Han Thit Naing ဓာတ်ပုံသတင်း

ဟံသာဝတီဦးဝင်းတင် (၂၂)ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် အလှူရှင်များအားဂုဏ်ပြုခြင်း

ဟံသာဝတီဦးဝင်းတင် (၂၂)ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် အလှူရှင်များအားဂုဏ်ပြုခြင်း

ဟန်သစ်နိုင်၊ မိုးမခ၊ စက်တင်ဘာ ၁၃ရက်၊ ၂၀၁၅ခုနှစ်

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း (၂၂)ကြိမ်မြောက်တွင် မြန်မာနိုင်ငံအကျဉ်းထောင်များ၌

ဖမ်းဆီးထိန်းသိမ်းခံရဆဲ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၄င်းတို့၏ မိသားစုများ၊ ဘဝတူစာနယ်ဇင်းသမားများနှင့် မိသားစုများအား ကူညီထောက်ပံ့ငွေအပ်ပွဲနှင့် အလှူရှင်များ အား ဂုဏ်ပြုပွဲကို စက်တင်ဘာ ၁၂ရက်၊ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ(ငြိမ်းချမ်းရေးခန်းမ) ၌ ကျင်းပပြုလုပ်ခဲ့ သည်။

လက်ရှိနိုင်ငံရေးအကျဉ်းသားနှစ်ဦးဖြစ်သည့် ကိုဌေးအောင် (အင်းစိန်ထောင်) ၃သိန်း၊ ကိုဝင်းလှိုင် (ပြည်ထောင်)၃သိန်းတို့ဖြစ်ပြီး၊ နိုင်ငံရေးအကျဉ်းသားဟောင်းနှင့်ဘဝတူစာနယ်ဇင်းသမားများ ၁၄ဦးကို တစ်ဦး ၂သိန်းစီနှင့် ဦးနိုင်ငွေသိန်း (၉၂)နှစ် ၃သိန်း၊ ဦးအုန်းမောင် (၉၁)နှစ် ၃သိန်း၊ လူငယ်ဘုံရိပ်သာ ၂သိန်းတို့ကို (၂၂)ကြိမ်မြောက် ဦးဝင်းတင်ဖောင်ဒေးရှင်းမှ လှူဒါန်းခဲ့သည်။ စုစုပေါင်း အလှူငွေ (၄၂)သိန်း ကျပ်ဖြစ်သည်။

ဦးဝင်းတင်ဖောင်ဒေးရှင်းသည် ပထမအကြိမ်အဖြစ် မတ်လ၁၂ရက်၊ ၂၀၁၂ခုနှစ်မှစတင်၍ နှစ်လ တစ်ကြိမ်ကျင်းပပြုလုပ်ခဲ့ရာ စက်တင်ဘာ ၁၂ရက်၊ ၂၀၁၅ခုနှစ်တွင် (၂၂)ကြိမ်မြောက်ဖြစ်ပြီး၊ ပထမ အကြိမ်မှ (၂၂)ကြိမ်အထိ ထောက်ပံ့ကြေးငွေစုစုပေါင်း (၁၆၇၈)သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။ ၄င်းအပြင် ပညာရေး ထောက်ပံ့မှုအစီစဉ်အဖြစ် နိုင်ငံရေးအကျဉ်းသားဟောင်း နှင့် သားသမီး စုစုပေါင်(၇၇၃)ဦး အတွက် ထောက်ပံ့ ငွေ(၈၂၉)သိန်းကိုလည်း ပေးအပ်ခဲ့သည်။ ကျန်းမာရေးစောင့်ရှောက်မှု အစီိအစဉ်အဖြစ် ဦးဝင်းတင်ဖောင် ဒေးရှင်း စေတနာဆေးကုခန်း ဟူသော အမည်ဖြင့် ပုဇွန်တောင်မြို့နယ် လမ်း (၅၀)တွင် ဖွင့်လှစ်ထားသည်။ အလုပ်အကိုင်ရှာဖွေပေးရေးလုပ်ငန်းစဉ်များကိုလည်း ပြည်တွင်းအလှူရှင်တစ်ဦးနှင့် ပူးပေါင်းကာ ဆောင်ရွက် ပေးလျှက်ရှိသည်။

(၂၂)ကြိမ်မြောက်ဦးဝင်းတင်ဖောင်ဒေးရှင်းအတွက် အလှူရှင်များမှာ ကိုရီးယားရောက်မြန်မာများ (၃)သိန်း၊ မြန်မာသံတော်ဆင့် (မြန်မာသံတော်ဆင့်နှင့် ဟံသာဝတီဦးဝင်းတင်စာအုပ်အတွက်ဥာဏ်ပူဇော်ခ) (၂)သိန်း၊ ပြင်သစ်ရောက်မြန်မာများ(ယူရို ၂၃၀)၊ ဒေါက်တာအယ်နီဝင်း (၁)သိန်း၊ ဆရာဦးဝင်းတင် ကွယ်လွန်ခြင်းအထိမ်းအမှတ် ကျောက်တိုင်စိုက်ထူရေးကော်မတီ(မန္တလေး)(၁၂)သိန်း၊ အဘိဓမ္မာပြန့် ပွားရေး အသင်း၊ ပရဟိတလူမှုကူညီရေးအဖွဲ့(ညောင်တုန်း) (၂)သိန်း၊ ကိုဟန်ဝင်း+မအိမွန်သန္တာဝင့် (မန္တလေး) (၁)သိန်း၊ သခင်ဗဟုန်+ဒေါ်မြင့်ကြည်မိသားစုမြေနီကုန်းမှ(၁၀)သိန်း၊ ဦးအောင် +ဒေါ်သောင်းသောင်း ၄၉လမ်းမှ(၂)သိန်း၊ ဒေါ်အုန်းလှမှ(၁)သိန်း တို့လှူဒါန်းခဲ့သည်။

၎င်းအခမ်းအနားတွင် ဦိးဝင်းတင်ဖောင်ဒေးရှင်းနာယက ဦးမိုးသူမှအမှာစကားပြောကြားပေးပြီး အခမ်းအနားအမှူးအဖြစ် အတွင်းရေးမှူးဖြစ်သူ ဦးကျော်အောင်မှ ပြုလုပ်ပေးသည်။ ထောက်ပံ့ငွေများပေး အပ်ခြင်းနှင့် အလှူရှင်များအားဂုဏ်ပြုလွှာများပေးအပ်ခဲ့သည်။ ထောက်ပံ့ငွေရရှိသူတစ်ဦးမှ လည်း ကျေးဇူး တင်စကားများပြောကြားပေးခဲ့သည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts