သတင်းဆောင်းပါး ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) – စင်ကာပူ ၂၀၁၅ ပါလီမန်ရွေးကောက်ပွဲ PAP နိုင်မြဲ


 

ဇော်အောင် (မုံရွာ) – စင်ကာပူ ၂၀၁၅ ပါလီမန်ရွေးကောက်ပွဲ PAP နိုင်မြဲ

(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၁၅

အာဏာရပါတီ PAP  ၉၀.၂% နဲ့  အနိုင်ရှိသွားပါတယ်။ အမတ်နေရာပေါင်း ၈၃ ဦး ရှိပြီး ဒုတိယ WP ပါတီက အမတ်နေရာ ၆ဦး ရှိပါတယ်။ ပါတီပေါင်း ၉ခု ပြိုင်ရာမှာ အတိုက်ခံပါတီအားလုံး အာဏာရပါတီကို One by One တစ်ပါတီပြိုင်ရင် နောက်ပါတီဝင်မပြိုင်ရေး  သဘောတူညီချက်နဲ့ ပြိုင်ခဲ့ပါတယ်။ အတိုက်ခံများ မဲမကွဲရေး  စနစ်တကျပြိုင်ပေမဲ့ အာဏာရပါတီ PAP ကပဲ ယခင်ကထက်တောင် ပိုပြီး မဲများစွာရရှိခဲ့ပြီး အတိုက်ခံ WP ပါတီ အမတ်တစ်နေရာ လက်လွှတ်လိုက်ရပါတယ်။

အဖြေကတော့ စင်ကာပူအစိုးရ ဘာမှ အပြောင်းလဲမရှိဘူး။ အာဏာရပါတီကပဲ နောက်ထပ် ၅နှစ် ဆက်လက်အုပ်ချုပ်ပါမယ်။ မဲပေးပိုင်ခွင့်ရှိ လူတွေ ၂.၄ သန်းမဲပေးကြတာ  တစ်ဦးခြင်းရာနှုံးအရ PAP 69.86%, WP 12.48%. SDP 3.76%. NSP 3.53%. စသဖြင့် ရှိပါတယ်။ အတိုက်ခံမဲရာနှုံး ၃၀.၁၆% ရှိခဲ့ပေမဲ့ အမတ်နေရာ ၆ခုပဲ နိုင်ပါတယ်။

WP ပါတီ ကလွဲပြီး အခြားအတိုက်ခံပါတီတွေ အမတ် တစ်နေရာမှမရပါဘူး။

စင်ကာပူနိုင်ငံ ဖခင်ကြီး လီကွမ်ယူ ဒီနှစ် ၂၀၁၅ မှာ ကွယ်လွန်သွားပေမဲ့ ပြည်သူလူထုကတော့ လီကွမ်းယူ ခေါင်းဆောင်ခဲ့တဲ့ PAP ပါတီကိုပဲ တခဲနက် ထောက်ခံနေဆဲပါ။ လီကွမ်းယူ သားဖြစ်သူ လီရှန်လုန်း ကပဲ  ဝန်ကြီးချုပ် နိုင်ငံအကြီးကဲ ဖြစ်ပါတယ်။

မဲပေးခြင်း ရေတွက်ခြင်းနဲ့ အရှုံးနိုင်ကြေငြာခြင်းတို့ကို တစ်ရက်ထဲမှာပဲ ပြသနာမရှိ ပြီးဆုံးသွားပါတယ်။

နောက်ဆက်တွဲ မြန်မာ့ရွေးကောက်ပွဲ သုံးသပ်ချက်

 

စင်ကာပူမှာက မဲဆွယ်ခွင့် တလပဲပေးပြီး မြန်မာနိုင်ငံလို အလှပြကားကြီးများနဲ့ လမ်းမပေါ် လော်စပီကာနဲ့အော်ခွင့် မရှိပါ။

မြန်မာပြည် နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာတော့ အာဏာရပါတီ USDP နဲ့ အတိုက်ခံပါတီ NLD တို့နဲ့ တိုင်းရင်းသားပ်တီတွေပဲ အဓိက ပြိုင်ကြပါမယ်။ အစိုးရဖွဲ့မဲ့ လွှတ်တော်ကိုယ်စားလှယ်ပေါင်း အမတ် ၆၄၅ နေရာမှာ စစ်တပ် ၂၅% (၁၆၆ဦး) ယူထားပြီးတဲ့အတွက် ကျန်တဲ့ အမတ်နေရာ ၄၇၅ဦး (ပြည်သူ့လွှတ်တော် ၃၁၅ဦး အမျိုးသားလွှတ်တော် ၁၆၄ဦး) အတွက်ပဲ နိုင်ငံရေးပါတီတွေ ပြိုင်ရမယ်ဖြစ်ပါတယ်။

 

မြန်မာပြည်မှာ ကမ္ဘာအထိ သြဇာကြီးမားလှပြီး မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီပဲ ရွေးကောက်ပွဲအနိုင်ရမယ် သုံးသပ်ကြပေမဲ့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအကြီးကဲ မဖြစ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေက တားမြစ်ထားပါတယ်။ အနိုင်ရပါတီ အစိုးရဖွဲ့ခွင့်မရအောင်လည်း စစ်ဗိုလ်များကို အမြင့်ဆုံးအာဏာပိုင်အဖွဲ့ ကာ/လုံ ၁၁ဦးမှာ စစ်ဗိုလ် ၆ဦး နေရာပေးထားပြီး ရှုပ်ထွေးစွာဥပဒေပြုထားပါတယ်။ ဒါပေမဲ့ အတိုက်ခံပါတီ NLD နဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကတော့ တောင်ပြိုကမ်းပြို အနိုင်ရရှိဖို့ ပထမဦးစားပေးလုပ်ငန်းဖြစ်ပြီး၊  ရွေးကောက်ခံ အမတ်များနဲ့ လွှတ်တော်ဖွဲ့စည်းရင်တော့ အင်အားကြီးအဖွဲ့ပါတီများဖြစ်တဲ့ စစ်တပ် ၂၅%၊ USDP ကြံခိုင်ရေးပါတီ၊ တိုင်းရင်းသားပါတီများနဲ့ ညှိနှိုင်းဖို့က ဒုတိယလုပ်ငန်းဖြစ်ပါတယ် လုံ သုံးသပ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts