသေဆုံးကြသလို အပြင်ရောက် သည့်အခါ သေဆုံးကုန်ကြပါသည်။ 

 

 

စစ်အာဏာရှင်ခေတ်တွင် စစ်တပ်ကို တိုးချဲ့သထက် တိုးချဲ့၊ တိုင်းပြည်ဘဏ္ဍာငွေများကို စစ်အသုံးစ ရိတ်တွင်ထည့်ကာ စစ်လက်နက်ဝယ်ယူကြသည်။ စစ်ဘက်အရာရှိများကိုလည်း အရပ်ဘက်ဌာနများတွင် တာ ဝန်ယူ နေရာချထားသည်။ ယခု ဒီမိုကရေစီကို သွားသည်ဟုဆိုသောခေတ်၌ပင် စစ်ဗိုလ်ဆရာဝန်များအား အ ရပ်ဘက်ပြောင်းကာ တာဝန်ပေးလာသဖြင့် ဆရာဝန်အားလုံးလိုလို ဖဲကြိုးနက်တပ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။ စစ်အာဏာလွှမ်းမိုးမှုကို တိုင်ပင်ထားခြင်းမရှိပဲ အားလုံးလိုလို ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ 

 

စစ်တပ် လွှမ်းမိုးမှုကို ပြည်သူက မနှစ်မြို့ကြောင်း သိသာပါသည်။ ပညာတက်များကြား၌ ထိုမျှလောက်ဖြစ်နေပြီဆိုလျှင် ပို၍ဖိနှိပ်ခံ၊ သွေးစုပ်ခံရသော ကျေးလက်ဒေသများနှင့် တိုင်းရင်းသားဒေသများတွင် မည်ကဲ့သို့ခံစားရမည်ကို သိ ရှိနိုင်ပါသည်။

 

 ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဘာကြောင့်မဲထည့်ရမှာလဲဟု မေးလာသည့်အခါ စစ်အာ ဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် ယခင်အစိုးရထက်ပို၍ ရေးရေးသာရှိသော ဒီမိုကရေစီအခွင့်အလမ်း ရရှိ ရေးအတွက် စစ်ဗိုလ်မဟုက်သော၊ စစ်တပ်ကမဟုက်သော အရပ်သားများနှင့် လူထုကမျှော်လင့်သောသူများ ပြောရေးဆိုခွင့်ရှိလာဖို့အတွက် မဲပေးရခြင်းဖြစ်သည်ဟု ဖြေကြားလိုက်ရပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts